နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

အာရှ

အာရှ ဥရောပ

တရုတ်နှင့် ရုရှား ဆက်ဆံရေးသည် ကျောက်တုံးကဲ့သို့ ကျစ်လစ် ခိုင်မာသည်ဟု တရုတ်ပြော

တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယီသည် ရုရှားနိုင်ငံ မော်စကိုသို့ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၊ နိုင်ငံ ခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Sergei Lavrov) တို့နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ ထိပ်တန်းသံတမန် ဝမ်ယီက ရုရှားနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် သဘောတူညီမှု အသစ်တစ်ခု ရရှိဖို့ မျှော်လင့်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါသည်။

“ဒီနေ့မှာတော့ မိတ်ဆွေဟောင်းတို့ရဲ့ အပြန်အလှန် ဆက်ဆံရေး တိုးတက်မှုအပေါ် အမြင်ချင်းဖလှယ်ဖို့ ဆန္ဒရှိပြီး သဘောတူညီမှု အသစ်တွေ ရရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ကရင်မလင်၏ ယူကရိန်းကို ကျူးကျော်မှု နှစ်ပတ်လည်နေ့မတိုင်မီ တရက်အလိုတွင် ဝမ်ယီက လာဗရော့ဗ်အား ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“နိုင်ငံတကာ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ တရုတ်ဟာ အင်အားကြီးနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးပုံစံသစ်ကို တည်ဆောက်ရာမှာ ရုရှားနဲ့ အပြုသဘောဆောင်တဲ့ လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖျင်၏ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် မကြာသေးမီက ရာထူးတိုးခြင်းအတွက် Lavrov က ဝမ်ယီကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ဝမ်ယီက ဘာပဲဖြစ်ဖြစ် တရုတ်-ရုရှား ချစ်ကြည်ရင်းနှီးမှုကို ခိုင်ခံ့ပြီး နက်ရှိုင်းအောင် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

ရှီနှင့် ပူတင်တို့၏ ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံသည် ၎င်းတို့၏ မဟာဗျူဟာသန္နိဋ္ဌာန်ကို ထိန်းသိမ်းထားပြီး အမေရိကန် ပြည်ထောင်စုတွင် ထင်ရှားသော လှုံဆော်မှုတွင် – “တစ်ဖက်သတ် သို့မဟုတ် အနိုင်ကျင့်သည့် အပြုအမူ မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ၎င်းတို့၏ သက်ဆိုင်ရာ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုး စီးပွားများကို ပြတ်ပြတ်သားသား အကာအကွယ်ပေးရန်၊ ” အင်္ဂါနေ့က ဝမ်ယီက ရုရှား၏ လုံခြုံရေး ကောင်စီ အကြီးအကဲနှင့် ပူတင်၏အရင်းနှီးဆုံး မဟာမိတ်တစ်ဦးဖြစ်သည့် နီကိုလိုင်ပတ်သရော်ရှက်ဖ် (Nikolai Patrushev) ကို မော်စကိုနှင့် ပေကျင်း၏ ဆက်ဆံရေးသည် “ကျောက်တုံးကဲ့သို့ ကျစ်လစ် ခိုင်မာသည်” ဟုပြောကြားခဲ့သည်။

“တရုတ်-ရုရှား ဆက်ဆံရေးဟာ ကျောက်တုံးလို ရင့်ကျက်ခိုင်မာပြီး ပြောင်းလဲနေတဲ့ နိုင်ငံတကာ အခြေအနေတွေရဲ့ စမ်း သပ်မှုကို ခံနိုင်ရည်ရှိမှာပါ” ဟု ဝမ်ယီကို ကိုးကား၍ ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ Sputnik မှ ပြောကြားခဲ့သည်။ “နိုင်ငံ တော် အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကို ပြတ်ပြတ်သားသား ခုခံကာကွယ်ဖို့နဲ့ နယ်ပယ်အားလုံးမှာ အပြန်အလှန် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ထိပ်တန်းအဆင့် သဘောတူညီချက်တွေအရ ရုရှားဖက်က အဆင်သင့် ရှိပါတယ်” ဟု ဝမ်ယီက ပြောကြားခဲ့သည်။

