နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်

1027 Operations

1027 Operations ချင်းပြည်နယ်

ဟားခါးမြို့နယ် ဘုံဇုံးစခန်းသိမ်းတိုက်ပွဲတွင် လက်နက် ၃၀ကျော်နဲ့ သုံ့ပန်း ၆ဦးဖမ်းမိ

ဒီဇင်ဘာ (၁၉) ရက်။

ချင်းပြည်နယ်-မကွေးတိုင်းအစပ်၊ ဟားခါးမြို့နယ်ထဲက ဘုံဇုံးစစ်ကောင်စီ တပ်စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်မျိုးစုံ ၃၀ကျော်နဲ့ စစ်သုံ့ပန်း (၆) ဦးကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဟားခါး-ဂန့်ဂေါ်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်အင်အား ၄၀ခန့် ရှိသော ဘုံဇုံးစစ်တပ်စခန်းကို ဒီဇင်ဘာလ (၁၈) ရက်နေ့ မနက်ပိုင်းမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-HAKHA၊ CDF-THANTLANG နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဖက်က (၈) ဦး သေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆) ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။

အခြားစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကတော့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

တိုက်ပွဲမဖြစ်ပွားခင် ဒီဇင်ဘာ (၁၇) ရက်နေ့ကတည်းက ဘုံဇုံးရွာသားအားလုံး ရှောင်တိမ်းနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့က ဘုံဇုံးရွာထဲကို တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ သိရှိရပါတယ်။

ချင်းပြည်နယ်ထဲမှာ အခြေချထားတဲ့ စစ်ကောင်စီစခန်းတွေကို ချင်းတော်လှန်ရေး ပူးပေါင်းအင်အားစုတွေက တစ်ခုချင်း တိုက်ခိုက်သိမ်းပိုက်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ CDF ပူးပေါင်းတပ်များအနေနဲ့ နိုဝင်ဘာလအတွင်း ဖလမ်းမြို့နယ်က ရိဒ်ခေါဒါရ်မြို့၊ မတူပီမြို့ နယ်က လိုင်လင်းပီမြို့နဲ့ ရေဇွာမြို့တွေကို သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ မြို့ပေါ်ရှိ တပ်စခန်းများနဲ့ အခြေချ တပ်ကုန်းစခန်းတချို့မှာသာ နေရာယူနိုင်တဲ့ အခြေအနေဖြစ်ပြီး ချင်းပြည်နယ်အတွင်း စစ်ကောင်စီ လှုပ်ရှားနိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့လိုသာ တိုက်နိုင်မယ်ဆိုရင် ချင်းပြည်နယ်က စစ်ကောင်စီစခန်းတွေကို တစ်ရက်အတွင်း သိမ်းနိုင်မှာဖြစ်တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

ဓာတ်ပုံ။ ချင်းဒေသခံသတင်းရင်းမြစ်/ချင်းဂျာနယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

တရက်ထဲ နောင်ချိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအပါအဝင် လက်နက်ကြီး စုစုပေါင်း (၁၀၀)နီးပါး တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 37 Views
ဇွန်လ (၂၆)ရက်။ မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး
1027 Operations

တအာင်းပြည်မှာ DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်တဲ့အခမ်းအနား ပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 36 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၁)ရက်နေ့က တအာင်းပြည်တနေရာမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1027 Operations

မိုးမိတ်မြို့မှာ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 40 Views
ဇွန်လ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA က စစ်ကြောင်းထွက်ကင်းလှည့်နေတဲ့အချိန်
1027 Operations

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 30 Views
ဇွန်လ (၂၁)ရက်။ နောင်ချိုမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်ချိုမြို့ရှိ လက်ပံကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 97 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါး စတဲ့ ကျေးရွာတွေဟာ အခုအခါ စစ်ကောင်စီတပ်နဲ့ TNLA
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 98 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 102 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်