နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တရားသူကြီးများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်ရာဇ၀တ်မှုများအတွက် ခုံရုံး၏ စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင်ရှိ တရားသူကြီးလေးဦး ပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဇွန်လ (၆) ရက်။

ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းတွင် အစ္စရေး၏ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး ခုံရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ICC တရားရုံးမှ တရားသူကြီးလေးဦးကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်နေပါသည်။

ဘီနင်၊ ပီရူး၊ စလိုဗေးနီးယားနှင့် ယူဂန်ဒါနိုင်ငံတို့မှ လာသော ICC တရားသူကြီးများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ လုပ်ရပ်သည် အစ္စရေးနှင့် အမေရိကန်တို့ အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော ICC နှင့် ၎င်း၏ အရာရှိများအား အပြစ်ပေး အရေးယူရန် အစိုးရအဖွဲ့က လုပ်ဆောင်သော နောက်ဆုံးခြေလှမ်း ဖြစ်သည်။

“ ICC တရားသူကြီးများအနေဖြင့် ဤပုဂ္ဂိုလ်လေးဦးသည် အမေရိကန် သို့မဟုတ် ကျွန်ုပ်တို့၏ ရင်းနှီးသောမဟာမိတ် အစ္စရေးကို ပစ်မှတ်ထား၍ ICC ၏တရားမဝင်နှင့် အခြေအမြစ်မရှိသော လုပ်ရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်” ဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ ICC ဟာ နိုင်ငံရေးအရ လွဲမှားတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေရဲ့ နိုင်ငံသားတွေကို စုံစမ်းစစ်ဆေးဖို့ စွဲချက်တင်ကာ တရားစွဲဆိုဖို့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို လွဲမှားစွာ လုပ်ဆောင်နေပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။ “ဒီအန္တရာယ်ရှိတဲ့ ပြောဆိုမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုက အစ္စရေးအပါအဝင် အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးကို ထိပါးစေပါတယ်။

ဖေဖော်ဝါရီလတွင်၊ ဟိတ်ဂ် (The Hague) အခြေစိုက်တရားရုံး၏ရှေ့နေချုပ် ကာရင်ခန်း(Karim Khan) သည် ဝါရှင်တန်၏ “ အထူးသတ်မှတ်ထားသောနိုင်ငံသားများနှင့် ပိတ်ဆို့ခံထားရသူများ” စာရင်းတွင် ထည့်သွင်းခံခဲ့ရပြီး ၎င်းအား အမေရိကန်များနှင့် စီးပွားရေးလုပ်ကိုင်ခြင်းမှ တားမြစ်ခဲ့ပြီး အမေရိကန်နိုင်ငံတွင်းသို့ ခန်း( Khan) ဝင်ရောက်မှု အပေါ် ကန့်သတ်ချက်များထားရှိခဲ့သည်။ ပြီးခဲ့သည့်လတွင် ခန်းအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်ကြောင့် စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ခဲ့ပြီး မိမိအလုပ်မှ ခေတ္တအနားယူ ထားသည်။

အစိုးရမှ ကြေငြာပြီး မိနစ်ပိုင်းအတွင်း အိုင်စီစီတရားရုံးက ၎င်း၏ လုပ်ရပ်ကို ရှုတ်ချခဲ့သည်။ “ဒီအစီအမံတွေဟာ နိုင်ငံတကာ တရားရေးအဖွဲ့အစည်းရဲ့ လွတ်လပ်မှုကို ပျက်ပြားအောင် ကြိုးပမ်းမှုပါပဲ” ဟု ICC ပြောရေးဆိုခွင့်ရှိသူ ဖာဒီ အယ် အဗ္ဗဒါလာ (Fadi El Abdallah) က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပိတ်ဆို့အရေးယူမှုအသစ်တွင် အနောက်အာဖရိကနိုင်ငံ ဘီနင်း (Benin) မှ ICC တရားသူကြီး ရိမ်နီ အယ်လာပင်နီ ဂန်ဆိုဥ (Reine Alapini-Gansou) ကို ပစ်မှတ်ထားခဲ့သည်။ ပြီးခဲ့သည့် နှစ်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု ကို ဖမ်းဝရမ်းထုတ်ခဲ့သော တရားစီရင်မှုအကြို တရားသူကြီးများ၏ လုပ်ငန်းတစ်ပိုင်းဖြစ်သည်။ သူမသည် ၂၀၂၁ ခုနှစ်တွင် ပါလက်စတိုင်း နယ်မြေများရှိ အစ္စရေးရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ရန် ခွင့်ပြုချက်အပေါ်တွင် မူတည်ပြီး သူမ၏တာဝန်ကို ထမ်းဆောင်ခဲ့သည်။

