နောက်ခံလူ လုခ်ရှောရဲ့ဒဏ်ရာအခြေအနေဟာ ထင်ထားတာထက်ပိုမိုဆိုးရွားနေတယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘယ်နောက်ခံလူ လုခ်ရှောဟာ လေ့ကျင့်ရေးကွင်းမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် ၂ လခန့် အနားယူရဖွယ် ရှိနေတာပါ။
အလားတူပဲ မန်ယူကွင်းလယ်ကစားသမားသစ် မေဆင်မောင့်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၆ လခန့်အနားယူရဦးမှာဖြစ်ပါတယ်။ လက်ရှိမန်ယူအသင်းမှာ ဒဏ်ရာပြဿနာတွေများပြားနေပြီး ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ မာလာဆီယာကလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရလို့ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမယ့်ပွဲမှာ ဘယ်နောက်ခံလူနေရာအတွက် အခက်တွေ့နေပါတယ်။



အသင်းရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မန်ယူနည်းပြတန်ဟတ်က “လုခ်ရှောရဲ့ ဒဏ်ရာက မေဆင်မောင့်ထက်ပိုဆိုးပါတယ်။ ဒါကြောင့် အနားယူချိန်ပိုပေးရပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ ကျတော်တို့အနေနဲ့ အသင်းရဲ့ ဒဏ်ရာအခြေအနေတွေကို အမြန်ဆုံးဖြေရှင်းဖို့ လိုနေပါပြီ”လို့ ပြောပြသွားခဲ့တာဖြစ်ပါတယ်။
လုခ်ရှောဟာ ယခုရာသီအစပွဲစဉ် ၂ ပွဲစလုံးမှာ မန်ယူအသင်းအတွက် ပွဲထွက်ကစားထားရပြီး အဲရစ်တန်ဟတ်ရဲ့ ဦးစားပေးကစားသမားလည်းဖြစ်ပါတယ်။ မေဆင်မောင့်ကတော့ တံကောက်ကြောဒဏ်ရာကို စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။
Era’sEye\SportNews