“ဥပမာအနေနဲ့ တရုတ်နိုင်ငံနဲ့ ရုရှားတို့ဟာ အနောက်နိုင်ငံတွေရဲ့ ဖိအားတွေ တိုးလာနေတဲ့အတွက် တညီတညွတ်တည်း လက်တွဲသင့်တယ်လို့” နီကိုလိုင်ပတ်သရော်ရှက်ဖ်က ဝမ်ယီကို ပြောကြားခဲ့ပြီး၊ ယူကရိန်းမှာ သွေးထွက်သံယို ဖြစ်ရပ်တွေကို အနောက်နိုင်ငံတွေရဲ့ လုပ်ရပ်အဖြစ် မဟုတ်မမှန် ကိုးကားပြီး ပြောကြားခဲ့ပါသည်။ ယူကရိန်းစစ်ပွဲတွင် အနောက်နိုင်ငံများက သွေးထိုးလှုံ့ဆော်နေသည်ဟု ရုရှားက အကြိမ်ကြိမ် စွပ်စွဲခဲ့ပြီး လူပေါင်းသောင်းနှင့်ချီသေဆုံးမှုအတွက် သူ့တွင် တာဝန် ရှိကြောင်းကို ငြင်းဆိုခဲ့သည်။ ပေကျင်းက အဆိုပါ သတင်းစကားကို သံယောင်လိုက်ပြီး မော်စကိုကပြောသည့် အတိုင်း အမေရိကန်နှင့် ၎င်း၏ နေတိုးအပေါ် ကျူးကျော်ဝင်ရောက်မှုအတွက် အပြစ်တင်ခဲ့သည်။

“ရုရှားနဲ့ တရုတ်နိုင်ငံကို ချုပ်ကိုင်ဖို့ အနောက်အုပ်စုက စည်းရုံးလှုံ့ဆော်မှုရဲ့ အခြေအနေမှာ၊ နိုင်ငံတကာနယ်ပယ်မှာ ရုရှား-တရုတ် ညှိနှိုင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုက အထူးအရေးကြီးပါတယ်” ဟု နီကိုလိုင်ပတ်သရော်ရှက်ဖ် က ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနကို ကိုးကားဖော်ပြထားသည်။

ရုရှနှင့် တရုတ်တို့သည် အနောက်အုပ်စု၏ တစ်ဖက်စွန်း ဗိုလ်ကျစိုးမိုးနေမှုကို စိန်ခေါ်သည့် ကမ္ဘာ့စနစ်သစ်ကို ဖန်တီးရန် ကြိုးပမ်းသင့်သည်ဟု နီကိုလိုင်ပတ်သရော်ရှက်ဖ်မှ ပြောကြားခဲ့ကြောင်း Sputnik က ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ စာတမ်းတစ်စောင်တွင် အရာရှိနှစ်ဦးသည် “ စစ်အေးတိုက်ပွဲ စိတ်ဓာတ်၊ အစုအဖွဲ့ဖွဲပြီး ထိပ်တိုက်ရင်ဆိုင်မှုနှင့် အယူဝါဒဆိုင်ရာ ဆန့်ကျင်မှု” တို့ကို ဆန့်ကျင်ရန် သဘောတူခဲ့ကြောင်း၊ အမေရိကန်၏ ပါးလွှာသော ဖုံးကွယ်ထားသော ဝေဖန်မှုများအကြား မိမိတို့နှစ်နိုင်ငံက လိုလားသည့် “ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု တိုးတက်ရေး” ကို ပိုမိုအားထုတ်ကြရန် သဘောတူခဲ့ကြောင်း ထင်ရှားသော ကိုးကားချက်တွင် ဖော်ပြထားသည်။ ဘေဂျင်းနှင့် မော်စကို၏ ရည်မှန်းချက်များသည် ၎င်းတို့၏ သဘောဆန္ဒအရသဘောတူသည့် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းသစ်ကို ပြန်လည်ပုံဖော်ရန် ဖြစ်သည်။

