စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် စစ်ကောင်စီတပ်ခလရ (၂၂၈)တပ်ရင်းက ကလေးမြို့နယ်တောင်ပိုင်းကို မေ ၂၄ ရက်မနက်ကိုးနာရီခန့်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဆယ်ကျော်သက်အရွယ်မိန်းကလေးနှစ်ဦး အပါအဝင်သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684915803973.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684915800425.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684915802143.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684915806004.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684915798751.jpg)
ထောက်ကြန့်ကျေးရွာဟာ ကလေးမြို့တောင်ဘက် ဂန့်ဂေါ – ကလေးလမ်းမကြီးဘေးမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ကလေးမြို့ကနေ ခြောက်မိုင်ဝန်းကျင်မှာ တည်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပါတယ်။ ဒဏ်ရာရရှိသူသုံးဦးကို ကျေးရွာမှာပဲ ဆေးကုသမှုပေးနေပြီး မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ထောက်ကြန့်ရွာ အမှတ် ၄ ရပ်ကွက်မှာ အဓိကကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။အဲဒီရပ်ကွက်ထဲကနေ အိမ်တော်တော်များများ ကျည်စတွေထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ထောက်ကြန့်ကျေးရွာဟာအိမ်ခြေတထောင်ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပြီး ဆန်စပါးအဓိကစိုက်ပျိုးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Era’sEye /Photo – CJ