နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

နည်းပညာ

နည်းပညာ

တိုယိုတာ EV လျှပ်စစ်ကားတွေ အမေရိကန်ပြိုင်ဘက် TESLA ကို ကျော်နိုင်တော့မလား။

တိုယိုတာ gigacasting ရှေ့ပြေးပုံစံသည် ထုတ်လုပ်မှုကို နာရီမှ မိနစ်အထိ လျှော့ချနိုင်သည်။ တိုယိုတာမော်တာသည် သုံးမိနစ်အတွင်း ကားကိုယ်ထည်၏ သုံးပုံတစ်ပုံကို ဖန်တီးပေးနိုင်သည့် ၎င်း၏ ကိုယ်ပိုင်ကိရိယာများကို ထုတ်ဖော်ပြသခဲ့ပြီး အမေရိကန်ပြိုင်ဘက် TESLA က အသုံးပြုထားသည့် လုပ်ငန်းစဉ်နှင့် ဆင်တူသည်။


အဆိုပါနည်းပညာသည် နောက်ဆုံးတွင် မော်တော်ယာဉ်ထုတ်လုပ်မှုအချိန်ကို ထက်ဝက်လျှော့ချမည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် ကုမ္ပဏီသည် နှစ်စဉ် EV လျှပ်စစ်ကား အစီးရေ ၃.၅ သန်း ရောင်းချရန် ရည်မှန်းချက်အောင်မြင်ရန် ကူညီပေးမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ရှိ တိုယိုတာမော်တာသည် ကားကိုယ်ထည်၏ သုံးပုံတစ်ပုံကို သုံးမိနစ်အတွင်း ဖန်တီးပေးနိုင်သည့် ၎င်း၏ gigacasting ကိရိယာအသစ်၏ ရှေ့ပြေးပုံစံကို ပြသခဲ့ပြီး မကြာမီနှစ်များအတွင်း လျှပ်စစ်ကား အများအပြားကို အချိန်တိုအတွင်း အမြတ်အစွန်း ရရှိရန် တိုးမြှင့်ထုတ်လုပ်မည့် အစီအစဉ်များ၏ အဓိကသော့ချက်ဖြစ်သည်။ ဂျပန်မော်တော်ကားထုတ်လုပ်သူ မျိုးချိ (Myochi) စက်ရုံရှိ စက်သည် မကြာသေးမီက သတင်းထောက်များအတွက် သရုပ်ပြပွဲတစ်ခုအတွင်း မီးခိုးဖြူများ ထုတ်လွှင့်ခဲ့ပြီး သွန်းလောင်းထားသော အလူမီနီယံသည် 700 C မှ 250 C အထိ လျင်မြန်စွာ အအေးခံပြီးနောက် ကားကိုယ်ထည်၏ အောက်ပိုင်း သုံးပုံတစ်ပုံ တစ်ခုလုံးကို အံဝင်ခွင်ကျဖြစ်စေသော အစိတ်အပိုင်းတစ်ခုအဖြစ် ခိုင်မာစွာတည်ဆောက်ပြခဲ့သည်။ ၎င်းကို ပုံမှန်အားဖြင့် နာရီပေါင်းများစွာကြာသော အဆင့်ပေါင်း (၃၃) ဆင့်ပါဝင်သော အစိတ်အပိုင်း (၈၆) ခုဖြင့် တည်ဆောက်ရသည်။

တိုယိုတာသည် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ထက်ဝက်တိတိ လျော့ချရန်နှင့် စက်ရုံရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု ပြင်ဆင်ချိန်များကို လျော့ချဖြတ်တောက်ရန် ရည်မှန်းထားပြီး ၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် လျှပ်စစ်ကား အစီးရေ ၃.၅ သန်း ရောင်းချရန် ကြိုးပမ်းမှုတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ထားသည်။ Gigacasting ကို ၂၀၂၆ တွင်ထွက်ရှိမည့် လျှပ်စစ်ကား မော်ဒယ်အသစ်၏ ရှေ့ပိုင်းနှင့် နောက်ပိုင်းများကို ပြုလုပ်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။ Toyota သည် ၎င်း၏ပထမဆုံး gigacasting ရှေ့ပြေးပုံစံကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တည်ဆောက်ခဲ့သည်။ လေးလံသော မို (ပုံစံခွက်)များသည် ကနဦးတွင် တစ်ရက်လျှင် လဲလှယ်ရန် လိုအပ်သော်လည်း၊ ဖြုတ်ထားရန် လိုအပ်သည့် အစိတ်အပိုင်းများကို လျှော့ချခြင်းဖြင့် မိနစ် ၂၀ အထိအချိန်ကိုလျော့ချ ဖြတ်တောက်ခဲ့သည်။ တိုယိုတာသည် ပုံသွင်းခြင်းအတွက် အကောင်းဆုံး အခြေအနေများကို ခွဲခြမ်းစိတ်ဖြာရန် မူပိုင်ဆော့ဖ်ဝဲဖြင့် ပြိုင်ဆိုင်မှုထက် ၂၀% မြင့်မားသော ကုန်ထုတ်စွမ်းအားကို ရရှိစေရန် ရည်ရွယ်ထားသည်။

