နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တရားသူကြီးများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်ရာဇ၀တ်မှုများအတွက် ခုံရုံး၏ စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင်ရှိ တရားသူကြီးလေးဦး ပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဇွန်လ (၆) ရက်။

ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းတွင် အစ္စရေး၏ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး ခုံရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ICC တရားရုံးမှ တရားသူကြီးလေးဦးကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်နေပါသည်။

ဘီနင်၊ ပီရူး၊ စလိုဗေးနီးယားနှင့် ယူဂန်ဒါနိုင်ငံတို့မှ လာသော ICC တရားသူကြီးများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ လုပ်ရပ်သည် အစ္စရေးနှင့် အမေရိကန်တို့ အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော ICC နှင့် ၎င်း၏ အရာရှိများအား အပြစ်ပေး အရေးယူရန် အစိုးရအဖွဲ့က လုပ်ဆောင်သော နောက်ဆုံးခြေလှမ်း ဖြစ်သည်။

“ICC တရားသူကြီးများအနေဖြင့် ဤပုဂ္ဂိုလ်လေးဦးသည် အမေရိကန် သို့မဟုတ် ကျွန်ုပ်တို့၏ ရင်းနှီးသောမဟာမိတ် အစ္စရေးကို ပစ်မှတ်ထား၍ ICC ၏တရားမဝင်နှင့် အခြေအမြစ်မရှိသော လုပ်ရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်” ဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ICC ဟာ နိုင်ငံရေးအရ လွဲမှားတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေရဲ့ နိုင်ငံသားတွေကို စုံစမ်းစစ်ဆေးဖို့ စွဲချက်တင်ကာ တရားစွဲဆိုဖို့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို လွဲမှားစွာ လုပ်ဆောင်နေပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။ “ဒီအန္တရာယ်ရှိတဲ့ ပြောဆိုမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုက အစ္စရေးအပါအဝင် အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးကို ထိပါးစေပါတယ်။

ဖေဖော်ဝါရီလတွင်၊ ဟိတ်ဂ် (The Hague) အခြေစိုက်တရားရုံး၏ရှေ့နေချုပ် ကာရင်ခန်း(Karim Khan) သည် ဝါရှင်တန်၏ “အထူးသတ်မှတ်ထားသောနိုင်ငံသားများနှင့် ပိတ်ဆို့ခံထားရသူများ” စာရင်းတွင် ထည့်သွင်းခံခဲ့ရပြီး ၎င်းအား အမေရိကန်များနှင့် စီးပွားရေးလုပ်ကိုင်ခြင်းမှ တားမြစ်ခဲ့ပြီး အမေရိကန်နိုင်ငံတွင်းသို့ ခန်း( Khan) ဝင်ရောက်မှု အပေါ် ကန့်သတ်ချက်များထားရှိခဲ့သည်။ ပြီးခဲ့သည့်လတွင် ခန်းအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်ကြောင့် စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ခဲ့ပြီး မိမိအလုပ်မှ ခေတ္တအနားယူ ထားသည်။

အစိုးရမှ ကြေငြာပြီး မိနစ်ပိုင်းအတွင်း အိုင်စီစီတရားရုံးက ၎င်း၏ လုပ်ရပ်ကို ရှုတ်ချခဲ့သည်။ “ဒီအစီအမံတွေဟာ နိုင်ငံတကာ တရားရေးအဖွဲ့အစည်းရဲ့ လွတ်လပ်မှုကို ပျက်ပြားအောင် ကြိုးပမ်းမှုပါပဲ” ဟု ICC ပြောရေးဆိုခွင့်ရှိသူ ဖာဒီ အယ် အဗ္ဗဒါလာ (Fadi El Abdallah) က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပိတ်ဆို့အရေးယူမှုအသစ်တွင် အနောက်အာဖရိကနိုင်ငံ ဘီနင်း (Benin) မှ ICC တရားသူကြီး ရိမ်နီ အယ်လာပင်နီ ဂန်ဆိုဥ (Reine Alapini-Gansou) ကို ပစ်မှတ်ထားခဲ့သည်။ ပြီးခဲ့သည့် နှစ်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု ကို ဖမ်းဝရမ်းထုတ်ခဲ့သော တရားစီရင်မှုအကြို တရားသူကြီးများ၏ လုပ်ငန်းတစ်ပိုင်းဖြစ်သည်။ သူမသည် ၂၀၂၁ ခုနှစ်တွင် ပါလက်စတိုင်း နယ်မြေများရှိ အစ္စရေးရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ရန် ခွင့်ပြုချက်အပေါ်တွင် မူတည်ပြီး သူမ၏တာဝန်ကို ထမ်းဆောင်ခဲ့သည်။

အသက် ၆၉ နှစ်အရွယ်ရှိ သူမသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ၂၀၂၃ ခုနှစ်တွင် ဖမ်းဝရမ်းထုတ်ခဲ့သော တရားသူကြီးအဖွဲ့၏ အစိတ်အပိုင်းတစ်ခုအဖြစ်လည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သောနှစ်တွင် မော်စကိုရှိ တရားရုံးတစ်ရုံးက သူမအား ဖမ်းဝရမ်းထုတ်ခဲ့သည်။