အသက် ၆၉ နှစ်အရွယ်ရှိ သူမသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ၂၀၂၃ ခုနှစ်တွင် ဖမ်းဝရမ်းထုတ်ခဲ့သော တရားသူကြီးအဖွဲ့၏ အစိတ်အပိုင်းတစ်ခုအဖြစ်လည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သောနှစ်တွင် မော်စကိုရှိ တရားရုံးတစ်ရုံးက သူမအား ဖမ်းဝရမ်းထုတ်ခဲ့သည်။

စလိုဗေးနီးယားနိုင်ငံမှ ဘက်တီ ဟိုလာ (Beti Hohler) သည် ၂၀၂၃ ခုနှစ်တွင် တရားသူကြီးတစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ သူမသည် ယခင်က တရားရုံးရှိ အစိုးရတရားလိုရှေ့နေရုံးတွင် အလုပ်လုပ်ခဲ့ပြီး အစ္စရေးအရာရှိများပါ၀င်သည့် တရားစွဲမှုများတွင် သူမ ပါဝင်ခြင်းကို အစ္စရေးက ကန့်ကွက်ခဲ့သည်။ ဟိုလာသည် ၎င်း၏ အစိုးရရှေ့နေအဖြစ် ရှစ်နှစ်တာကာလအတွင်း ပါလက်စတိုင်းနယ်မြေ စုံစမ်းစစ်ဆေးရေးတွင် မည်သည့်အခါကမျှ ပါဝင်လုပ်ဆောင်ခဲ့ဖူးခြင်း မရှိကြောင်း ပြီးခဲ့သည့်နှစ် ကြေညာချက်တွင် ဖော်ပြထားသည်။

ပီရူးမှ လူ့ဇ် ဒဲလ်ကာမန် အီဘန်နက်ဇ် ကာရန်ဇာ (Luz del Carmen Ibáñez Carranza) နှင့် ယူဂန်ဒါ (Uganda) မှ ဆိုလိုမိုင် ဘလန်ဂီ ဘော့ဆာ (Solomy Balungi Bossa) တို့နှစ်ယောက်လုံး သည် ICC ၏ အယူခံတရားသူကြီးများ ဖြစ်သည်။ အမျိုးသမီးတစ်ဦးစီသည် အစ္စရေးနှင့် ပတ်သက်သည့် အမှုကိစ္စများ စစ်ဆေးလုပ်ဆောင်ခဲ့ကြသည်။

အမေရိကန်နှင့် အစ္စရေးနှစ်နိုင်ငံလုံးသည် ထိုတရားရုံးတရားဝင်မှုကို အသိအမှတ်ပြုထားသည့် နိုင်ငံများမဟုတ်သလို အဖွဲ့ဝင်ထားသူများလည်း မဟုတ်ကြပါ။

၂၀၂၃ခုနှစ် အောက်တိုဘာလတွင် အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုအပြီး ဂါဇာတွင် စစ်ရာဇ၀တ်မှုများကျူးလွန်တုံ့ပြန်မှုနှင့် ပတ်သက်၍ တရားရုံးက နေတန်ယာဟုအား ဖမ်းဝရမ်း ထုတ်ထားခြင်းကို အစ္စရေးက အဆိုပါစွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆိုထားသည်။

