နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

MOD အောက်က တပ်ရင်း၊ တပ်ဖွဲ့တွေက ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေကို စစ်ကိုင်းတိုင်းထဲ သွားလာလှုပ်ရှားမှုကို ပိတ်ပင်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်၊ ခေတ်မျတ်လုံး။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေက စစ်ကိုင်းတိုင်းထဲ သွားလာလှုပ်ရှားတာကို တားဆီးပိတ်ပင်တဲ့အပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့ရက်စွဲနဲ့ စာပို့အသိပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၈)ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အရှေ့တောင်ခြမ်းရှိ ဇောင်ငြမ်းကုန်းရွာအနီးမှာ ကင်းဂိတ်ချထားတဲ့ ရွှေဘိုမြို့နယ် တပ်ရင်း(၅)က PLA ရဲဘော်တွေကို အကြောင်းတစုံတရာမရှိဘဲ ဖြတ်သန်းသွာလာခွင့် မပေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

PLA ရဲဘော်တွေဟာ ရွာသစ်ကုန်းရွာအနီးက အထိုင်စခန်းကို ပြန်တဲ့ခရီးလမ်း မုဆိုးခြုံရွာမှာ သတင်းပို့ဖြတ်သန်းပေမယ့် တားဆီးခံရပြီး တပ်ရင်း (၅)က ရှေ့ဆက်သွားရင် စစ်ရေးသဘော တုံ့ပြန်မယ့်အခြေအနေမျိုး ဖန်တီးခဲ့တယ်လို့ ရေးသားထားပါတယ်။

တပ်ရင်း(၅)ရဲ့ တပ်ရင်းမှူး ABC ကို ဖုန်းဆက်ပြောဆိုခဲ့ပေမယ့် ၎င်းက “ ငါတို့ထိုင်ထားတဲ့နယ်မြေမှာ မင်းတို့သင်တန်းလုပ်တာလည်း ငါတို့ခွင့်မပြုဘူး။ ဖြတ်သန်းသွားလာခွင့်လည်း မပေးနိုင်ဘူး။ မဖြတ်နဲ့လို့ ငါပြောပြီးသား၊ မင်းတို့လည်း လုပ်စရာရှိတာလုပ်၊ ငါတို့လည်း လုပ်စရာရှိတာလုပ်မယ်” လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီလိုလုပ်ရပ်ဟာ MOD ညွှန်ကြားထားတဲ့ Code of Conduct တွေနဲ့ ကွဲလွဲဆန့်ကျင်နေပြီး တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာ ကျင့်ဝတ်မရှိတဲ့ အပြုအမူမျိုးဟာ NUG ရဲ့ PDF တပ်ရင်းတွေကိုယ်တိုင် ကျူးလွန်နေသလို အဖွဲ့ကြီးက အဖွဲ့ငယ်တွေအပေါ် အနိုင့်အထက်ပြုတဲ့ အခြေအနေဖြစ်တယ်လို့ PLA က ပြောဆိုထားပါတယ်။

PLA အနေနဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းဖို့နဲ့ အဖိနှိပ်ခံလူတန်းစား လွတ်မြောက်ဖို့အတွက် စည်းကမ်းတွေ၊ တော်လှန်ရေးကျင့်ဝတ်တွေနဲ့အညီ တိုက်ပွဲဝင်နေတာကြောင့် အခုလို တပ်ရင်း၊ တပ်ဖွဲ့တွေကို MOD က အလျှင်အမြန် စစ်ဆေးထိန်းကျောင်းဖို့ အကြံပြုပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 11 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 22 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 27 Views
မတ်လ (၁၁)ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ရန်သူလို လက်နက်ကြီးငယ်နဲ့ ခြိမ်းခြောက်ဖြေရှင်းတာတွေ တနေ့တခြား ပိုတွေ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဖြစ်သလို ဘုံရန်သူကို
မြန်မာသတင်း

ရွှေပေါက္ကံမှာ ရန်ဖြစ်တာကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး ကားတိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 20 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့ ည (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်မှာ ရန်ဖြစ်တဲ့အဖွဲ့ကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားတိုက်ခံရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဖြစ်တာက (၁၂)ဈေးနားမှာ၊ ရန်ဖြစ်တဲ့အဖွဲ့ကို ရခတွေက ဝင်ဖြေရှင်းပေးရင်း
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 29 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ (၃၀၀)ကျော်ကို အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲတွေနဲ့
မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 32 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မတ်လ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင်
မြန်မာသတင်း

PDF ထိန်းချုပ်ထားတဲ့ရွာကို သွားဖျော်ဖြေတာကြောင့်ဆိုပြီး အဆိုတော် လမင်းကဗျာကို စစ်တပ် ဖမ်းဆီး

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 20 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရန်ကုန် လှိုင်မြို့နယ်ရှိ နေအိမ်မှာ အဆိုတော် လမင်းကဗျာကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။ “ သူက PDF ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်ဘက်က ဝယ်တောင်ရွာကို သီချင်းသွားဖျော်ဖြေလို့ဆိုပြီး