ပီအက်စ်ဂျီတောင်ပံကစားသမား အမ်ဘာပီကို ဆော်ဒီကလပ် အဲလ်ဟီလေအသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် အမ်ဘာပီအနေနဲ့ ပဲရစ်မြို့မှာသာ ပဲရစ်မြို့မှာပဲ ရှိနေရမယ်လို့ မြို့တော်ဝန် အန်နီဟီဒါဂိုကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမ်ဘာပီဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းပယ်ခဲ့တာကြောင့် ပီအက်စ်ဂျီက သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွါခွင့်မပေးဘဲ ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံကာ အမ်ဘာပီနဲ့ ဆွေးနွေးခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ဆုံးဖြတ်ချက်အပေါ် ပဲရစ်မြို့တော်ဝန် ဟီဒါဂိုက စိတ်ပျက်ကြောင်းထုတ်ဖော်ပြောဆိုကာ နိုင်ငံရဲ့အလားအလာအရှိဆုံးကစားသမား အမ်ဘာပီအနေနဲ့ ပဲရစ်မြို့မှာပဲ ဆက်ရှိနေရမယ်လို့ ပြောဆိုသွားခဲ့တာပါ။ ဟီဒါဂိုက “ကျမအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ အမ်ဘာပီဟာ ပဲရစ်မြို့မှာပဲ ဆက်ရှိနေရမှာပါ”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။သတင်းတွေရဲ့ဖော်ပြချက်အရ အဲလ်ဟီလေအသင်းဟာ အမ်ဘာပီကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းနဲ့ ကမ်းလှမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။
အမ်ဘာပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့တာဟာ သူ့ရဲ့ ငယ်ဘ၀အိပ်မက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားလိုတဲ့ဆန္ဒကြောင့်ဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘဏ္ဍာရေးပြဿနာတွေကြောင့် ကစားသမားသစ်တစ်ဦးကို စျေးကြီးပေးခေါ်ယူနိုင်ဖို့ အခြေအနေမရှိသေးတဲ့အနေအထားဖြစ်နေပါတယ်။
#Era’sEye\SportNews