ဝမ်ယီနှင့် ပတ်သရော်ရှက်ဖ်တို့သည် ယူကရိန်းကိစ္စနှင့် ပတ်သက်၍ “သဘောထားချင်းဖလှယ် ခဲ့ကြသည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိချေ။ ဝမ်ယီ၏ ကိုယ်ရေးကိုယ်တာ ခရီးစဉ်သည် ပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်တို့အကြား တွေ့ဆုံမှု၏ ရှေ့ပြေးနိမိတ်ဖြစ်သည်ဟု ကျယ်ပြန့်စွာ ယုံကြည်ကြသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပူတင်နှင့် ရှီကျင်းဖျင့်တို့သည် အွန်လိုင်းတွေ့ဆုံမှုတွင် ပူတင်က နှစ်နိုင်ငံကြား ဆက်ဆံရေးကို “ သမိုင်းတွင် အကောင်းဆုံး” အဖြစ်ဖော်ပြခဲ့ပြီး “ စမ်းသပ်မှုအားလုံးကို ခံနိုင်ရည်ရှိမယ်” ဟု ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် နွေဦးတွင် ရှီအား မော်စကိုသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

အင်္ဂါနေ့တွင်၊ Wall Street Journal သတင်းတွင် ခေါင်းဆောင်နှစ်ဦးသည် “ လာမည့်လများ” တွင်တွေ့ဆုံရန် စီစဉ်ထားကြောင်းနှင့် အကျွမ်းတဝင်ရှိသူများကို ကိုးကားဖော်ပြခဲ့သည်။ ခရီးစဉ်အတွက် စီစဉ်မှုများသည် “အစောပိုင်းအဆင့်” တွင်ရှိပြီး အချိန်ကို အပြီးသတ်နိုင်ခြင်း မရှိသေးကြောင်း WSJ မှ သတင်းထုတ်ပြန်ခဲ့ပြီး ခရီးစဉ်သည် ဧပြီလ သို့မဟုတ် မေလအစောပိုင်းတွင် ဖြစ်နိုင်ကြောင်း WSJ မှ ပြောကြားခဲ့သည်။

တရုတ်ရဲ့ ပါဝင်လာသောအခန်းကဏ္ဍကို စိုးရိမ်ခြင်း

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တနင်္လာနေ့က ယူကရိန်းနိုင်ငံသို့ အံ့အားသင့်ဖွယ် လာရောက်လည်ပတ်ခဲ့ပြီးနောက် ဝမ်ယီ၏ခရီးစဉ်သည် ဝါရှင်တန်နှင့် ၎င်း၏ဥရောပမဟာမိတ်များနှင့်အတူ ပြီးခဲ့သောနှစ်အတွင်း စစ်ရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရေး၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ဝမ်ယီသည် မော်စကိုမြို့သို့ ရောက်ရှိလာပြီးနောက် တရုတ်နိုင်ငံနှင့် ရုရှား၏ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုသည် ယူကရိန်းစစ်ပွဲအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိ နိုင်သည်ကို စိုးရိမ်ပူပန်မှုများဖြင့် အမေရိကန်တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ပူတင်မှ သူ၏ပဋိပက္ခနှင့်ပတ်သက်သည့် အဓိကမိန့်ခွန်းကိုပြောကြားပြီး နာရီများအကြာတွင် ရုရှားနိုင်ငံကို အမေရိကန်နှင့် နောက်ဆုံးလက်ကျန် နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်မှ ဆိုင်းငံကြောင်း ကြေငြာခဲ့သည်။

