နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွင့်လှစ်သွားမည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွင့်လှစ်သွားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။


မေလ (၁၆) ရက်နေ့ မနက် (၁၀) နာရီမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၉) ကြိမ်မြောက် အွန်လိုင်းအစိုးရအဖွဲ့ အစည်းဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) တည်ထောင်ရေးကိစ္စ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေး ဒေါက်တိုင်တစ်ခုဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာလုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေး ထီးရိပ် ဖြစ်ဖို့လည်း အထူးလိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ နွေဦးတော်လှန်ရေးဟာ Generation – Z လို့ ခေါ်တဲ့ လူငယ်မျိုးဆက်တွေရဲ့ ဘဝ ဖြတ်သန်းမှုထဲ အတူယှဉ်တွဲ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ ယခင်နဲ့ မတူတဲ့ တော်လှန်ရေး နည်းနာတွေ အမြောက်အမြား ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ အဲသည်လို သမားရိုးကျ မဟုတ်တဲ့ တော်လှန်ရေး နည်းနာတွေနဲ့အတူ၊ နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးသက်လုံကို ပါဝင်ဖြည့်ဆည်းကြမယ့် အုတ်မြစ်တွေလည်း အထူး လိုအပ်နေပါတယ်။

တော်လှန်ရေးသက်လုံကို ပါဝင်အားဖြည့် ထောက်ကူမယ့် အုတ်မြစ်တွေထဲမှာ ဒီနေ့ ဆွေးနွေးကြမယ့် နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရေးကိစ္စလည်း အထူးပြု ပါဝင်နေလိမ့်မယ်လို့ ယူဆပါတယ်။ နွေဦးတော်လှန်ရေးမှာ စိတ်ဓာတ်လည်း လိုသလို၊ ဘဏ္ဍာငွေ အင်အားလည်း လိုနေတာ အားလုံးအသိ ဖြစ်ပါတယ်။ လက်တွေ့ အောင်မြင်မှု ရလဒ်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဘဏ္ဍာရေးကိစ္စကို အထူးတလည် စဉ်းစားကြရပါလိမ့်မယ်။” လို့ ယာယီသမ္မတ ပြောကြားပါတယ်။


ဆက်လက်ပြီးတော့လည်း “နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေးဒေါက်တိုင်တစ်ခု ဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာ လုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေးထီးရိပ်ဖြစ်ဖို့လည်း အထူး လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ state assets တန်ပြန် လွှမ်းမိုးမယ့် မဟာဗျူဟာ စဉ်းစားချက်တွေ ပါသင့်တယ်လို့ ယူဆပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ဓနဥစ္စာ ပိုင်ဆိုင်ခွင့်တွေဟာ ကန့်သတ် ရိုက်ချိုးခံခဲ့ရပါတယ်။ တိုင်းပြည်အတွင်းမှာ မတည်ငြိမ်ရင် ၊ ပဋိပက္ခတွေ ဖြစ်ရင် လူထုဟာ အရင်ဆုံး ဆုံးရှုံး အနစ်နာခံကြရသူတွေဖြစ်ပါတယ်။ ဒါကို ငဲ့ကွက်ပြီးတော့ ကျွန်တော်တို့ ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေဟာ လူထုရဲ့ ဓနဥစ္စာ လုံခြုံမှုကို ကာကွယ်ပေးနိုင်တဲ့ အဝန်းအဝိုင်း တစ်ခုကို တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။

