နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

MOD အောက်က တပ်ရင်း၊ တပ်ဖွဲ့တွေက ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေကို စစ်ကိုင်းတိုင်းထဲ သွားလာလှုပ်ရှားမှုကို ပိတ်ပင်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်၊ ခေတ်မျတ်လုံး။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေက စစ်ကိုင်းတိုင်းထဲ သွားလာလှုပ်ရှားတာကို တားဆီးပိတ်ပင်တဲ့အပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့ရက်စွဲနဲ့ စာပို့အသိပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၈)ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အရှေ့တောင်ခြမ်းရှိ ဇောင်ငြမ်းကုန်းရွာအနီးမှာ ကင်းဂိတ်ချထားတဲ့ ရွှေဘိုမြို့နယ် တပ်ရင်း(၅)က PLA ရဲဘော်တွေကို အကြောင်းတစုံတရာမရှိဘဲ ဖြတ်သန်းသွာလာခွင့် မပေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

PLA ရဲဘော်တွေဟာ ရွာသစ်ကုန်းရွာအနီးက အထိုင်စခန်းကို ပြန်တဲ့ခရီးလမ်း မုဆိုးခြုံရွာမှာ သတင်းပို့ဖြတ်သန်းပေမယ့် တားဆီးခံရပြီး တပ်ရင်း (၅)က ရှေ့ဆက်သွားရင် စစ်ရေးသဘော တုံ့ပြန်မယ့်အခြေအနေမျိုး ဖန်တီးခဲ့တယ်လို့ ရေးသားထားပါတယ်။

တပ်ရင်း(၅)ရဲ့ တပ်ရင်းမှူး ABC ကို ဖုန်းဆက်ပြောဆိုခဲ့ပေမယ့် ၎င်းက “ ငါတို့ထိုင်ထားတဲ့နယ်မြေမှာ မင်းတို့သင်တန်းလုပ်တာလည်း ငါတို့ခွင့်မပြုဘူး။ ဖြတ်သန်းသွားလာခွင့်လည်း မပေးနိုင်ဘူး။ မဖြတ်နဲ့လို့ ငါပြောပြီးသား၊ မင်းတို့လည်း လုပ်စရာရှိတာလုပ်၊ ငါတို့လည်း လုပ်စရာရှိတာလုပ်မယ်” လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီလိုလုပ်ရပ်ဟာ MOD ညွှန်ကြားထားတဲ့ Code of Conduct တွေနဲ့ ကွဲလွဲဆန့်ကျင်နေပြီး တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာ ကျင့်ဝတ်မရှိတဲ့ အပြုအမူမျိုးဟာ NUG ရဲ့ PDF တပ်ရင်းတွေကိုယ်တိုင် ကျူးလွန်နေသလို အဖွဲ့ကြီးက အဖွဲ့ငယ်တွေအပေါ် အနိုင့်အထက်ပြုတဲ့ အခြေအနေဖြစ်တယ်လို့ PLA က ပြောဆိုထားပါတယ်။

PLA အနေနဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းဖို့နဲ့ အဖိနှိပ်ခံလူတန်းစား လွတ်မြောက်ဖို့အတွက် စည်းကမ်းတွေ၊ တော်လှန်ရေးကျင့်ဝတ်တွေနဲ့အညီ တိုက်ပွဲဝင်နေတာကြောင့် အခုလို တပ်ရင်း၊ တပ်ဖွဲ့တွေကို MOD က အလျှင်အမြန် စစ်ဆေးထိန်းကျောင်းဖို့ အကြံပြုပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ထဲ ဘာသာရေးခေါင်းဆောင် (၃)ဦးကို ထပ်မံခန့်အပ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 2 Views
စက်တင်ဘာလ (၈)ရက်။ စစ်ကောင်စီရဲ့ အမျိုးသားလူ့အခွင့်အရေးကော််မရှင်အဖွဲ့ထဲ ဘာသာရေးခေါင်းဆောင် (၃)ဦးကို ထပ်မံဖြည့်စွက်ခန့်အပ်လိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ ဘာသာရေးခေါင်းဆောင်
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံးရေ (၁၀၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 2 Views
စက်တင်ဘာလ (၈)ရက်။ နောင်ချိုမြို့နယ်ရှိ သဲခေါ်ရွာ၊ မကျီးရေရွာနဲ့ စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်းတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်၊ မော်တော်ယာဉ်တွေနဲ့ အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 4 Views
စက်တင်ဘာလ (၈)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၄)နာရီ (၃)မိနစ်နဲ့ (၄)နာရီ (၈)မိနစ်တို့မှာ
မြန်မာသတင်း

အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးပြီး လက်တွဲဆောင်ရွက်နေသူတွေကို အရေးယူသွားမယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 6 Views
စက်တင်ဘာလ (၈)ရက်။ လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးပြီး လက်တွဲဆောင်ရွက်နေသူတွေ ရပ်တန်းက ရပ်ဖို့နဲ့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ NUG ကျန်းမာရေး၀န်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်စွာ အရေးယူပေးဖို့ Karenni-IEC တောင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်တဲ့ အရေးယူတာတွေ ဆောင်ရွက်ပေးကြဖို့ ကုလနဲ့ အီးယူအပါအ၀င် အာဆီယံနိုင်ငံတွေကို Karenni-IEC က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် တမင်အကြံအရွယ်နဲ့ နည်းလမ်းပေါင်းစုံကနေ ကျူးလွန်နေတာကို
1027 Operations မြန်မာသတင်း

လားရှိုးမြို့ရှိ အရေးပေါ်နေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 5 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က ညနေပိုင်းကစပြီး လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေတဲ့ အများသူငှာနေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီဖြစ်တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ လျှပ်စစ်ဓါတ်အားပေးစက်တွေနဲ့ အဆောက်အဦးတွေကို သက်ဆိုင်ရာဌာနတွေက
မြန်မာသတင်း

မြိုင်မြို့ သရက်ကန်ရွာက ပျုစောထီးတွေ၊ ရဲတွေနဲ့ စစ်သားတွေ လက်နက်ချဖို့ သတိပေးထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 9 Views
စက်တင်ဘာလ (၇)ရက်။ မြို့မြိုနယ်တောင်ပိုင်း သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေ လက်နက်ချပူးပေါင်းဖို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ သရက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်မှာ တာ၀န်ထမ်းဆောင်ပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးနေတာကြောင့်
မြန်မာသတင်း

(၅)ရက်တာကာလထဲ ခင်ဦးမြို့က ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ (၅)ရက်တာကာလထဲ ခင်ဦးမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စက်တင်ဘာလ (၂)ရက်နေ့ကစပြီး ဒီကနေ့အထိ