လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းက ဆယ်ကျော်သက် ကွင်းလယ်ကစားသမား ရိုမီယို လာဗီယာကို ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဲဒီကမ်းလှမ်းမှု ပယ်ချခြင်းခံခဲ့ရပါတယ်။ ဘယ်ဂျီယံဆယ်ကျော်သက်ကစားသမားဖြစ်တဲ့ လာဗီယာကို ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး လီဗာပူးအသင်းက ပေါင် ၃၇ နဲ့အတူ အောင်မြင်မှုအလိုက်ပေးမယ့် ထပ်တိုးကြေးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဆောက်သမ်တန်အသင်းက လာဗီယာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားတာကြောင့် လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ လာဗီယာဟာ ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးကနေ ဆောက်သမ်တန်အသင်းကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမဆုံးပွဲမှာပဲ ဆောက်သမ်တန်အတွက် ခြေစွမ်းပြနိုင်ခဲ့လို့ ထိပ်တန်းအသင်းတွေက စိတ်ဝင်စားလာခဲ့ကြတာပါ။



လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆင်နဲ့လမ်းခွဲလိုက်ပြီဖြစ်လို့ လာဗီယာကို ခေါ်ယူဖို့ မျက်စိကျနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း ကန်တီ၊ ကိုဗာဆစ်၊ မေဆင်မောင့်၊ လော့တပ်ဖ်ချိခ်၊ ဇာကာရီယာစတဲ့ ကွင်းလယ်ကစားသမားတွေကို အသင်းက ထွက်ခွါခွင့်ပြုခဲ့တာကြောင့် ပြန်လည် အားဖြည့်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Era’sEye\SportNews