၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ ခေတ်မျက်လုံး။
လားရှိုးမြို့နယ်၊ မိုင်းကျက်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းကို တအာင်းတပ်မတော် (TNLA) က သိမ်းယူနိုင်ခဲ့တယ်လို့ ဒီကနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့က နိုဝင်ဘာလ (၂၃) ရက်နေ့ ညသန်းခေါင်အချိန်မှာ သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီစခန်းကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက TNLA တပ်ဖွဲ့ဝင်တွေ စတင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
မိုင်းကျက်တပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အအတွက် တိုက်ပွဲတွေပြင်းထန်ပြီး နှစ်ဖက် အကျအဆုံးရှိကြောင်း သိရှိရပါတယ်။
မိုင်းကျက်တပ်စခန်းအား နိုဝင်ဘာလ (၂၃) ရက်နေ့ မနက် (၆)နာရီ အချိန်မှာ တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို Y12 နဲ့ (၄) ကြိမ် ဗုံးကြဲချခဲ့ပြီး ဂျက်တိုက်လေယာဉ်နဲ့ (၇) ကြိမ် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ မနေ့ညပိုင်းမှာ ဖြစ်ခဲ့တဲ့ မိုင်းကျက်တပ်စခန်းနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ လက်ရှိအချိန်မှာ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ညပိုင်းတွေမှာ သတင်းထုတ်ပြန်တာကို တွေ့ရပါတယ်။
တပ်မဟာ(၄)စစ်ဒေသ၊ လားရှိးမြိုနယ် မန်ဖတ်ကျေးရွာဘက်မှာ စစ်ကောင်စဘက်က မနေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန်မှာ လက်နက်ကြီးနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခဲ့တဲ့အတွက် မန်ဖတ်ဒေသခံ အမျိုးသား (၁) ဦး ကျည်ထိမှန်သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။