တိုယိုတာ၏ နောက်မဟာဗျူဟာမှာ ကိုယ့်အားကိုယ်ကိုး၍ ထုတ်လုပ်ခြင်းဖြစ်သည်၊ EV ထုတ်လုပ်မှုအတွက် လိုအပ်သော စက်ပစ္စည်းအသစ်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် စက်ရုံနေရာအား ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန် လိုအပ်မှုကို ဖြေရှင်းပေးသည်။ ကားထုတ်လုပ်သူ၏ မိုတိုမာချိ (Motomachi) စက်ရုံတွင် တာယာနှင့် ဘက်ထရီပါသည့် တစ်စိတ်တစ်ပိုင်း တည်ဆောက်ထားသည့် ကားတစ်စီးတွင် ဘေးနှစ်ဖက် သို့မဟုတ် အပေါ်အမိုး မပါရှိသော်လည်း၊ သူ့အလိုလို ရွေ့လျားလာပြီး အလိုအလျောက်ပဲ့ထိန်းယာဉ်ဖြင့် သယ်ဆောင်လာသော ထိုင်ခုံများကို ကားပေါ်တွင် စက်ရုပ်လက်မောင်းက တစ်စက္ကန့်လျှင် 0.1 မီတာနှုန်းဖြင့် တွယ်ဆက်တပ်ဆင်ပေးသည်။ ပြီးသည်နှင့် မော်တော်ယာဉ်သည် စစ်ဆေးခံရန်နှင့် ပို့ဆောင်ရန်အတွက် အခြားနေရာသို့ ရွေ့လျားသွားသည်။


ဤတပ်ဆင်မှုသည် သယ်ယူပို့ဆောင်ရေး ခါးပတ်များကို အသုံးချရန် မလိုအပ်တော့ဘဲ စက်ရုံ၏ အပြင်အဆင်ကို ပိုမိုမြန်ဆန်စွာ ပြောင်းလဲနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကို လျှော့ချနိုင်စေပါသည်။ တိုယိုတာ၏ ရည်မှန်းချက်သည် ယခု ၁၀ နာရီဝန်းကျင်ကြာမြင့်သော တပ်ဆင်မှုအချိန်ကို ထက်ဝက်လျှော့ချရန် ဖြစ်သည်။

ဘက်ထရီ ကုန်ကျစရိတ် မြင့်မားခြင်းသည် သမားရိုးကျ ထုတ်လုပ်ရေးနည်းလမ်းများကို ချဲ့ထွင်ရုံဖြင့် EV လျှပ်စစ်ကားများကို အမြတ်အစွန်းရအောင် ထုတ်လုပ်ရန် ခက်ခဲစေသည်။ Gigacasting နည်းပညာကို အသုံးပြုထားပြီးဖြစ်သည့် TESLA သည် သတ်မှတ်ထားသော လျှပ်စစ်ကား မော်ဒယ်များကိုသာ အမြောက်အမြား တည်ဆောက်ခြင်းဖြင့် သူ့ကိုယ်သူ ကုန်ကျစရိတ် အပြိုင်အဆိုင် ရှိနေခဲ့ခြင်းကို ကျော်လွှားပြီး ထိန်းထားနိုင်ခဲ့သည်။ တိုယိုတာသည် ၎င်း၏ယခင်က ရှိနေခဲ့ပြီးသော ကားထုတ်လုပ်သည့် နည်းပညာနှင့် စက်ကိရိယာများအပြင် ၎င်း၏ကျယ်ပြန့်သော ကားအမျိုးအစား မော်ဒယ်လ်များနှင့်အတူ သက်တမ်းနုသေးသည့် ကုမ္ပဏီများနှင့် ကွဲပြားစွာရှိနေခဲ့သည်။


