နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမှာ စစ်ကောင်စီက ပြည်သူအယောင်ဆောင်ကာ PDFစခန်းတွေကို စီးနင်းနေလို့ သတိပြုစရာအချက်တွေကို ပကဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူအယောင်ဆောင်ကာ ယာဥ်မျိုးစုံအသုံးပြုပြီး PDFစခန်းတွေကို စီးနင်းနေသောကြောင့် လမ်းပိုင်း၅ ခုမှာ သွားလာရာတွင် သတိပြုရမယ့်အချက်‌ တွေကို မုံရွာ(ပကဖ)အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။


မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြို့နယ်အတွင်းမှာ မော်တော်ကားမောင်းနှင်ခြင်းနှင့်ပတ်သတ်ပြီး အသိပေးကြေညာချက်တစ်ခုကို မနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


စစ်ကောင်စီတပ်ဟာ အိမ်စီးကားတွေ၊ ဖောကားတွေ ၁၂ဘီးကားတွေနဲ့ ပြည်သူအသွင်ယူကာ ပြည်သူတွေ ကို ဖမ်းဆီးခြင်းနှင့် တော်လှန်ရေး အင်အားစုစခန်းတွေကို ဝင်ရောက်စီးနင်းတာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။


ဒါ့ကြောင့် မုံရွာ-မန္တလေး လမ်းပိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်း(ကျောက္ကာလမ်း)၊ မုံရွာ-သာစည် လမ်းပိုင်း(သာစည်လမ်း)၊
မုံရွာ-ဘုတလင်-ရေဦး လမ်းပိုင်းနှင့် မုံရွာ-အမြင့်လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာပါက အိမ်စီးကားတွေ မှန်ချမောင်းနှင်ဖို့ သတိပေးထားပါတယ်။


ဒါ့အပြင် ကုန်တင်ကားအမျိုးအစားတွေဖြစ်တဲ့ ဖောကား၊ ၆ ဘီးကားနှင့် ၁၂ဘီးကားတွေအနေနဲ့လည်း မိုးမရွာဘဲ မိုးကာအုပ်မောင်းနှင်ခြင်း မပြုလုပ်ကြဖို့နဲ့ကုန်ပစ္စည်း မပါဘဲ ကားနောက်ပိတ်ပိတ်ပြီး မောင်းနှင်ခြင်း မပြုလုပ်ကြဖို့လည်း မုံရွာ(ပကဖ)အဖွဲ့က သတိပေးထားပါတယ်။


ပြည်သူများအနေနဲ့ လိုက်နာခြင်းဖြင့် တော်လှန်ရေးကို ကူညီပေးရန်နဲ့ လိုက်နာခြင်းမရှိ‌ပါက ထိရောက် စွာ အရေးယူသွားမှာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲကိစ္စရပ်တွေကိုလည်း တာဝန်ယူဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ မုံရွာ(ပကဖ) အဖွဲ့က ဆိုထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ၉/အညာမြေစစ်ဆင်ရေးအနေနဲ့ ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စဉ့်ကူးနဲ့ မတ္တရာအစပ်ရှိ ယက်ကန်းစင်ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 12 Views
ဆေးရုံကို မီးဖွားလာတဲ့ အမျိူသမီး (၁)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ ဇွန်လ (၂၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စဉ့်ကူးနဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 14 Views
ဇွန်လ (၂၃)ရက်။ မနေ့က ကော့ကရိတ်မြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်စခန်းကို (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O)တို့က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F)
မြန်မာသတင်း

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်တာကို လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 18 Views
ဇွန်လ (၂၃)ရက်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်တာကို ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ (၂၁)ရက်နေ့က ရန်ကုန်ရှိ ရွှေကသာကုမ္ပဏီဆိုလာပြားစက်ရုံကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် Incentive တွေ ပေးသွားဖို့နဲ့
မြန်မာသတင်း

ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာပေစတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 34 Views
တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ 2IC ဗိုလ်မှုးအပါအဝင် (၁၀)ဦးဒဏ်ရာရပြီး (၃၀)ကျော်သေဆုံးခဲ့ ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း လူငယ် (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 24 Views
ဇွန်လ (၂၁)ရက်။ ဒီကနေ့ စစ်ကောင်စီလက်အောက်ခံ ဘုတ်ခြံအခြေစိုက် ခလရ(၁၇)က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအလင်းဝင်လာသူတွေဟာ စစ်ကောင်စီရဲ့ တပ်ကြပ်ကြီး စာရေး (အကူ) (၁)ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးတို့ဖြစ်ပြီး
မြန်မာသတင်း

ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ သင်တန်းမှာ သင်တန်းသား (၂)ဦး သေဆုံးခဲ့တဲ့အပေါ် သင်တန်းဆရာကို အရေးယူထား

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 30 Views
ဇွန်လ (၂၁)ရက်။ ဗျူဟာ(၃၃)လက်အောက်ရှိ ဒေါနတပ်ရင်းစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံ/အထူးချေမှုန်းရေးသင်တန်း(၂)က သင်တန်းသား (၂)ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးခဲ့တဲ့ သင်တန်းသား (၂)ဦးဟာ ရဲဘော် ဒိုင်နိုနဲ့ ရဲဘော် ဘထက်တို့ဖြစ်ကာ
မြန်မာသတင်း

BPLA ရဲ့ စစ်သင်တန်းဆင်းပွဲကို NUG၊ TNLA နဲ့ AA တို့အပါအဝင် မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 20 Views
ဇွန်လ (၂၁)ရက်။ ဇွန်လ (၇)ရက်နေ့က တအာင်းပြည်တနေရာမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းဆင်းပွဲကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ TNLA အထွေထွေအတင်းရေးမှူး