နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကချင်ပြည်နယ် ချီဖွေဘက်မှာ စစ်ရေးတင်းမာနေပြီး စစ်ဘေးရှောင်ဒေသခံများ အရေးပေါ်ဆေးဝါးလိုအပ်နေ

ကချင်ပြည်နယ်၊ ချီဖွေမြို့ဘက်မှာ စစ်ရေးတင်းမာနေပြီး စစ်ဘေးရှောင်ဒေသခံ ထောင်ဂဏန်းကျော် အရေးပေါ်ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး နမ်ဆန်ယန်ဘက်မှာ စစ်ကောင်စီတပ်ဘက်က စစ်အင်အားတိုးချဲ့တာတွေကြောင့် အနီးရှိကျေးရွာများက စစ်ရှောင်ဒေသခံ ၂၀၀၀ခန့်ရှိပြီး စစ်ရေးတင်းမာနေတာပါ။

“အခု ဝိုင်းမော် နမ့်ဆန်ယန်ဘက်မှာ စစ်အင်အားတိုးလို့ အဲ့ဒီဘက်မှာ စစ်ရှောင်ကတော့ ၂၀၀၀လောက်တော့ရှိတယ်။ စစ်ရှောင်တွေကော KIA ထိန်းချုပ်နယ်မြေမှာကောက ဆေးဝါးလိုအပ်ချက်ရှိတယ်ပေါ့။ စစ်ရှောင်တွေမှာလည်း ဆေးဝါးပြတ်နေလို့ ဝမ်းပျက်ဝမ်းလျှောဆို ဆေးကမရှိဖြစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ချီဖွေဘက်ရှိ စစ်ဘေးရှောင်ဒေသခံများအနေနဲ့ သွားရေးလာရေး ခက်ခဲတာတွေကြောင့် စားနပ်ရိက္ခာလိုအပ်ချက်များလည်းရှိနေကာ ယခုအခါ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

“စစ်က ဖြစ်ဖို့တော့နီးနေပြီ၊ ဝိုင်းမော်ကော ချီဖွေကောက ကားချင်းလည်းဆက် မြို့ချင်းဆက်နေတာဆိုတော့ ဝိုင်းမော်ဖြစ်ရင် ချီဖွေက ကယ်လို့မရတော့ဘူး။ အခုစစ်မဖြစ်ခင်မှာ လောလောဆယ် ရိက္ခာတွေ လိုအပ်နေတာ။ တိုက်ပွဲဖြစ်ရင်တော့ သွားလို့လာလို့ မရတော့ဘူး”လို့ ၎င်းက ထပ်မံပြောပါတယ်။

ဝိုင်းမော်မြို့ နမ့်ဆန်ယန်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကလေးစစ်သားများလည်း အသုံးပြုတာတွေရှိပြီး ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်သား ၅ဦးကို KIA တပ်က ဖမ်းဆီးရမိခဲ့ကာ ထို ၅ဦးအနက် ကလေးစစ်သား ၂ဦးပါဝင်ပြီး ပြန်လည်လွှတ်ပေးခဲ့ခြင်းများရှိတယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ လုပ်ရပ်ကို NUG အပြင်းအထန်ရှုံ့ချ

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 5 Views
(၂)နှစ်တာထဲ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကလေးငယ် (၃၇၀)ကျော်သေဆုံးခဲ့ မတ်လ (၁၇)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဈေးနဲ့ သာသနိက အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်တဲ့
မြန်မာသတင်း

ရေစကြိုမြို့ မြေတော်ရွာကို စစ်ကောင်စီတပ်က (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ကျေးရွာထဲ ခေါင်းဖြတ်မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 21 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၄)ရင်နေ့နဲ့ (၁၅)ရက်တို့မှာ ရေစကြိုမြို့နယ်ရှိ မြေတော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ Yesagyo Township
မြန်မာသတင်း

ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလိုက်သိမ်း

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 14 Views
မတ်လ (၁၇)ရက်။ ရန်ကုန်-မန္တလေးအမြန်လမ်း (၃၉)မိုင်ရှိ ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လိုက်လံသိမ်းဆည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ညပိုင်း စကစထွေ/အုပ်ပါတဲ့ အဖွဲ့တွေက (၃၉)မိုင်က ရွှေပလ္လင်ဆိုင်ကို
မြန်မာသတင်း

ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမယ်လို့ စစ်ခေါင်းဆောင် ထပ်ပြော

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 12 Views
မတ်လ (၁၇)ရက်။ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်တဲ့အခမ်းအနားမှာ ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အားလုံးသိတဲ့အတိုင်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်တာတွေကို စီစဉ်နေပါပြီ။ ရွေးကောက်ပွဲကို
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီလေကြောင်းကြောင့် (၉)ဦးသေဆုံးပြီး (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 15 Views
မတ်လ (၁၇)ရက်။ မနေ့က ညနေ (၅)နာရီခွဲအချိန် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၉)ဦးသေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက
မြန်မာသတင်း

စစ်ဆင်ရေးအရှိန်မြင့်လာတာကြောင့် ပဲခူးရိုးမထဲ သွားလာခွင့်တားမြစ်

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 17 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအရှိန် မြင့်တက်လာတာကြောင့် ပဲခူးရိုးမထဲ သွားလာတာတွေကို တားမြစ်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဲခူးရိုးမထဲရှိ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေထဲ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေရှိပြီး စစ်ဆင်ရေးအရှိန် မြင့်တက်လာတာကြောင့် သွားလာခွင့် တားမြစ်တာလို့
မြန်မာသတင်း အမေရိကန်

အမေရိကန်အသံ Voice of America သည် Associated Press၊ Reuters နှင့် Agence France Presse (AFP) တို့နှင့် စာချုပ်များကို အဆုံးသတ်လိုက်သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
The Voice of America ကို လည်ပတ်သည့် အစိုးရအေဂျင်စီသည် အေပီသတင်းဌာန၊ ရိုက်တာ၊ AFPတို့နှင့် စာချုပ်များကို ရပ်စဲလိုက်ပြီး သတင်းပေးပို့ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ရပ်တန့်ရန် ၎င်း၏ သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားခဲ့သည်။
မြန်မာသတင်း

ဖားအံမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ မတ်လ (၁၁)ရက်နေ့က ဖားအံမြို့နယ်ထဲရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ကမမောင်းတပ်စခန်းကနေ (၁၂၀)မမ လက်နက်ကြီး (၃)လုံးနဲ့