“ စိန်ခေါ်မှုအတွက် အထူးပြု EV ထုတ်လုပ်သူတွေဆီက ရွေးချယ်စရာအသစ်များကို လေ့လာသင်ယူနေပါတယ်” ဟု ထုတ်လုပ်မှု အရာရှိချုပ် ကာဇူကီ ရှင်ဂို (Kazuaki Shingo) က ပြောကြားခဲ့သည်။ တိုယိုတာသည် ၂၀၂၆ ခုနှစ်တွင် EV အစီးရေ ၁.၅ သန်း ရောင်းချရန် ရည်မှန်းထားပြီး ယမန်နှစ်ကထက် စုစုပေါင်း အဆ ၆၀ နီးပါး ရှိသည်။ Nakanishi သုတေသန အင်စတီကျုမှ အမှုဆောင်အရာရှိ တာကာကီ နာကာနိရှိ (Takaki Nakanishi) သည် လက်ရှိ Toyota New Global Architecture ပလပ်ဖောင်းပေါ်တွင် ၄၀% သို့မဟုတ် ထို့ထက်မက တည်ဆောက်ရန် မျှော်လင့်ထားပြီး ကျန်အရာများမှာ EV specific platform ကို အသုံးပြုထားသည်။ တိုယိုတာ၏ သမားရိုးကျ ကိုယ်ထည်များသည် ဖွံ့ဖြိုးတိုးတက်မှုတွင် ထိရောက်မှု သက်တောင့်သက်သာဖြစ်မှုအတွက် ဟန်ချက်ညီစေရန် ဒီဇိုင်းထုတ်ထားသော်လည်း ၎င်းတို့သည် EV လျှပ်စစ်ကားများတွင် အမြတ်အစွန်း ရရှိရန် မမျှော်လင့်နိုင်ပေ။ ကားထုတ်လုပ်သူများသည် ၂၀၃၀ ခုနှစ်တွင် ရောင်းချရန် ရည်မှန်းထားသည့် EV အစီးရေ ၃.၅ သန်း၏ ၁.၇ သန်းဝန်းကျင်တွင် ၎င်း၏ ကိုယ်ထည် အသစ်များကို အသုံးပြုရန် မျှော်လင့်ထားသည်။ တိုယိုတာသည် ၂၀၂၂ ခုနှစ်တွင် EV အစီးရေ ၂၄,၀၀၀ ခန့် ရောင်းချခဲ့ရပြီး TESLA ၏ ထုတ်လုပ်မှုစီးရေ ၁.၃၁ သန်းခန့်နောက်တွင် သိသိသာသာ နောက်ကျကျန်နေခဲ့သည်။
Source: Nikkei

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နည်းပညာ နိုင်ငံတကာ အနုပညာ နိုင်ငံတကာစီးပွားရေး လက်တင်အမေရိက အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ရုရှား အရှေ့ဖျားရှိ တိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်စဉ် တိုက်လေယာဉ်အတွင်းပိုင်းကို ကင်ဂျုံအွန်အား ရုရှားက ထုတ်ဖော်ပြသ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 173 Views
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားတိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်ခွင့်ရပြီး တိုက်လေယာဉ်မျးကို အနီးကပ်ကြည့်ရသည့်အတွက် “ နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားရလောက်အောင် အလွန်အမှတ်ရဖွယ်” ဖြစ်ခဲ့ကြောင်း
ဆောင်းပါးများ နည်းပညာ ဥရောပ

iPhone 15 စီးရီးအသစ်ကို Apple ကြေညာ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 170 Views
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်၊ ကူပါတီနို၊ ကယ်လီဖိုးနီးယား။ စက်တင်ဘာလ (၁၂) ရက်နေ့တွင် Apple ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုရှိ Apple ရုံးချုပ်မှာ ကျင်းပတဲ့ မိတ်ဆက်ပွဲမှာ `iPhone 15´
ဆောင်းပါးများ နည်းပညာ သိပ္ပံ အချက်အလက်များ အတွေးအမြင်ကဏ္ဍ အာရှ

ဆီမီးကွန်ဒတ်တာများ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 152 Views
ပိုမိုအားကောင်းသည့် ChatGPT ကို ပြုလုပ်ရန် TSMC သည် ဆီလီကွန် ဖိုတိုနစ်စ် (silicon photonics) များနှင့် လောင်းကြေးထပ်လိုက်သည်။ ထွန်းသစ်စနယ်ပယ်သည် နည်းပညာသမားများအတွက် တိုက်ပွဲသစ်ဖြစ်လာသည်။ တိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ သည် ChatGPT
ဆောင်းပါးများ နည်းပညာ သိပ္ပံ အချက်အလက်များ အတွေးအမြင်ကဏ္ဍ

