၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်၊ ခေတ်မျက်လုံး။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် အခြေတည်လျက် တရုတ်နိုင်ငံသားတွေကို ဦးတည်ပြီး အွန်လိုင်း လိမ်လည်မှုတွေ ပြုလုပ်နေတဲ့လုပ်ငန်းတွေကို ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ သံသယရှိသူ စုစုပေါင်း ၃၁,၀၀၀ ဦးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့မှာ ကြေညာခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ။
ဝပြည်ကနေ ဖမ်းဆီးပြီး တရုတ်ကို ပြန်ပို့ခဲ့တဲ့ အွန်လိုင်း လိမ်လည်မှု သံသယရှိသူများ (ဆင်ဟွာ)