ဒါဟာ တော်လှန်ရေးအတွက် ကောင်းကျိုးဖြစ်သလို ၊ ပြည်သူ့အတွက်လည်း အကျိုးဖြစ်ထွန်းတဲ့ ဘက်မျှသော စနစ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ၂၀၂၃ နှစ်သစ်မှာ နိုင်ငံရေးအရ အားပေးစကားတွေ၊ စည်းရုံးရေး စကားတွေ ပြောခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်သူလူထု စိတ်အားတက်ကြွအောင် ခွန်အားပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကို ပြန်လည် အမှတ်ရပြီး ယခု ဒီနှစ်ကုန်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေးကြဖို့ ဇွဲလုံ့လ ဝီရိယအားစိုက် ထုတ်ကြပါလို့ ထပ်လောင်း နှိုးဆော်ချင်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားကာ အွန်လိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
Era’sEyes | Photo – NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုနဲ့ မူးမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 0 Views
စက်တင်ဘာလ (၁၁)ရက်။ စင်တင်ဘာလ (၈)ရက်နေ့က လယ်ဒိုမြို့နဲ့ မူးမြို့နယ်ထဲ စစ်ကောင်စီတပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ တန့်ဆည်မြို့မရဲစခန်းကနေ အလင်း၀င်လာတဲ့ ဒုတပ်ကြပ်ကို ကျပ် (၅၅)သိန်း ချီးမြှင့်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 0 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကောင်စီရဲ့ တန့်ဆည်မြို့မရဲစခန်းကနေ လက်နက်ခဲယမ်းတွေနဲ့ အလင်း၀င်လာတဲ့ ရဲဒုတပ်ကြပ်ကို NUG ကာကွယ်ရေး၀န်ကြီးက ကျပ် (၅၅)သိန်း ချီးမြှင့်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

လားရှိုးမြို့မှာ စစ်ကောင်စီမိုင်းနင်းမိပြီး အမှိုက်ကောက်သူတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 0 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၉)ရက်နေ့က လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ရင်း(၄၁)အနီးမှာ အမှိုက်ကောက်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိတာကြောင့် အမှိုက်ကောက်တဲ့ အမျိုးသားရဲ့
မြန်မာသတင်း

ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီက အိမ်ခြေ (၄၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကာကွယ်ရေးရဲဘော် (၃)ဦးကို သတ်ဖြတ်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 0 Views
စက်တင်ဘာလ (၁၁)ရက်။ ဩဂုတ်လ (၃၁)ရက်ကစပြီး ဒီကနေ့အထိ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာ (၁၃)ရွာရှိ အိမ်ခြေ (၄၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေဟာ ငကြိုင်း၊ အင်ကြင်းပင်၊ ပေါက်တော၊ စောကြီး၊
မြန်မာသတင်း

စစ်မှုထမ်းဖို့ ခေါ်ဆောင်လာချိန် အစောင့်တပ်သားနှစ်ဦးကို သတ်ဖြတ်ပြီး လူငယ် (၂၇)ဦး လွတ်မြောက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 0 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ခေါ်ဆောင်တာခံရတဲ့ လူငယ် (၂၇)ဦးဟာ စစ်ကောင်စီအစောင့်တပ်သား (၂)ဦးကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ KNU တပ်မဟာ (၄)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းကနေ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပြီး
မြန်မာသတင်း

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် (၁)သိန်းကျော်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 0 Views
စက်တင်ဘာလ (၁၁)ရက်။ အာဏာသိမ်း (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် (၁၀၁၄၆၃)လုံး ပျက်စီးခဲ့တယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုနှစ်ထဲ မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ်ပေါင်း (၂၁၀၀၀)ကျော်
မြန်မာသတင်း

တရုတ်က စစ်ကောင်စီကို ယွမ် (၅)သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 7 Views
စက်တင်ဘာလ (၁၁)ရက်။ တရုတ်က စစ်ကောင်စီကို ယွမ် (၅)သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေးခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးဖိုရမ်ကို စစ်ကောင်စီပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်
မြန်မာသတင်း

မြင်းခြံမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ နှစ်ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ထိခိုက်သူတွေရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 4 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တသ်ဘာလ (၉)ရက်နဲ့ (၁၀)ရက်တို့မှာ မြင်းခြံမြို့နယ်မြောက်ဘက်ရှိ Myingyan Black Tiger(MBT)ရဲ့ စစ်ကြောင်း (၁)နယ်မြေထဲ စစ်ကောင်စီတပ်တွေက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြင်းခြံမြို့မြောက်ဘက်ခြမ်းက MBT စစ်ကြောင်း