ဘီလျံနာအီလွန်မာ့စ် စစ်ပွဲတွင် အရေးပါတဲ့အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 137 Views
CNN သီးသန့်ဆောင်းပါး။အီလွန်မာ့စ်ရဲ့ အတ္ထုပ္ပတ္တိအသစ်က ယူကရိန်းအကျပ်အတည်းကို ဘီလျံနာတယောက်က ဘယ်လိုစွမ်းဆောင်စေနိုင်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်သစ်တွေကို သိရှိနိုင်တော့မှာပါ။ အီလွန်မာ့စ်သည် ၎င်း၏ အင်ဂျင်နီယာများအား ခရိုင်မီးယား ကမ်းရိုးတန်းအနီးရှိ Starlink ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကို လျှို့ဝှက်စွာ ပိတ်ထားရန် ပြီးခဲ့သည့်နှစ်က ရုရှားရေတပ်သင်္ဘောအား ယူကရိန်းက
ဆောင်းပါးများ နည်းပညာ သဘာ၀ပတ်ဝန်းကျင်

ဂျပန်နိုင်ငံ ကာရှီဝါမြို့က မြေပဲခွံသားရေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 181 Views
ဂျပန်နိုင်ငံ ချီးဘားစီရင်စု၏ မြေပဲအလွန်ထွက်ရှိသည့်မြေရှိ ကုမ္ပဏီတစ်ခုသည် နီညိုရောင်မြေပဲဆံ၏အခွံပါးကို သားရေတု ပြုလုပ်ရန် နည်းလမ်းတစ်ခုကို တီထွင်လိုက်ပြီဖြစ်သည်။ ကာရှီဝါမြို့ရှိ ကာရှီဝါသားရေလုပ်ငန်းကုမ္ပဏီတွင် မြေပဲခွံသားရေ ထုတ်ကုန်အမျိုးအစား ရှစ်မျိုးတွင် ပိုက်ဆံအိတ်များနှင့် ကျောပိုးအိတ်များ ပါဝင်သည်။ ချီးဘားစီရင်စု တာတေယာမာရှိ ကီမူရာမြေပဲကုမ္ပဏီမှ
ထိုင်းနိုင်ငံရေး နည်းပညာ ဥရောပ

ရုရှားသမတပူတင်နှင့်ဝက်ဂနာခေါင်းဆောင်တို့အကြားဘီလာရုစ်သမ္မတကပွဲစားလုပ်ဖြန်ဖြေပေးသဖြင့်ပြေလည်မှုရရှိခဲ့။

  • 2023 ခုနှစ်၊ ဇွန်လ 25 ရက်
  • 227 Views
ထိုသဘောတူညီချက်အကြောင်း ကျွန်ုပ်တို့သိထားသည်များ ရစ်ဂနီပရီဂေါရှင်း (Yevgeny Prigozhin) သည် စနေနေ့တွင် ရုရှားနိုင်ငံ ရော့စတော့ဖ်အွန်ဒွန်း(Rostov-on-Don) မြို့ရှိ တောင်ပိုင်းစစ်ခရိုင်ဌာနချုပ်မှ ထွက်ခွာသွားသည်။ (ရိုက်တာသတင်း) ဝါဂနာ အကြီးအကဲ ဦးဆောင်သော လက်နက်ကိုင်ပုန်ကန်မှု ရုတ်တရက်ပေါ်ပေါက်လာပြီးနောက် သိသိသာသာပြန်လည် ရပ်တန့်သွားပြီးနောက်
နည်းပညာ နိုင်ငံတကာစီးပွားရေး

Tesla (တယ်ဆာ လျှပ်စစ်ကား) သည် အိန္ဒိယသို့ လူသားတို့ကိုအကျိုးပြုရန်အတွက် တတ်နိုင်သမျှ မြန်မြန်လာမည်ဟု အီလွန်မာ့စ် ကပြောသည်။

  • 2023 ခုနှစ်၊ ဇွန်လ 22 ရက်
  • 151 Views
CNN -Tesla အမှုဆောင်အရာရှိချုပ် အီလွန်မာစ့် က နယူးယော့ခ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒယာမိုဒီ နှင့် တွေ့ဆုံပြီးနောက် ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် လူသားတို့ကိုအကျိုးပြုရန်အတွက် ရင်းနှီးမြှုပ်နှံရန် “ တတ်နိုင်သမျှ အမြန်ဆုံး” ကြိုးပမ်းနေကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။