နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာ့စီးပွားရေး

မြန်မာ့စီးပွားရေး မြန်မာသတင်း အမေရိကန်

ခရိုနီတွေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီအဝယ်တော်ကို အမေရိကန် ဒဏ်ခတ် အရေးယူ

ခရိုနီတွေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီအဝယ်တော်ကို အမေရိကန် ဒဏ်ခတ် အရေးယူလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။ လူနှစ်ဦးနဲ့ ကုမ္ပဏီခြောက်ခုကို ဒဏ်ခတ်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားတောင့်တမှုကို အပြင်းအထန် ထိုးနှက်တိုက်ခိုက်နေတဲ့ စစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ယင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

” ဒီနေ့မှာ လူပုဂ္ဂိုလ်နှစ်ဦး၊ လုပ်ငန်းအဖွဲ့အစည်း ၆ ခုကို အရေးယူသတ်မှတ်သွားမယ်။ စစ်အာဏာရှင် အဖွဲ့အစည်းဟာ မြန်မာပြည်သူတွေကို နာကျင်မှုတွေနဲ့ ဒုက္ခတွေ ပေးနေတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ (ဦး) ထွန်းမင်းလတ်၊ သူ့ရဲ့ ဇနီး (ဒေါ်) ဝင်းမင်းစိုးနဲ့ (ဦး) ထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ လုပ်ငန်းအဖွဲ့အစည်း သုံးခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။

Asia Sun Group ၊ Asia Sun Group Co. Ltd ၊ Cargo Link Petroleum Logistics Co. Ltd၊ Star Sapphire Group Of Companies၊ Star Sapphire Trading Company Limited နဲ့ စင်ကာပူ အခြေစိုက် Star Sapphire Group Pte. Ltd စတဲ့ ကုမ္ပဏီ ၆ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာလည်း ဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ လူနှစ်ဦးအနက် ထွန်းမင်းလတ် ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံသူဖြစ်ပါတယ်။ ဖမ်းဆီးရမိစဉ်မှာ ထိုင်းနိုင်ငံအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘဏ်အကောင့်တွေ၊ ကွန်ဒိုတိုက်ခန်းတွေရဲ့ ပိုင်ဆိုင်မှုစာရွက် စာတမ်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 28 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့