နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နည်းပညာ သဘာ၀ပတ်ဝန်းကျင်

ဂျပန်နိုင်ငံ ကာရှီဝါမြို့က မြေပဲခွံသားရေ

ဂျပန်နိုင်ငံ ချီးဘားစီရင်စု၏ မြေပဲအလွန်ထွက်ရှိသည့်မြေရှိ ကုမ္ပဏီတစ်ခုသည် နီညိုရောင်မြေပဲဆံ၏အခွံပါးကို သားရေတု ပြုလုပ်ရန် နည်းလမ်းတစ်ခုကို တီထွင်လိုက်ပြီဖြစ်သည်။ ကာရှီဝါမြို့ရှိ ကာရှီဝါသားရေလုပ်ငန်းကုမ္ပဏီတွင် မြေပဲခွံသားရေ ထုတ်ကုန်အမျိုးအစား ရှစ်မျိုးတွင် ပိုက်ဆံအိတ်များနှင့် ကျောပိုးအိတ်များ ပါဝင်သည်။ ချီးဘားစီရင်စု တာတေယာမာရှိ ကီမူရာမြေပဲကုမ္ပဏီမှ စွန့်ပစ်မည့် မြေပဲအတွင်း နီညိုရောင်အခွံများကို ရရှိသည်။

“ ကျနော်တို့ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချရုံသာမက၊ အဲ့ဒီစွန့်ပစ်ပစ္စည်းတွေကနေ ဒေသထွက်ကုန်နဲ့ ထုတ်ကုန်များထုတ်ဖို့ ရည်ရွယ်ပါတယ်” ဟု ကာရှီဝါသားရေလုပ်ငန်းအကြီးအကဲ “ဆာတိုးရှိ အီဂျီမာ” က ပြောကြားခဲ့သည်။ မြေပဲခွံသားရေသည် အထူ ၁ မီလီမီတာခန့်ရှိပြီး မည်သည့်ဆိုးဆေးမှ မသုံးဘဲ မြေပဲခွံမှ မူလအညိုရောင်ထွက်သည်။ ယင်းမြေပဲခွံသားရေကို ရေစိုခံ PVC ဖြင့် ပြုလုပ်ထားသည်။

ဆယ့်ငါးကီလိုဂရမ်ရှိသော မြေပဲအတွင်း နီညိုရောင်အခွံသည် အနံ ၉၀ စင်တီမီတာနှင့် မီတာ ၁၀၀ ရှည်သော သားရေတစ်ချပ်ကို ဖန်တီးနိုင်သည်ဟု ကာရှီဝါသားရေလုပ်ငန်းက ဆိုသည်။ ကာရှီဝါသားရေကုမ္ပဏီသည် မွေးမြူရေးဝက်များ၏အရေခွံ သို့မဟုတ် ကောက်ပဲသီးနှံ ပျက်စီးမှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသော သမင်အမျိုးအစား Muntjac မှ ဆန်းသစ်သော သားရေများကို တီထွင်ထုတ်လုပ်ခဲ့သည်။ သို့သော် မြေပဲခွံများကို သားရေအဖြစ်သို့ ပြောင်းလဲခြင်းသည် လုံးဝကွဲပြားခြားနားသော လုပ်ငန်းစဉ်ဖြစ်ကြောင်း ကုမ္ပဏီထံမှ သိရသည်။

တိရစ္ဆာန်များမှ သားရေပြုလုပ်ရာတွင် ပုံမှန်အားဖြင့် နေလှန်း၍ အရောင်ကို မြှင့်တင်ရခြင်း၊ ဖြတ်တောက်ခြင်းနှင့် အပ်ချုပ်ခြင်းတို့ ပါဝင်ပါသည်။ မြေပဲသားရေအတွက် အခွံများကို အမှုန့်အဖြစ်သို့ ပြောင်းလဲကာ ရှည်လျားပြီး ပါးလွှာသောအခင်းများအဖြစ် ပြုပြင်ပြီးနောက် တိရစ္ဆာန်သားရေကဲ့သို့ အချောသတ်သည်။

