နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

AA တပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ကျပ်ငွေ ၅၁ ဒသမ ၈၇ ဘီလီယံ တန်ဖိုးရှိတဲ့အိုက်စ် (မက်သ်အဖက်တမင်း) နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၈၀၀) ကီလိုနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိပြီး အဲ့ဒီအထဲမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ စစ်ကောင်စီပိုင်သတင်းဌာနတွေမှာ ဒီနေ့ ဒီဇင်ဘာလ (၁၉) ရက်မှာ ဖော်ပြလာပါတယ်။

စစ်ကောင်စီရဲ့ အဆိုအရ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးမှာ ရန်နိုင်စိုး (ခ) ရန်နိုင် မောင်းနှင်လာတဲ့ တိုယိုတာ ALPHARD မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာမှာ ကားပေါ်မှာ အိုက်စ် (မက်သ် အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ (၄) ရက်နေ့မှာ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ (၁) ရပ်ကွက်၊ ပုလဲလမ်းမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) အဖွဲ့က ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း (ခ) နောနော်နဲ့ ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့ကို မော်တော်ယာဉ် ၁ စီး၊ ရွှေပြည်သာ (၁) ရပ်ကွက်ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်မှာ ရက္ခိုင့်တပ်တော် (AA) က ဗိုလ်အဆင့်ရှိ ထွန်းလင်း (ခ) ပြုံးချိုတို့ကို အိုက်စ် (၈၆၅) ကီလိုနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြဌာပါတယ်။

အဲ့ဒီနောက် ဇော်မင်းထွေး (ခ) သန်းဝင်းနဲ့ မသင်းမြတ်ဆွေ (ခ) ရင်ရင်လှတို့ကို အောင်မင်္ဂလာ အဝေးပြေး ကားဝင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်မြို့မှာ လက်ခံရယူပြီး ပြည်ပကို ရေကြောင်းနဲ့ သယ်ဆောင်ရန် စီမံခန့်ခွဲသူ သားကြီး (ခ) ဦးလှဝင်းကို တောင်ငူမြို့ရှိ ဟိုတယ်တစ်ခုမှာ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်းမှာ စိုးပိုင် (ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်းနဲ့ တပ်သားဦးထွန်းနုတို့ (၆) ဦးတို့ကို ပြည်ပသို့ ပင်လယ်ရေကြောင်းကတဆင့် မူးယစ်ဆေးဝါးများသယ်ဆောင်တဲ့ တနင်္သာရီ (၁) ကုန်တင်သင်္ဘောတစ်စီးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီမူးယစ်ဆေးဝါးတွေနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေကို AA အဖွဲ့က ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး (ခ) ဝေသာထွန်းရဲ့ ဦးစီးစီမံခန့်ခွဲမှုနဲ့ သယ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပြီး သူတို့အဖွဲ့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ဆက်လက်စစ်ဆေးနေပြီး အမှုမှာ ဆက်စပ်ပါဝင်သူတွေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ ဆက်လက်ဆောင်ရွက်မယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ။

စစ်ကောင်စီထုတ်ပြန်ထားသော မူးယစ်မှောင်ခိုဂိုဏ်းနှင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပတ်ထဲ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 9 Views
ဇွန်လ (၁၇)ရက်။ ပြီးခဲ့တဲ့ တပတ်တာကာလထဲ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ကိုဗစ်(၁၉) အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က
မြန်မာသတင်း

CDM ဥပဒေပါ ပြဋ္ဌာန်းချက်တွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေပြီး ကန့်ကွက်တယ်လို့ DDMSC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 11 Views
ဇွန်လ (၁၇)ရက်။ CRPH ထုတ်ပြန်တဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ-ထားဝယ်(DDMSC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့်မွေးနေ့အတွက် ‌ကိတ်မုန့်ပေးပို့ထား

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 7 Views
ဇွန်လ (၁၇)ရက်။ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ အသက် (၈၀)နှစ်ပြည့် မွေးနေ့ကိတ်မုန့်ကို ထောင်အာဏာပိုင်တွေဆီ ပေးပို့ထားတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)နှစ်ပြည့် မွေးနေ့‌အတွက် သူမရဲ့ရုပ်ပုံပါ ကိတ်မုန့်ကို ရှေ့နေအဖွဲ့နဲ့ မိတ်ဆွေတွေက
မြန်မာသတင်း

နာမည်ကျော် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ MI6 အတွက် အမျိုးသမီးတစ်ဦးကို ပထမဦးဆုံး အကြီးကဲအဖြစ် ခန့်အပ်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 14 Views
ဇွန်လ (၁၇) ရက်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စာတာမာ (Keir Starmer) သည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ထောက်လှမ်းရေးအေဂျင်စီ MI6 ကို ဦးဆောင်ရန် အမျိုးသမီးတစ်ဦးကို ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုဆောင်းဦးရာသီတွင် အကြီးအကဲအဖြစ်
ဂျပန် နိုင်ငံတကာသတင်း မြန်မာသတင်း

ဂျပန်ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရသော ဒေသများသို့ ချက်ချင်းနေနိုင်သော လုံးချင်းအိမ်များ လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 26 Views
ဇွန်လ (၁၇) ရက်။ ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Lifull ArchiTech Co.,Ltd သည် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် လူသေဆုံးမှုများနှင့် ဆိုးရွားစွာ
မြန်မာသတင်း

အိုးဘိုထောင်မှာ ကိုဝေမိုးနိုင်အပါအဝင် နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရသေး

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 24 Views
ဇွန်လ (၁၆)ရက်။ အိုးဘိုထောင်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတာမှာ ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၁၁)ရက်နေ့က မုံရွာထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သံခြေကျဉ်းတွေခတ်ပြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 22 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၄)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတဲ့အခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား အမျိုးသမီး (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 13 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၄)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ကျိုက်ထိုမြို့ ဇီးကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးကုန်းရွာကို စစ်ကောင်စီရဲ့ အမှတ်(၄၄)