နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချပံ့ပိုးတာ မပြုလုပ်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

အပြစ်မဲ့ပြည်သူများ အသက်မဆုံးရှုံးစေဖို့အတွက် မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချပံ့ပိုးတာ မပြုလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ (၁၉)ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ “ အဖျက်စွမ်းအားပြင်း လက်နက်များ” ခေါင်းစဉ်နဲ့ဆွေးနွေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

ရက်စက်ယုတ်မာတဲ့ စစ်တပ်အနေနဲ့ လက်နက်ပစ္စည်းနဲ့ ဆက်စပ်နည်းပညာတွေ ရရှိဖို့ ကြိုးပမ်းနေကာ နိုင်ငံတကာအသိုက်အဝန်းက စစ်တပ်ရဲ့ လှုပ်ရှားမှုခြေလှမ်းတွေကို သေချာစောင့်ကြည့်ဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။

အခုအချိန်မှာ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာသတ်ဖြတ်တာတွေအရ စစ်တပ်ဟာ ပြည်သူတွေအပေါ် ဘယ်လိုခြိမ်းခြောက်တာမျိုးကိုမဆို အပြည့်အဝပြုလုပ်ကျူးလွန်တယ်ဆိုတာ နိုင်ငံတကာအနေနဲ့ သိရှိလက်ခံဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

(၁၉၈၀)ခုနှစ်က ပဲခူးတိုင်း၊ ထုံးဘိုအနီး စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဓါတုလက်နက်ထုတ်လုပ်တဲ့စက်ရုံမှာ ဆာလဖာဓါတုအဆိပ်တွေ ထုတ်လုပ်ခဲ့တာကို အရပ်သားအစိုးရအနေနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ သိရှိခဲ့ပြီး ဖြေရှင်းဖို့ကြိုးစားပေမယ့် စစ်တပ်ရဲ့ အာဏာသိမ်းဖြစ်စဉ်ကြောင့် ကြိုးပမ်းမှုအရာမထင်ခဲ့ဘူးလို့လည်း အထက်ပါပုဂ္ဂိုလ်ရဲ့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၆)ရက်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားလို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်တပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ပြုလုပ်တဲ့ (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ (၆၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ပတ်သက်ပြီး အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) အဖြစ် တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအပေါ်သဘောထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 33 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဒီဇင်ဘာလ ၁၅ရက်နေ့ကြေငြာချက်ဖြင့် ‌ပြည်သူအများက မျှော်လင့်နေကြသော တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့က တော်လှန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် မိမိတို့၏အတ္တမာနများထက် တိုင်းပြည်ကို
မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားနိုင်ငံ NUG
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ်
မြန်မာသတင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို NUG ပြန်လည်ခန့်အပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 29 Views
ဒီဇင်ဘာလ (၁၅)ရက်။ NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦး‌မိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမိုးဇော်ဦးဟာ NUG
မြန်မာသတင်း

အပြင်းထန်ဆုံး စစ်ရာဇဝတ်မှုအနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့တဲ့ စစ်ခေါင်းဆောင်က ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီးပြောပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 28 Views
ဒီဇင်ဘာလ (၁၅)ရက်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ မတည်ရန်ပုံငွေကနေ ထောက်ပံ့ငွေကျပ်