နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

AA တပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ကျပ်ငွေ ၅၁ ဒသမ ၈၇ ဘီလီယံ တန်ဖိုးရှိတဲ့အိုက်စ် (မက်သ်အဖက်တမင်း) နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၈၀၀) ကီလိုနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိပြီး အဲ့ဒီအထဲမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ စစ်ကောင်စီပိုင်သတင်းဌာနတွေမှာ ဒီနေ့ ဒီဇင်ဘာလ (၁၉) ရက်မှာ ဖော်ပြလာပါတယ်။

စစ်ကောင်စီရဲ့ အဆိုအရ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးမှာ ရန်နိုင်စိုး (ခ) ရန်နိုင် မောင်းနှင်လာတဲ့ တိုယိုတာ ALPHARD မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာမှာ ကားပေါ်မှာ အိုက်စ် (မက်သ် အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ (၄) ရက်နေ့မှာ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ (၁) ရပ်ကွက်၊ ပုလဲလမ်းမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) အဖွဲ့က ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း (ခ) နောနော်နဲ့ ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့ကို မော်တော်ယာဉ် ၁ စီး၊ ရွှေပြည်သာ (၁) ရပ်ကွက်ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်မှာ ရက္ခိုင့်တပ်တော် (AA) က ဗိုလ်အဆင့်ရှိ ထွန်းလင်း (ခ) ပြုံးချိုတို့ကို အိုက်စ် (၈၆၅) ကီလိုနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြဌာပါတယ်။

အဲ့ဒီနောက် ဇော်မင်းထွေး (ခ) သန်းဝင်းနဲ့ မသင်းမြတ်ဆွေ (ခ) ရင်ရင်လှတို့ကို အောင်မင်္ဂလာ အဝေးပြေး ကားဝင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်မြို့မှာ လက်ခံရယူပြီး ပြည်ပကို ရေကြောင်းနဲ့ သယ်ဆောင်ရန် စီမံခန့်ခွဲသူ သားကြီး (ခ) ဦးလှဝင်းကို တောင်ငူမြို့ရှိ ဟိုတယ်တစ်ခုမှာ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်းမှာ စိုးပိုင် (ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်းနဲ့ တပ်သားဦးထွန်းနုတို့ (၆) ဦးတို့ကို ပြည်ပသို့ ပင်လယ်ရေကြောင်းကတဆင့် မူးယစ်ဆေးဝါးများသယ်ဆောင်တဲ့ တနင်္သာရီ (၁) ကုန်တင်သင်္ဘောတစ်စီးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီမူးယစ်ဆေးဝါးတွေနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေကို AA အဖွဲ့က ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး (ခ) ဝေသာထွန်းရဲ့ ဦးစီးစီမံခန့်ခွဲမှုနဲ့ သယ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပြီး သူတို့အဖွဲ့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ဆက်လက်စစ်ဆေးနေပြီး အမှုမှာ ဆက်စပ်ပါဝင်သူတွေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ ဆက်လက်ဆောင်ရွက်မယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ။

စစ်ကောင်စီထုတ်ပြန်ထားသော မူးယစ်မှောင်ခိုဂိုဏ်းနှင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 46 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 17 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 25 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