မြေပဲခွံသားရေသည် မကြုံစဖူး အစပျိုး တီတွင်ရသည့်အတွက် ကာရှီဝါသားရေကုမ္ပဏီသည် ၎င်းကို တီထွင်ရန် တစ်နှစ်ခန့် စမ်းသပ်ပြီး အမှားအယွင်းများကို ပြုပြင်ခဲ့ရသည်။ ကာရှီဝါကုမ္ပဏီသည် မြေပဲခွံမှ သားရေကို ပြုလုပ်ရန် မအောင်မမြင် ဖြစ်ခဲ့ပြီး ကန်ထရိုက်တာ တစ်ဒါဇင်ခန့်ကလည်း သင့်လျော်သော အရေပြားကို ထုခြေသည့် ဝန်ဆောင်မှုများကို မပေးနိုင်ခဲ့ပေ။ မြေပဲခွံသားရေသည် ဓာတုချည်ထည်များကဲ့သို့ အရည်အသွေး ပြည့်မီအောင် ဖန်တီးနိုင်သောကြောင့် အလားအလာရှိသော ဆန်းသစ်တီထွင်မှု တစ်ခုဖြစ်သည်။ တိရိစ္ဆာန်သားရေများတွင် အရွယ်အစားကြီးမားခြင်းကြောင့် သို့မဟုတ် အရည်အသွေးတို့ကြောင့် စွန့်ပစ်ရသည်တို့ ရှိသည်။ တိရစ္ဆာန်၏ သေးငယ်သော သားရေအရွယ်အစားသည် ထုတ်ကုန်များ ပြုလုပ်ရာတွင် ကန့်သတ်မှုများ ရှိပါသည်။

မြေပဲခွံသားရေတွင် ယင်းကဲ့သို့သော အရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန် ကန့်သတ်ချက်များ မရှိပါ။ ထို့အပြင် အသီးအနှံအပင်များကို အခြေခံထုတ်လုပ်သည့် “ သားသတ်လွတ် (Vegan)” သားရေသည် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမှ သက်ညှာနိုင်ရေး ရှုထောင့်မှလည်း တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့သည်။

ဥရောပနှင့် အမေရိကန်ရှိ အဆင့်မြင့် အမှတ်တံဆိပ်များသည် သားသတ်လွတ် (Vegan) သားရေကို အသုံးပြုလျက်ရှိသည်။ ဂျပန်နိုင်ငံတွင် ရှားစောင်းနှင့် ပန်းသီးတို့မှ ပြုလုပ်ထားသည့် Vegan သားရေ ထုတ်ကုန်များကို ရရှိနိုင်ပါသည်။

သို့သော် ဂျပန်နိုင်ငံရှိ Vegan သားရေ အများစုသည် နိုင်ငံခြားမှ တင်သွင်းလာသော အပင်များနှင့် သစ်သီးများဖြင့် ပြုလုပ်ထားသည်ဟု အီဂျီမာက ဆိုသည်။ ချီးဘားစီရင်စုသည် ၂၀၂၂ ခုနှစ်တွင် မြေပဲတန်ချိန် ၁၄,၉၀၀ ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံ၏ စုစုပေါင်း၏ ၈၅% ပမာဏ ရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။ ကာရှီဝါသားရေလုပ်ငန်းသည် စီရင်စုရှိ စွန့်ပစ်အရင်းအမြစ် ပေါများကြွယ်ဝမှုကို အသုံးပြုရန် မျှော်လင့်ထားသည်။ ကာရှီဝါကုမ္ပဏီသည် တိရိစ္ဆာန်သားရေနှင့် သမားရိုးကျ Vegan သားရေများ၏ဈေးနှုန်းအောက် ဈေးနှုန်းကို မျှော်မှန်းထားသည်။ မော်တော်ကားနှင့် စားသောက်ဆိုင်ထိုင်ခုံများကဲ့သို့ နေ့စဉ်သုံးပစ္စည်းများတွင် မြေပဲခွံသားရေကို အသုံးပြုထားကြောင်း ၎င်းကဆိုသည်။

