နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

မယ်စဲ့မြို့ နေရာတချို့ကို တော်လှန်ရေး မဟာမိတ်အင်အားစုများက စတင်ထိန်းချုပ်

စစ်တပ်က ပင်မတပ်စခန်းကိုပြန်လည်သိမ်းပိုက်ရန်အပူတပြင်းပြင်ဆင်

ကရင်နီ ပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဗဟိုအချက်အချာကျသော ပင်မ တပ်စခန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။

ဇွန် ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က စစ်တပ် အခြေစိုက်စခန်းကို KA ၊ KNDF ပူးပေါင်းတပ် ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့ မနက် ၆ နာရီအချိန်မှာ စစ်တပ်က လေယာဉ် ၄ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လာပါတယ်။

အဲဒီစခန်းဟာ မယ်စဲ့မြို့နယ်အတွင်း ကစစ်ကောင်စီတပ်ရဲ့ပင်မအထိုင်စခန်းဖြစ်ပြီး ၅ ခု မြောက် သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်း ဖြစ်ပါတယ်။



လက်ရှိမှာတော့ မယ့်စဲမြို့ရဲ့နေရာတချို့ကို တော်လှန်ရေးတပ်တွေက စတင်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့ကဆိုပါတယ်။

ဇွန်လ ၁၃ ရက်နေ့ကစပြီး ဇွန်လ ၂၄ ရက်နေ့ အခုထိ စခန်း ၅ ခု သိမ်းထားနိုင်ပြီ နယ်စပ်ဘက်တော့ ကျန်သေးတယ်း စခန်း သိမ်းပြီးတော့ ဗုံးကျဲခံရတာရှိတယ်၊  ပြီးခဲ့တဲ့ ဇွန်  ၁၃ ရက်က စပြီး မယ့်စဲ့ရဲစခန်း၊ တောင်လှစခန်း၊ မယ်တနွယ်စခန်း နဲ့ ထိုင်းနယ် စပ် က နမ့်ပေါင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ် ။ ပင်မအခြေစိုက်စခန်းကို မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်” လို့ KNDF တပ်ဖွဲ့က ပြောပါတယ်။

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်တပ်က မယ်စဲ့မြို့နယ်အတွင်း ရဟတ်ယာဉ်ဖြင့် အင် အားဖြည့်တင်းနေပြီး စစ်ကောင်စီအတွက် အရေးကြီးသည့် တပ်စခန်းဖြစ်သည့် အတွက် ပြည်လည်ရယူနိုင်ရန် လေကြောင်း ကုန်းကြောင်းမှ  အင်အားဖြည့်တင်းကာ ပြန်လည် ရယူနိုင်ဖို့ ကြိုး စားနေတယ်လို့သိရပါတယ်။

Era’sEye

ဓာတ်ပုံ- ကရင်နီပြည်နယ် တိုက်ပွဲများတွင် စစ်တပ်ထံမှ သိမ်းဆည်းရမိသည့် ၁၂၀ မမ အမြောက် အပါအဝင် လက်နက်များ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီတပ် မကြာမီ အသုံးပြုဖို့ရှိတဲ့ Y-8 လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ တွေ့ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 9 Views
ဇွန်လ (၂၄)ရက်။ စစ်ကောင်စီတပ်က မကြာမီ အသုံးပြုတော့မယ့် Y-8 ထောက်/ပို့လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar
မြန်မာသတင်း

ထီးလင်းမှာ နိုင်/ကျဉ်းတွေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရဲအချို့ ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 7 Views
‌ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့က ထီးလင်းမြို့မရဲစခန်းကနေ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃)ဦး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

နွားထိုးကြီးမှာ မြို့သူမြို့သားတွေ အဓိကကိုးကွယ်တဲ့ ရှေးဟောင်းသမိုင်းဝင်ဘုရားကို စစ်ကောင်စီ ဗုံးကြဲ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 8 Views
ဇွန်လ (၂၄)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁၂)နာရီ (၁၈)မိနစ်အချိန်က နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ နွားထိုးကြီးမြို့က ရှေးဟောင်းသမိုင်းဝင်ဘုရားနဲ့ စေတီပုထိုးတွေ ပေါတဲ့မြို့ဆိုလဲမမှားပါဘူး။
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
ဇွန်လ (၂၃)ရက်။ ၉/အညာမြေစစ်ဆင်ရေးအနေနဲ့ ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၉/စစ်ဆင်ရေးအနေနဲ့ ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူအနေနဲ့ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ပွဲငယ်တွေဖော်ဆောင်ပြီး တားဆီးတိုက်ခိုက်ခဲ့တာပါ” လို့
မြန်မာသတင်း

စဉ့်ကူးနဲ့ မတ္တရာအစပ်ရှိ ယက်ကန်းစင်ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 21 Views
ဆေးရုံကို မီးဖွားလာတဲ့ အမျိူသမီး (၁)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ ဇွန်လ (၂၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒ(ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 21 Views
ဇွန်လ (၂၃)ရက်။ မနေ့က ကော့ကရိတ်မြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်စခန်းကို (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O)တို့က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F)
မြန်မာသတင်း

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်တာကို လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 19 Views
ဇွန်လ (၂၃)ရက်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်တာကို ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ (၂၁)ရက်နေ့က ရန်ကုန်ရှိ ရွှေကသာကုမ္ပဏီဆိုလာပြားစက်ရုံကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် Incentive တွေ ပေးသွားဖို့နဲ့
မြန်မာသတင်း

ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာပေစတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 34 Views
တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ 2IC ဗိုလ်မှုးအပါအဝင် (၁၀)ဦးဒဏ်ရာရပြီး (၃၀)ကျော်သေဆုံးခဲ့ ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။