၎င်း၏ ပထမဆုံးသမ္မတသက်တမ်းအတွင်း ထရန့်သည် ICC အား ပိတ်ဆို့အရေးယူမှုများဖြင့် ပစ်မှတ်ထားခဲ့ပြီး အစ္စရေးအပေါ် စုံစမ်းစစ်ဆေးမှုများအပေါ် မကျေနပ်မှုများနှင့် အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများတွင်လည်း ပါဝင်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများကို သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

တရားရုံးတွင် အမေရိကန်သည် မိမိ နှင့် အစ္စရေး၏ အကျိုးစီးပွားကို ကာကွယ်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရိုဘီယို က ပြောကြားခဲ့သည်။ “ ကျွန်ုပ်တို့၏ အချုပ်အခြာအာဏာ၊ အစ္စရေးနှင့် အခြားအမေရိကန် မဟာမိတ်များကို ICC မှ တရား မ၀င်သော လုပ်ရပ်များမှ ကာကွယ်ရန် အမေရိကန်ပြည်ထောင်စုသည် လိုအပ်သည့် လုပ်ရပ်များကို လုပ်ဆောင်ရလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။

Human Rights Watch အဖွဲ့မှ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ဒါရိုက်တာ လစ်ဇ် အီဗန်ဆန် (Liz Evenson) က ထရန့် အစိုးရ၏ ပိတ်ဆို့အရေးယူမှုသည် အစ္စရေးနှင့် ပါလက်စတိုင်းတွင် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးများနှင့် ဂါဇာတွင် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများ တိုးမြင့်လာခြင်းကြောင့် ICC အား တာဝန်ခံမှုကို ရှာဖွေခြင်းမှ တားဆီးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

“အိုင်စီစီ တရားသူကြီးတွေကို အမေရိကန်က ဒဏ်ခတ်အရေးယူတာဟာ သမ္မတ ထရန့်က နိုင်ငံတွင်းမှာ ဖြတ်တောက်ဖို့ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ တရားဥပဒေစိုးမိုးရေးကို ထင်ရှားတဲ့ တိုက်ခိုက်မှုပါပဲ” ဟု အီဗန်ဆန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ပိတ်ဆို့အရေးယူမှုတွေဟာ အဆိုးရွားဆုံး ရာဇ၀တ်မှုတွေအတွက် တရားမျှတမှုကို ရှာဖွေနေသူတွေကို အပြစ်ပေးဖို့မဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ ရည်ရွယ်တာပါ” ဟု သူကဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား-ယူကရိန်း စစ်ပွဲ နောက်ဆုံးအခြေအနေနှင့် သမ္မတ ထရမ့်၏ စီမံကိန်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 17 Views
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက် လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲသည် နယ်မြေအနည်းငယ်စီ အပြန်အလှန်တိုက်ခိုက် သိမ်းပိုက်နေသည့် အခြေအနေတွင် ဆက်လက်ရှိနေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

အမေရိကန်နှင့် ဗင်နီဇွဲလား ပဋိပက္ခနှင့် ထရမ့်၏ စီမံကိန်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 15 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် လက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက် နေပြီး အဓိကအားဖြင့် မူးယစ်ဆေးဝါး
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအခြေချနေထိုင်သူ ဒါဇင်များစွာက အနောက်ဘက်ကမ်းတွင် မီးရှို့တိုက်ခိုက်မှု စတင်ပြုလုပ်၊ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ မြင့်တက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 33 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) ရှိ စိုက်ပျိုးရေးနယ်မြေတစ်ခု၌ အစ္စရေးအခြေချနေထိုင်သူ ဒါဇင်များစွာသည် အင်္ဂါနေ့ညနေပိုင်းတွင် မီးရှို့တိုက်ခိုက်မှု တစ်ခုကို စတင်ပြုလုပ်ခဲ့ကြောင်း ထိုဒေသရှိ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများက
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

ဗင်နီဇွဲလားက အမေရိကန်၏ အကြီးဆုံး စစ်သင်္ဘော ရောက်ရှိလာချိန်တွင် စစ်တပ်၏ ‘လှုပ်ရှားမှုကိုကြီးမားသည့်အတိုင်းအတာဖြင့်တပ်လှန့်’ ထားကြောင်းကို ကြေညာခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 28 Views
CNN- ၂၀၂၅ခုနှစ်၊  နိုဝင်ဘာလ ၁၃ရက် ဗင်နီဇွဲလားနိုင်ငံက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင်များ တိုးချဲ့ချထားမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ အင်အား၊ လက်နက်များနှင့် စစ်ပစ္စည်းများကို “ အစုလိုက်အပြုံလိုက်ရွေ့ရှား စုရုံးလှုပ်ရှားမှုများ” ကို စတင်နေပြီဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန်

အစိုးရရပ်ဆိုင်းထားရမှုကျော်လွန်ပြီးနောက်ထရန့်အစိုးရရင်ဆိုင်ရမည့်အကြပ်အတည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 31 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက် အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းအတွက် ပြည့်စုံသော အစားထိုးမှု သို့မဟုတ် ဖြေရှင်းချက်ကို ပေးနိုင်ရန် ထပ်တလဲလဲ ပျက်ကွက်နေမှု အတွက် သမ္မတဟောင်း ထရမ့်ကို ဝေဖန်ထားသည်။ တိုးမြှင့်ထားသော ACA အထောက်အပံ့များ၏ လက်ရှိ
Asia ဂျပန် နိုင်ငံတကာသတင်း အာရှ

တရုတ်ကောင်စစ်ဝန်က ဂျပန်ဝန်ကြီးချုပ်ကို တိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး “အဲဒီ ညစ်ညမ်းတဲ့ ဦးခေါင်းကို တစ်စက်ကလေးမှ တွန့်ဆုတ်မနေဘဲ ခုတ်ပစ်လိုက်ရုံပဲ” ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 63 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် ဂျပန်ပြည်တွင်းရေးနှင့် နိုင်ငံတကာရေးရာများ ပြီးခဲ့သည့်အပတ် ပါလီမန်တွင် ဂျပန်အမျိုးသမီး ဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်နိုင်ငံ တိုက်ခိုက်ခံရပါက ဂျပန်နိုင်ငံအနေနှင့် “အဖွဲ့လိုက် ခုခံကာကွယ်ခွင့် (Shūdanteki Jieiken – Collective self-defense)”
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှ မိုတက်ဇ်အာဇိုင်ဇာ (Motaz Azaiza) ၏ ဓာတ်ပုံများသည် စစ်ပွဲ၏ ကြေကွဲဖွယ်ရာများကို ပြသခဲ့သည်။ ယခု အမေရိကန်တွင် ရှေ့သို့သွားမည့်လမ်းကို ရှာဖွေနေသည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 67 Views
၂၀၂၅ ခုနှစ်၊ နိုဝင်လာလ (၁၀) ရက် မိုတက်ဇ်အာဇိုင်ဇာသည် စစ်ပွဲ၏ ထိတ်လန့်ဖွယ်ရာများကို မျက်မြင်တွေ့ရှိခဲ့ရသူဖြစ်သည်။ ယခုအခါ သူသည် လူသားမျိုးနွယ်အပေါ် ၎င်း၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသည်။ ရက်ပေါင်း ၁၀၇ ရက်တာကာလပတ်လုံး သူသည်
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဂျီဟတ်ဝါဒီအကြမ်းဖက်သမားဘဝမှ သမ္မတဖြစ်လာသူ ဆီးရီးယားခေါင်းဆောင်၏ အိမ်ဖြူတော်ခရီးစဉ်တွင် ထူးခြားသောအသွင်ကူးပြောင်းမှုဖြင့်အထွတ်အထိပ်သို့ ရောက်ရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 70 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် လျင်မြန်သော အာဏာသိမ်းယူမှု ပြုလုပ်ပြီး တစ်နှစ်မပြည့်မီ ကာလအတွင်း၊ ဆီးရီးယား သမ္မတသည် ဂျီဟတ်ဝါဒီဘဝမှ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့် ၎င်း၏ အသွင်ကူးပြောင်းမှုကို အိမ်ဖြူတော်သို့ သမိုင်းဝင်ခရီးစဉ်ဖြင့် အဆုံးသတ်လိုက်သည်။