နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

သောကြာဂြိုဟ်နဲ့ လ နီးကပ်မှု ဖြစ်ပေါ်

“ လ” ကို ​သောကြာဂြိုဟ်​ကပ်နေတဲ့မြင်ကွင်းကို ဓာတ်ပုံဆရာ ကိုမျိုးလှိုင် ရိုက်ကူးထားတဲ့ပုံတွေမှာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ကောင်းကင်ယံမှာ နေပြီးရင် လနဲ့ ဗီးနပ်စ်ဟာ အ​တောက်ပဆုံး​ဖြစ်ပြီး “ လ” ဟာ လဆန်းရက် ဖြစ်တာ​ကြောင့် အရွယ်အစား​သေးတဲ့ လခြမ်းမျိုး ဖြစ်​နေပြီး တနင်္လာဂြိုဟ်လို့ ​ခေါ်ဆိုကြတဲ့ လနဲ့ သောကြာဂြိုဟ်တို့ လမ်း​ကြောင်း တထပ်တည်း ကျ​ရောက်​တာမျိုး ဖြစ်ပါတယ်။

ဒီလို ရှားပါးတဲ့ ဖြစ်စဥ်ကို မြန်မာနိုင်ငံအပါအဝင် ​အာရှနိုင်ငံအများစုနဲ့ အာဖရိကတိုက် ​တောင်ပိုင်းဒေသတွေက မြင်ရမယ်လို့ ပြီးခဲ့တဲ့ ရက်ကတည်းက အာကာသပညာဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားထားတာ ဖြစ်ပါတယ်။

အခုလို ဖြစ်စဥ်ကြောင့် မြန်မာ့နိုင်ငံရေးအပေါ်မှာ အကျိုးအကြောင်း တစုံတရာ သက်ရောက်မှု ရှိနိုင်တယ်လို့လည်း နက္ခတ်ဗေဒ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို AA သိမ်းပိုက်ရရှိထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ ဂွမြို့ထဲရှိ
မြန်မာသတင်း

စစ်ကိုင်းမြို့မှာ ဘီယာဆိုင်ထိုင်နေတဲ့ ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က ညနေ(၄)နာရီခန့်က စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက်နေ ပျုစောထီး မင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရတနာပုံတပ်ဦးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဗန်းမော် စကခ(၂၁)က ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအခွင့်အရေးပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 3 Views
ဓီဇင်ဘာလ (၂၁)ရက်။ ဗန်းမော်မြို့ရှိ စကခ(၂၁)ဝန်းထဲက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချအလင်းဝင်ဖို့ တော်လှန်ရေးတပ်တွေဘက်က နောက်ဆုံးအကြိမ်အနေနဲ့ အခွင့်အရေးပေးထားတယ်လို့ သိရပါတယ်။ “ ဗန်းမော်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားလိုက်တော့ ဌာနဆိုင်ရာစကစဝန်ထမ်းတွေက စကခ(၂၁)ဝင်းထဲ ထွက်ပြေးခိုလှုံနေကြတာ။ အခု စကခ(၂၁)ကို
မြန်မာသတင်း

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၂)နာရီ (၄၈)မိနစ်လောက်က MIG-29 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့် လက်တွဲတိုက်ထုတ်ဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၁)ရက်။ စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားတွေ အတူလက်တွဲ အမြစ်ပြတ်တိုက်ထုတ်ဖို့ အရေးကြီးတယ်လို့ မနေ့က UWSP တည်ထောင်တဲ့ (၃၆)နှစ်ပြည့်ကို ပေးပို့တဲ့သဝဏ်လွှာမှာ NUG က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဝ” ပြည်
မြန်မာသတင်း

အမျိုးသားအားကစားပွဲ ကျင်းပတာ တည်ငြိမ်အေးချမ်းတာကို ပြသတာလို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၁)ရက်။ အမျိုးသားအားကစားပွဲဟာ အားကစားပြိုင်ပွဲသက်သက် ကျင်းပတာထက် တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်တဲ့ပွဲလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ပိတ်ပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ နိုင်ငံဟာ ပြည်တွင်း၊ ပြည်ပအန္တရာယ်တွေ ဝင်ရာက်စွက်ဖက်တာတွေနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသာမက
မြန်မာသတင်း

ကမ္ဘောဒီးယားနဲ့ လာအိုတို့က စစ်ခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က နေပြည်တော်မှာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာတွေ ပေးပို့ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ထံ သဘောတူညီပြီးဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံသံအမတ်အနေနဲ့ H.E. Mr Cheng
မြန်မာသတင်း

မတ္တရာမြို့ ထန်းပင်ကုန်းရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၉)နာရီအချိန်က မတ္တရာမြို့ ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို