နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်

မြန်မာ့စီးပွားရေး

မြန်မာ့စီးပွားရေး မြန်မာသတင်း အမေရိကန်

ခရိုနီတွေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီအဝယ်တော်ကို အမေရိကန် ဒဏ်ခတ် အရေးယူ

ခရိုနီတွေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီအဝယ်တော်ကို အမေရိကန် ဒဏ်ခတ် အရေးယူလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။ လူနှစ်ဦးနဲ့ ကုမ္ပဏီခြောက်ခုကို ဒဏ်ခတ်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားတောင့်တမှုကို အပြင်းအထန် ထိုးနှက်တိုက်ခိုက်နေတဲ့ စစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ယင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

” ဒီနေ့မှာ လူပုဂ္ဂိုလ်နှစ်ဦး၊ လုပ်ငန်းအဖွဲ့အစည်း ၆ ခုကို အရေးယူသတ်မှတ်သွားမယ်။ စစ်အာဏာရှင် အဖွဲ့အစည်းဟာ မြန်မာပြည်သူတွေကို နာကျင်မှုတွေနဲ့ ဒုက္ခတွေ ပေးနေတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ (ဦး) ထွန်းမင်းလတ်၊ သူ့ရဲ့ ဇနီး (ဒေါ်) ဝင်းမင်းစိုးနဲ့ (ဦး) ထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ လုပ်ငန်းအဖွဲ့အစည်း သုံးခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။

Asia Sun Group ၊ Asia Sun Group Co. Ltd ၊ Cargo Link Petroleum Logistics Co. Ltd၊ Star Sapphire Group Of Companies၊ Star Sapphire Trading Company Limited နဲ့ စင်ကာပူ အခြေစိုက် Star Sapphire Group Pte. Ltd စတဲ့ ကုမ္ပဏီ ၆ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာလည်း ဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ လူနှစ်ဦးအနက် ထွန်းမင်းလတ် ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံသူဖြစ်ပါတယ်။ ဖမ်းဆီးရမိစဉ်မှာ ထိုင်းနိုင်ငံအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘဏ်အကောင့်တွေ၊ ကွန်ဒိုတိုက်ခန်းတွေရဲ့ ပိုင်ဆိုင်မှုစာရွက် စာတမ်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 22 Views
မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁၅)ရက်။ မနေ့က
မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 21 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်
မြန်မာသတင်း

နတ်မောက်မြို့မှာ စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ အကြီးတန်းစာရေးတဦးကို PDF ဖမ်းဆီးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 25 Views
နိုဝင်ဘာလ (၁၅)ရက်။ မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးတဦးကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၈)ရက်နေ့က နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးတဲ့အချိန် ဖမ်းမိတာ။ ဖမ်းမိထားတဲ့သူက
မြန်မာသတင်း

ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲဝင်ခွင့် အသနားခံစာအယူခံ ရွေး/ကော် ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 17 Views
နိုဝင်ဘာလ (၁၅)ရက်။ PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ထားတဲ့ အသနားခံစာအယူခံ ပယ်ချခံခဲ့ရတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောဟန်အေးရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့ အယူခံ ပယ်ချခံရပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စိတ်အားထက်သန်နေတဲ့
မြန်မာသတင်း

ရန်ကုန်မှာ နိုင်ငံရေးပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုပြီး လူငယ် (၄)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 22 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုကာ လူငယ် (၄)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖျက်ဆီးခံရတဲ့ နိုင်ငံရေးပါတီတွေဟာ သင်္ကန်းကျွန်းမြို့နယ်ထဲ စိုက်ထူထားတဲ့
မြန်မာသတင်း

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အကျဉ်းချုပ် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 32 Views
လက်ရှိ နိုဝင်ဘာလတွင် နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အဓိက အာရုံစိုက်နေရသော အခြေအနေများမှာ- ၁။ ရုရှား-ယူကရိန်း တင်းမာမှုများနှင့် စိုးရိမ်မှုများ အပူပေးစနစ်နှင့် စွမ်းအင် အန္တရာယ်။ ယူကရိန်းသည် အဆိုးရွားဆုံး ဆောင်းရာသီ ကို ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတကာ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

အမေရိကန်နှင့် ဗင်နီဇွဲလား ပဋိပက္ခနှင့် ထရမ့်၏ စီမံကိန်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 20 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် လက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက် နေပြီး အဓိကအားဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် ဗင်နီဇွဲလားအစိုးရ အပြောင်းအလဲ တို့နှင့် ဆက်နွှယ်နေပါသည်။ အမေရိကန်နှင့် ဗင်နီဇွဲလားအကြား
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 44 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတက်တွေက တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