နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကချင်ပြည်နယ် ချီဖွေဘက်မှာ စစ်ရေးတင်းမာနေပြီး စစ်ဘေးရှောင်ဒေသခံများ အရေးပေါ်ဆေးဝါးလိုအပ်နေ

ကချင်ပြည်နယ်၊ ချီဖွေမြို့ဘက်မှာ စစ်ရေးတင်းမာနေပြီး စစ်ဘေးရှောင်ဒေသခံ ထောင်ဂဏန်းကျော် အရေးပေါ်ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး နမ်ဆန်ယန်ဘက်မှာ စစ်ကောင်စီတပ်ဘက်က စစ်အင်အားတိုးချဲ့တာတွေကြောင့် အနီးရှိကျေးရွာများက စစ်ရှောင်ဒေသခံ ၂၀၀၀ခန့်ရှိပြီး စစ်ရေးတင်းမာနေတာပါ။

“အခု ဝိုင်းမော် နမ့်ဆန်ယန်ဘက်မှာ စစ်အင်အားတိုးလို့ အဲ့ဒီဘက်မှာ စစ်ရှောင်ကတော့ ၂၀၀၀လောက်တော့ရှိတယ်။ စစ်ရှောင်တွေကော KIA ထိန်းချုပ်နယ်မြေမှာကောက ဆေးဝါးလိုအပ်ချက်ရှိတယ်ပေါ့။ စစ်ရှောင်တွေမှာလည်း ဆေးဝါးပြတ်နေလို့ ဝမ်းပျက်ဝမ်းလျှောဆို ဆေးကမရှိဖြစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ချီဖွေဘက်ရှိ စစ်ဘေးရှောင်ဒေသခံများအနေနဲ့ သွားရေးလာရေး ခက်ခဲတာတွေကြောင့် စားနပ်ရိက္ခာလိုအပ်ချက်များလည်းရှိနေကာ ယခုအခါ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

“စစ်က ဖြစ်ဖို့တော့နီးနေပြီ၊ ဝိုင်းမော်ကော ချီဖွေကောက ကားချင်းလည်းဆက် မြို့ချင်းဆက်နေတာဆိုတော့ ဝိုင်းမော်ဖြစ်ရင် ချီဖွေက ကယ်လို့မရတော့ဘူး။ အခုစစ်မဖြစ်ခင်မှာ လောလောဆယ် ရိက္ခာတွေ လိုအပ်နေတာ။ တိုက်ပွဲဖြစ်ရင်တော့ သွားလို့လာလို့ မရတော့ဘူး”လို့ ၎င်းက ထပ်မံပြောပါတယ်။

ဝိုင်းမော်မြို့ နမ့်ဆန်ယန်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကလေးစစ်သားများလည်း အသုံးပြုတာတွေရှိပြီး ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်သား ၅ဦးကို KIA တပ်က ဖမ်းဆီးရမိခဲ့ကာ ထို ၅ဦးအနက် ကလေးစစ်သား ၂ဦးပါဝင်ပြီး ပြန်လည်လွှတ်ပေးခဲ့ခြင်းများရှိတယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး
မြန်မာသတင်း

PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အခမ်းအနားကို CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
MOD အနေနဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ ဆက်လက်ကြိုးစားဖို့ တိုက်တွန်း မေလ (၅)ရက်။ ဒီကနေ့ မေလ (၅)ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်အခမ်းအနားကို CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့
မြန်မာသတင်း

ပဲခူးတိုင်းစစ်ဌာနနယ်မြေကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 24 Views
မေလ (၅)ရက်။ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 31 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ တောင်သာနယ်ထဲမှာ PDF တွေ ပါလာတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးတာကတော့ ရဲဘော်
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