တရုတ်ခေါင်းဆောင်များသည် ပဋိပက္ခတွင် သမာသမတ်ကျသည်ဟု အခိုင်အမာဆိုသော်လည်း ရုရှား၏ကျူးကျော်မှုကို ရှုတ်ချရန် ငြင်းဆိုခဲ့ပြီး ကုန်သွယ်ရေးဆက်ဆံမှုကို တိုးချဲ့ကာ ယခုသီတင်းပတ်အပါအဝင် အကြီးစား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း မကြာသေးမီရက်များအတွင်း ဥရောပမြို့ကြီးများတွင် ထိတွေ့ဆက်ဆံမှုများအတွင်း ဝမ်ယီသည် ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အဆိုပြုသူအဖြစ် တရုတ်နိုင်ငံကို တင်ပြရန် ကြိုးပမ်းခဲ့ပြီး အကျပ်အတည်းကို နိုင်ငံရေးအရ ပြေလည်မှုရရန် ဘေဂျင်းက ၎င်း၏ရပ်တည်ချက်ကို ထုတ်ဖော် ပေးမည်ဟု စနေနေ့က မြူးနစ်လုံခြုံရေးညီလာခံ (MSC) တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်ဝမ်ယီသည် ဖေဖော်ဝါရီ (၁၈) ရက်က ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ပြုလုပ်သည့် မြူးနစ်လုံခြုံရေး ညီလာခံတွင် မိန့်ခွန်းပြောနေစဉ်။

တရုတ်နိုင်ငံသည် ၎င်း၏ မြောက်ပိုင်းအိမ်နီးချင်းအား ချေးငှားနေသည့် အထောက်အပံ့မှန်သမျှကို အနီးကပ် စောင့်ကြည့် နေသည့် အနောက်နိုင်ငံခေါင်းဆောင်အများအပြား၏ သံသယများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ရုရှားအား လူသေစေ လောက်သော စစ်ရေးအကူအညီများ ပေးအပ်ရန် တရုတ်က ထည့်သွင်းစဉ်းစားနေသည်ဟူသော စိုးရိမ်မှုများကြားတွင် ရှိနေသည်။

အင်္ဂါနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း (Qin Gang) က တရုတ်နိုင်ငံ မြို့တော် လုံခြုံရေးဖိုရမ်တွင် ယူကရိန်းအ ရေး ဘေဂျင်း၏ စာတိုပေးပို့မှုကို ထပ်လောင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် ပဋိပက္ခသည် ထိန်းမနိုင်သိမ်းမရ ရွေ့လျားသွားမည်ကို အလွန်စိုးရိမ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်တိုက်တွန်းကာ နိုင်ငံရေးအရ ပြေလည်မှုရလာစေရန် “တရုတ်၏ဉာဏ်ပညာ” ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “တချိန်တည်းမှာပဲ သက်ဆိုင် ရာနိုင်ငံတွေကို မီးလောင်သည့်အထဲ လောင်စာထည့်ခြင်းကို ချက်ချင်းရပ်တန့်ဖို့၊ တရုတ်ဖက်ကိုပြောင်းပြီး အပြစ်ပုံချတာကို ရပ်တန့်ပြီး ဒီကနေ့ ယူကရိန်းကို စန်းတင်နေခြင်းကို ရပ်တန့်ဖို့၊ မနက်ဖြန်မှာထိုင်ဝမ်ကို စန်းတင်မှာကို ရပ်ဖို့ တိုက်တွန်းလိုက် ပါတယ်” ဟု အမေရိကန်နှင့်၎င်း၏မဟာမိတ်များကို ရည်ညွှန်း၍ ၎င်းက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက် စီအင်အင် မှ Nectar Gan and Simone McCarthy တို့ရေးသားသည့် “ China’s top diplomat pledges to strengthen Russia ties ahead of Ukraine war anniversary” ကို ခေတ်မျက်လုံး မှာဘာသာပြန် တင်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 28 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 34 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato)
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 91 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 100 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 117 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 139 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 92 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ထရန့်က ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလာမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြားတွင် ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေး ပဋိပက္ခများ ဖြစ်ပွားနေပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 103 Views
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀  ထရန့်၏ စီမံကိန်း (The Trump Plan) သမ္မတ ထရန့်သည် ဂရင်းလန်းကို ဝယ်ယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် “