နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

1027 Operations

1027 Operations

စစ်ကောင်စီထံက ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းကို ကိုးကန့်တပ် (MNDAA) က ဆေးကုသပေး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်၊ ခေတ်မျက်လုံး။

စစ်ကောင်စီထံက ဖမ်းမိခဲ့တဲ့ ဒဏ်ရာရစစ်သုံ့ပန်းကို ကိုးကန့်တပ် (MNDAA) က ဆေးကုသပေးခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” တစ်လျှောက် ကိုးကန့်တပ် (MNDAA) အနေနဲ့ ဂျနီဗာကွန်ဗင်းရှင်းရဲ့ စစ်သုံ့ပန်းမူဝါဒကို တစိုက်မတ်မတ် လိုက်နာပြီး ဒဏ်ရာရ စစ်သုံ့ပန်းကို ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်ရင်း (၂၉၃) က ရဲဘော် ဇာနည်လင်းရဲ့ ဝဲဘက်ခြေသလုံးဟာ ကျည်ထိမှန်ခဲ့ကာ ဖမ်းမိချိန်မှာ အနာပုတ်ပြီး ဖြတ်ရမယ့်အနေအထားကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဇာနည်လင်းကို နိုဝင်ဘာလ (၂)ရက်နေ့မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ကောင်းမွန်စွာ ကုသပေးခဲ့တာကြောင့် နိုဝင်ဘာလ (၁၉) ရက်နေ့မှာ ပြန်လည်သက်သာလာခဲ့တယ်လို့ MNDAA က ပြောပါတယ်။

ဒါ့ပြင် အခုရက်ပိုင်း တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ပိတ်မိနေတာတွေရှိခဲ့ပြီး MNDAA က ၎င်းတို့ကို ဘေးကင်းလုံခြုံတဲ့နေရာ ပို့ဆောင်ပေးခဲ့ကာ နိုဝင်ဘာလ (၁၉)ရက်နေ့အထိ လူဦးရေ (၃၀၅) ဦးကို လုံခြုံတဲ့နေရာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 3 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း
1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ TNLA ရဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲမှာ ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၈)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲထဲ အသက်ပေးလှူခဲ့ရတယ်လို့ TNLA
1027 Operations မြန်မာသတင်း

နမ့်ခိုင်းတံတားအနီး MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကွတ်ခိုင်နဲ့ မိုင်းယုလေးလမ်းခွဲကြား ဆက်သွယ်ထားတဲ့
1027 Operations မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ တရုတ်မှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းထွက်ပေါ်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၄)ရက်။ မနက်ဖြန် တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ စစ်ကောင်စီတို့ တွေ့ဆုံးဆွေးနွေးဖို့ရှိနေတယ်လို့ ဒီကနေ့မှာ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဒီဇင်ဘာ (၁၅)မှာ MNDAA နဲ့ စကစကိုယ်စားလှယ်တွေ ကူမင်းမှာတွေ့မယ်လို့ သတင်းတွေထွက်နေတာ။ စကစဘက်က
1027 Operations မြန်မာသတင်း

ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတင်လာတဲ့ကား မီးလောင်ပေါက်ကွဲပြီး (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 45 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီဇင်ဘာလ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ကွမ်းလုံ-သိန္နီကားလမ်းပေါ်ရှိ နားတီးဂိတ်မှား ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းတွေအရ သိရပါတယ်။ “ နားတီးဂိတ်နားမှာ လက်နက်တွေတင်လာတဲ့ ကိုးကန့်တပ်ရဲ့ကား ‌ပေါက်ကွဲတာ။ ပထမတစ်လုံးက
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့လက်နက်ကြီး သကြားစက်ရုံထဲ ကျရောက်ပြီး စက်ရုံဝန်ထမ်း (၃)ဦး ထိမှန်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 42 Views
ဒီဇင်ဘာလ (၁၀)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန် နောင်ချိုမြို့မှာ စစ်ကောင်စီကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဆမ္မဆယ်ရွာရှိ သကြားစက်ရုံဝန်းထဲ ကျရောက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သရက်ကုန်းတောင်ဘက်ကနေ စကစက လက်နက်ကြီး
1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့မှာ ရာဇဝတ်မှုကျူးလွန်သူ (၆)ဦးကို MNDAA က သေဒဏ်ချမှတ်ပြီး ချက်ခြင်းကွပ်မျက်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 43 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က လောက်ကိုင်မြို့မှာ ရာဇဝတ်မှုကျူးလွန်သူ (၆)ဦးကို ကိုးကန့်တပ်(MNDAA)က သေဒဏ်ချမှတ်ပြီး ချက်ခြင်းကွပ်မျက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အထူးဒေသ(၁) လောက်ကိုင်မြို့မှာ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်တာတို့နဲ့ သံသယရှိသူ (၁၄)ဦးကို ဥပဒေနဲ့အညီ
1027 Operations မြန်မာသတင်း

ပြည်သူတွေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ TNLA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 41 Views
ဒီဇင်ဘာလ (၅)ရက်။ ပြည်သူတွေရဲ့ လုံခြုံမှုမးနဲ့ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အမြဲကြိုးပမ်းနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ TNLA အနေနဲ့