ကာရှီဝါကုမ္ပဏီသည် အောက်တိုဘာလတွင် ဖွင့်လှစ်မည့် တိုကျိုဖက်ရှင်ပြပွဲ (Tokyo Fashion World) တွင် ၎င်း၏ မြေပဲခွံသားရေ ထုတ်ကုန်များကို ပြသမည် ဖြစ်သည်။ ကာရှီဝါကုမ္ပဏီသည် ကာရှီဝါမြို့ရှိ “နူအိဇာအေမွန်း” စတိုးမှတဆင့် အဓိကအားဖြင့် အိတ်များနှင့် ပိုက်ဆံအိတ်များကဲ့သို့သော သားရေပစ္စည်းများကို ရောင်းချလျက်ရှိသည်။ ရှေ့ဆက်ပြီး ကာရှီဝါသားရေကုမ္ပဏီသည် မြေပဲခွံသားရေ ပစ္စည်းများကို ရောင်းချရန်အတွက် အရောင်းလမ်းကြောင်းများကို ချဲ့ထွင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

မြေပဲခွံသားရေထုတ်ကုန်များကို အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

#ခေတ်မျက်လုံး #ဆောင်းပါး #နည်းပညာ #သဘာဝပတ်ဝန်းကျင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

တရုတ်က ဘာကြောင့် စစ်တပ်ဖက်ကို လုံးဝရပ်ပြလိုက်တာလဲ?

  • 2024 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 19 Views
စစ်အာဏာသိမ်းတဲ့အခါ ပထမဦးဆုံး တရုတ်က စစ်တပ်ကို ထောက်ခံကြောင်းမပြခဲ့ဘူး။ သူတို့နိုင်ငံကို ထိခိုက်နေတဲ့အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေကို သူတို့က နှိမ်နှင်း ချင်နေတယ်။ ဒါပေမဲ့
ဆောင်းပါးများ မြန်မာသတင်း

ကျရှုံးနိုင်ငံ ဘာကြောင့် ဖြစ်လာရသလဲ။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 63 Views
အထူးဆောင်းပါး။ ဆောင်းပါးရှင် မြားနတ်မောင် မျှဝေပါသည်။ မြန်မာနိုင်ငံကျဆုံးနိုင်ငံဖြစ်လာရတာ စစ်တပ်က မိမိအလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကို အာရုံမစိုက်ခဲ့ဘဲ စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကို လက်ပြောင်း
ဆောင်းပါးများ နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံက အကျင့်ပျက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုးများ

  • 2024 ခုနှစ်၊ ဩဂုတ်လ 27 ရက်
  • 92 Views
သတင်းဆောင်းပါး ABC ဗီဒီယိုသတင်းက နိုင်ငံခြားသတင်းထောက် Foreign Correspondent- Lauren Day က တင်ပြခဲ့တဲ့ Sex, drugs, money and murder in Thailand’s Monkhood-ထိုင်းသံဃာများအကြား လိင်ဆက်ဆံမှု၊ မူးယစ်ဆေးဝါး၊
ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 305 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့် LORI HINNANT တို့မှ ၂၀၂၂ခုနှစ် သြဂုတ် ၁၀ရက်နေ့ တွင်ရေးသားသည့် ‘The
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 296 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။ လမ်းပြအဖြစ် တာဝန်ယူပေးမယ့် ကိုအောင်မြင့်မြတ် စီစဉ်ပေးတဲ့ကားနဲ့ အူဆာဂီ၊ ငြိမ်းချမ်းနဲ့ ကျနော်တို့ အိုက်ဇောကနေ
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 204 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ တိုက်တွန်းခံခဲ့ရတဲ့ ဝမ္မတူဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယောမန်တို့ ရဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့တွေ့ဆုံခဲ့ပါတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 218 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 164 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။