နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

ဥရောပ

ဥရောပ

ရုရှားသမ္မတ ဗလာဒီမာပူတင် ပါလီမန်သို့ နိုင်ငံတော် မိန့်ခွန်းခြွေ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏ပြည်တွင်းနှင့် နိုင်ငံခြားရေးဆိုင်ရာ အခြေခံမူဝါဒကို ဖေဖော်ဝါရီ (၂၁) ရက်နေ့က ပါလီမန်သို့ ၎င်း၏ နှစ်ပတ်လည် နိုင်ငံတော်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံများကို အကြိမ်ကြိမ် ဝေဖန်ခဲ့သည်။

မိန့်ခွန်းအစပိုင်းတွင် သမ္မတပူတင်က ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်၍ အခြားရွေးချယ်စရာမရှိဟု ထပ်လောင်း ပြောကြားခဲ့သည်။ အနောက်နိုင်ငံများက ရုရှားကို တိုက်ခိုက်ဖို့ ယူကရိန်းကို အခြေစိုက်စခန်းအဖြစ် အသုံးပြုဖို့ ပြင်ဆင်နေခြင်းကြောင့် ကာကွယ်ရန် ကြိုတင်တိုက်ခိုက်ဖို့ လိုအပ်သည်ဟု ၎င်းက ပြောပါသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်မှုကို စတင်ခဲ့စဉ် ပြောခဲ့သည့် သမ္မတပူတင်၏မိန့်ခွန်းတွင် အလားတူ အကြောင်းအရာကို ပြောခဲ့သည်။ ထိုနေ့ မိန့်ခွန်းတွင် ရုရှားသည် ငြိမ်းချမ်းစွာ ဖြေရှင်းရန် အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်း အနောက်နိုင်ငံများက ယူကရိန်းအရှေ့ပိုင်းရှိ “အကြမ်းဖက် လှုပ်ရှားမှု” ကို မျက်ကွယ်ပြုထားသည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းက နျူကလီးယားလက်နက် တောင်းဆိုသည်ဆိုသည့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီး “ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် ကြိုတင်တိုက်ခိုက်မှုဖြစ်တယ်” ဟု အလေးပေး ပြောဆိုခဲ့ပြီး “ အနောက်နိုင်ငံတွေက စစ်ပွဲကို စတင်ခဲ့တယ်။ အဲဒါကို ရပ်တန့်ဖို့ အင်အားသုံးခဲ့ပြီး၊ ဆက်ပြီး လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အနောက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးရန် ရုရှားက တောင်းဆိုထားသော်လည်း ကမ္ဘာတွင် “ခွဲခြားမရနိုင်သော လုံခြုံရေး” လိုအပ်နေသော်လည်း အနောက်နိုင်ငံဘက်က “အရေခြုံ” နှင့် “နားမလည်နိုင်သော” အဖြေများသာပေးခဲ့ပြီး NATO ကို ပို၍အင်အားချဲ့တွင်ခြင်းနှင့်သာ တုံ့ပြန်ခဲ့သည်ဟု ရှုတ်ချခဲ့သည်။

“ခက်ခဲတဲ့နေ့ရက်တွေက ဆက်နေတယ်” “ယူကရိန်း အရှေ့ပိုင်းမှာ သွေးထွက်သံယိုမှုတွေအတွက် အနောက်နိုင်ငံတွေက ပြင်ဆင်နေတယ်” ဟု ၎င်းက ပြောခဲ့ပြီး အနောက်နိုင်ငံတွေက ရုရှားကို ဗျူဟာကျကျ ဖြုတ်ချဖို့ ရည်မှန်းချက်ကို လျှို့ဝှက်ထားခြင်းမရှိဘူး” ဟု ပြောဆိုခဲ့သည်။၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက ယူကရိန်းပဋိပက္ခသည် ရုရှားနိုင်ငံပိုင်မြေယာများကို သိမ်းယူရန် ရည်ရွယ်သည့် “ ရုရှားဆန့်ကျင်ရေးစီမံကိန်း” အဖြစ် ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယားလက်နက်လျှော့ချရေး ကတိပြုထားသည့် “မဟာဗျူဟာမြောက် လက်နက် လျှော့ချရေးစာချုပ်သစ် (New START)” နှင့်ပတ်သက်၍ ၎င်းက အဆိုပါစာချုပ်ကို စွန့်လွှတ်မည် မဟုတ်သော်လည်း အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့သည်။

ယူကရိန်းအစိုးရအား ယူကရိန်းနိုင်ငံ၏အကျိုးစီးပွားထက် “ အနောက်နိုင်ငံသခင်များ” ၏ အကျိုးစီးပွားကို ကာကွယ်ခြင်းဖြင့် ၎င်း၏စက်မှုလုပ်ငန်းနှင့် စီးပွားရေးကို ဖျက်ဆီးခဲ့တယ်” ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

စစ်ပွဲအတွင်း ကျဆုံးသွားတဲ့ စစ်သားများကို ကျေးဇူးတင်ကြောင်း ပြသခဲ့ပြီး ကျန်ရစ်သူမိသားစုများနှင့် စစ်မှုထမ်းဟောင်းများကို ကူညီဖို့ အထူးရန်ပုံငွေတစ်ခု ထူထောင်မယ်ဟု သမ္မတပူတင်က သူ့မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

ထို့အပြင် လိင်တူလက်ထပ်ထိမ်းမြားခြင်းကို ကောင်းချီးပေးရန်အတွက် အနောက်နိုင်ငံများ၏ ဘာသာရေးဆရာများက တောင်းဆိုနေခြင်းအတွက် အနောက်တိုင်း၏ ရိုးရာစံတန်ဖိုးများကို ဝေဖန်ပြောဆိုခဲ့သည်။ နိုင်ငံတော်သည် လူတစ်ဦးတစ်ယောက်၏ဘဝကို စွက်ဖက်ခြင်း မပြုသင့်ဘဲ မိသားစုသည် “ ယောက်ျားနဲ့ မိန်းမတို့ ပေါင်းစည်းခြင်း” ဖြစ်သည်ဟု သမ္မတပူတင်က ဆိုသည်။

Source: CNN Japan

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 69 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း”
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 94 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 108 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 98 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 118 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 95 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