စလိုဗေးနီးယားနိုင်ငံမှ ဘက်တီ ဟိုလာ (Beti Hohler) သည် ၂၀၂၃ ခုနှစ်တွင် တရားသူကြီးတစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ သူမသည် ယခင်က တရားရုံးရှိ အစိုးရတရားလိုရှေ့နေရုံးတွင် အလုပ်လုပ်ခဲ့ပြီး အစ္စရေးအရာရှိများပါ၀င်သည့် တရားစွဲမှုများတွင် သူမ ပါဝင်ခြင်းကို အစ္စရေးက ကန့်ကွက်ခဲ့သည်။ ဟိုလာသည် ၎င်း၏ အစိုးရရှေ့နေအဖြစ် ရှစ်နှစ်တာကာလအတွင်း ပါလက်စတိုင်းနယ်မြေ စုံစမ်းစစ်ဆေးရေးတွင် မည်သည့်အခါကမျှ ပါဝင်လုပ်ဆောင်ခဲ့ဖူးခြင်း မရှိကြောင်း ပြီးခဲ့သည့်နှစ် ကြေညာချက်တွင် ဖော်ပြထားသည်။

ပီရူးမှ လူ့ဇ် ဒဲလ်ကာမန် အီဘန်နက်ဇ် ကာရန်ဇာ (Luz del Carmen Ibáñez Carranza) နှင့် ယူဂန်ဒါ (Uganda) မှ ဆိုလိုမိုင် ဘလန်ဂီ ဘော့ဆာ (Solomy Balungi Bossa) တို့နှစ်ယောက်လုံး သည် ICC ၏ အယူခံတရားသူကြီးများ ဖြစ်သည်။ အမျိုးသမီးတစ်ဦးစီသည် အစ္စရေးနှင့် ပတ်သက်သည့် အမှုကိစ္စများ စစ်ဆေးလုပ်ဆောင်ခဲ့ကြသည်။

အမေရိကန်နှင့် အစ္စရေးနှစ်နိုင်ငံလုံးသည် ထိုတရားရုံးတရားဝင်မှုကို အသိအမှတ်ပြုထားသည့် နိုင်ငံများမဟုတ်သလို အဖွဲ့ဝင်ထားသူများလည်း မဟုတ်ကြပါ။

၂၀၂၃ခုနှစ် အောက်တိုဘာလတွင် အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုအပြီး ဂါဇာတွင် စစ်ရာဇ၀တ်မှုများကျူးလွန်တုံ့ပြန်မှုနှင့် ပတ်သက်၍ တရားရုံးက နေတန်ယာဟုအား ဖမ်းဝရမ်း ထုတ်ထားခြင်းကို အစ္စရေးက အဆိုပါစွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆိုထားသည်။

၎င်း၏ ပထမဆုံးသမ္မတသက်တမ်းအတွင်း ထရန့်သည် ICC အား ပိတ်ဆို့အရေးယူမှုများဖြင့် ပစ်မှတ်ထားခဲ့ပြီး အစ္စရေးအပေါ် စုံစမ်းစစ်ဆေးမှုများအပေါ် မကျေနပ်မှုများနှင့် အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများတွင်လည်း ပါဝင်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများကို သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

တရားရုံးတွင် အမေရိကန်သည် မိမိ နှင့် အစ္စရေး၏ အကျိုးစီးပွားကို ကာကွယ်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရိုဘီယို က ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့၏ အချုပ်အခြာအာဏာ၊ အစ္စရေးနှင့် အခြားအမေရိကန် မဟာမိတ်များကို ICC မှ တရား မ၀င်သော လုပ်ရပ်များမှ ကာကွယ်ရန် အမေရိကန်ပြည်ထောင်စုသည် လိုအပ်သည့် လုပ်ရပ်များကို လုပ်ဆောင်ရလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။

Human Rights Watch အဖွဲ့မှ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ဒါရိုက်တာ လစ်ဇ် အီဗန်ဆန် (Liz Evenson) က ထရန့် အစိုးရ၏ ပိတ်ဆို့အရေးယူမှုသည် အစ္စရေးနှင့် ပါလက်စတိုင်းတွင် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးများနှင့် ဂါဇာတွင် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများ တိုးမြင့်လာခြင်းကြောင့် ICC အား တာဝန်ခံမှုကို ရှာဖွေခြင်းမှ တားဆီးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

“အိုင်စီစီ တရားသူကြီးတွေကို အမေရိကန်က ဒဏ်ခတ်အရေးယူတာဟာ သမ္မတ ထရန့်က နိုင်ငံတွင်းမှာ ဖြတ်တောက်ဖို့ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ တရားဥပဒေစိုးမိုးရေးကို ထင်ရှားတဲ့ တိုက်ခိုက်မှုပါပဲ” ဟု အီဗန်ဆန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ပိတ်ဆို့အရေးယူမှုတွေဟာ အဆိုးရွားဆုံး ရာဇ၀တ်မှုတွေအတွက် တရားမျှတမှုကို ရှာဖွေနေသူတွေကို အပြစ်ပေးဖို့မဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ ရည်ရွယ်တာပါ” ဟု သူကဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက