မန်ယူအသင်းဟာ ၆ လကြာစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက် တိုက်စစ်မှူး မေဆင်ဂရင်း၀ုဒ်နဲ့ နှစ်ဘက်သဘောတူလမ်းခွဲလိုက်ပြီဖြစ်ပါတယ်။
မေဆင်မောင့်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက အွန်လိုင်းပေါ်တင်ခဲ့တဲ့ သူ့ချစ်သူရဲ့ ရုပ်ပုံနဲ့ ဗီဒီယိုတွေကြောင့် စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။

၂၀၂၃ ဖေဖော်ဝါရီလအတွင်းမှာတော့ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းခဲ့မှုအတွက် စွဲချက်တင်ခြင်းကနေ ရုပ်သိမ်းခံခဲ့ရပေမယ့် မန်ယူအသင်းမှာ ပြန်ကစားခွင့်ကိစ္စကတော့ အငြင်းပွါးစရာဖြစ်လာခဲ့ပြီး အခုနောက်ဆုံးမှာတော့ အသင်းနဲ့လမ်းခွဲဖို့ နှစ်ဖက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ထုတ်ပြန်ကြေညာချက်မှာ “ဖြစ်ပျက်ခဲ့သမျှတွေဟာ မေဆင်ဂရင်း၀ုဒ်ကို မန်ယူကစားသမားအဖြစ် ဆက်ကစားဖို့ ခက်ခဲစေခဲ့ပါတယ်။


ဒါကြောင့်လည်း နှစ်ဖက်သဘောတူညီမှုရယူပြီး လမ်းခွဲခဲ့တာဖြစ်ပါတယ်”လို့ ဖော်ပြသွားခဲ့တာပါ။ မန်ယူအသင်းနဲ့ချုပ်ဆိုထားတဲ့ ဂရင်း၀ုဒ်ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေပြီး အဲဒီစာချုပ်ကို အခြားအသင်းတစ်ခုထံ ရောင်းချသွားမှာဖြစ်ပါတယ်။
စာချုပ်ကို မရောင်းနိုင်ခင်ကာလအတွင်း ဂရင်း၀ုဒ်ဟာ မန်ယူအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပူးပေါင်းခွင့်ရရှိမှာ မဟုတ်ပေမယ့် လုပ်ခလစာကိုတော့ အပြည့်အ၀ရရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။