ဂျာမန်ကလပ်ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြပြီး နာပိုလီအသင်းကို စီးရီးအေချန်ပီယံဆုဖလားရယူပေးခဲ့တဲ့ တောင်ကိုရီးယားနောက်ခံလူ ကင်မင်ဂျေးကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကင်မင်ဂျေးဟာ နာပိုလီအသင်းရဲ့ အဓိကခံစစ်ကျောက်ဆောင်အဖြစ် ခြေစွမ်းပြနိုင်ခဲ့လို့ နာပိုလီအသင်းဟာ ၃၃ နှစ်ကြာဝေးကွာနေခဲ့တဲ့ စီးရီးအေချန်ပီယံဆုဖလားကြီးကို ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသီလုံး စီးရီးအေပွဲစဉ် ၃၅ ပွဲပါဝင်ကစားခွင့်ရခဲ့တဲ့ ကင်မင်ဂျေးဟာ စီးရီးအေအကောင်းဆုံး နောက်ခံလူအဖြစ်လည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုပြီးနောက်မှာ ကင်မင်ဂျေးက “ဘိုင်ယန်မြူးနစ်ဆိုတာ ကစားသမားတိုင်း လာကစားချင်တဲ့အသင်းဖြစ်ပါတယ်။ ကျတော့်အတွက်ကတော့ စိန်ခေါ်မှုအသစ်တွေကို စတင်ရင်ဆိုင်ရတော့မှာပါ။ အသင်းနဲ့အတူ ကစားသမားဘ၀နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်”လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
ကင်မင်ဂျေးရဲ့ ပြောင်းရွှေ့ကြေးကို နာပိုလီနဲ့ဘိုင်ယန်မြူးနစ် နှစ်သင်းစလုံး ထုတ်ပြန်ကြေညာခြင်းမရှိပေမယ့် မီဒီယာတွေကတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၃ သန်း ပေးချေခဲ့ရဖွယ်ရှိတယ်လို့ ဖော်ပြနေကြပါတယ်။
Era’sEye\SportNews