နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေကို လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

နိုဝင်ဘာလ (၂၆)ရက်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းချခံရသူတွေ၊ ကြားနာဆဲသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်တပ်က မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းခွင့်ပေးတာလို့ ဆိုပါတယ်။

အဲ့ဒီသူတွေကို စစ်တပ်က နောက်တကြိမ် ပြစ်မှုထပ်ကျူးလွန်ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပေးတာလို့ ဖော်ပြထားပါတယ်။

“ဆန္ဒမဲပေးနိုင်ဖို့အတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားတဲ့သူတွေ၊ အဲ့ဒီ ၅၀၅(က)နဲ့ ထွက်ပြေးတိမ်းရှောင်နေပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂နဲ့ တရားစွဲဆိုခံထားရသူတွေကို ကြားနာနေဆဲ အမှုတွေကို ပိတ်သိမ်းပြီး အမှုကနေ လွှတ်ဖို့အတွက် အမိန့်ထုတ်ပြန်တာ”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ဒီလို စစ်တပ်ရဲ့ လွတ်ငြိမ်းခွင့်ဟာ ဖမ်းဆီးခံထားရသူ (၇၂၄)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်၊ (၂၃၆၁)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ ထွက်ပြေးတိမ်းရှောင်နေသူ (၅၅၈၀)ဦးကို အမှုပိတ်သိမ်းခွင့်ပြုခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

“ဒါက စစ်တပ်က ရွေးကောက်ပွဲနဲ့ အမေရိကန်က မြန်မာတွေကို ပြန်ဖို့ပြောဆိုတာတွေကို အကြောင်းပြပြီး သူတို့ ပုဒ်မတွေ တပ်ချင်သလိုတပ်ပြီး မတရားဖမ်းဆီးထားတဲ့သူတွေကို လွတ်ငြိမ်းခေါင်းစဉ်တပ်တာ၊ စစ်တပ်က အမေရိကန်က မြန်မာတွေကို ပြန်လာရင် ကြိုဆိုမယ်ဆိုပြီး ဒီလွတ်ငြိမ်းနဲ့ မက်လုံးပေးတဲ့သဘောပဲ။ သူတို့ဘယ်လိုပဲ မက်လုံးပေးပြီးခေါ်ခေါ် ဘယ်သူကမှ ယုံကြည်ပြီး ပြန်လာကြမှာမဟုတ်ဘူး”လို့ ရန်ကုန်နေပြည်သူတဦးက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရက မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့်(TPS)ကို ရုပ်သိမ်းခဲ့တဲ့အပေါ် အမိနိုင်ငံကို ပြန်လာနိုင်ပြီး ကြိုဆိုကာ ရွေးကောက်ပွဲမှာ မဲပေးဖို့ ဇော်မင်းထွန်းက မနေ့က ထုတ်ပြန်ပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို