နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နည်းပညာ ဥရောပ

iPhone 15 စီးရီးအသစ်ကို Apple ကြေညာ။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်၊ ကူပါတီနို၊ ကယ်လီဖိုးနီးယား။


စက်တင်ဘာလ (၁၂) ရက်နေ့တွင် Apple ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုရှိ Apple ရုံးချုပ်မှာ ကျင်းပတဲ့ မိတ်ဆက်ပွဲမှာ `iPhone 15´ စီးရီးအသစ်ကို ကြေညာခဲ့ပါတယ်။ ကောလဟာလသတင်းတွေအတိုင်း အားသွင်းကြိုးကို ကုမ္ပဏီမူပိုင် “ Lightning” ကနေ “ USB-C” ကို ပြောင်းမယ်လို့လည်း အတည်ပြုထားပါတယ်။


တစ်ချိန်တည်းမှာပဲ Apple ဟာ စမတ်နာရီထုတ်ကုန်သစ်များဖြစ်သည့် Apple Watch Series 9 နဲ့ Ultra 2 တို့ကို အရောင်အသစ်များ၊ လုပ်ဆောင်ချက်အသစ်များ ပေါင်းစပ်ထည့်သွင်းပေးထားတယ်လို့ ကြေညာခဲ့ပါတယ်။

Apple ဟာ ၎င်း၏ နှစ်ပတ်လည်ကွန်ဖရင့်မှာ iPhone ရဲ့ဘက်ထရီသက်တမ်းနဲ့ ကင်မရာစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် USB-C ကို ပြောင်းလဲလိုက်ခြင်းဟာ လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း အကြီးမားဆုံး ပြောင်းလဲမှု ဖြစ်ပါတယ်။ အဲ့ဒီအချက်ကတော့ ထုတ်ကုန်အမျိုးမျိုးနဲ့ ထုတ်လုပ်သူများကို ပိုမိုလွယ်ကူစွာ ဆွဲသွင်းယူလိုက်နိုင်ပြီး အားသွင်းဖို့လည်း ပိုမိုလွယ်ကူလာမှာ ဖြစ်ပါတယ်။

Apple ဟာ iPhone သုံးသူတွေကို iPhone မော်ဒယ်အသစ်နဲ့ အစားထိုးဖို့ ဆွဲဆောင်မှုတွေ ပေးဖို့လိုအပ်နေပါတယ်။ သုံးစွဲသူတွေဟာ iPhone အသစ်တွေနဲ့ အစားထိုးသုံးစွဲဖို့ အလားအလာ နည်းပါးလာတာကို အချက်အလက်တွေအရလည်း တွေ့မြင်နေရပါတယ်။ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ iPhone ရောင်းအားဟာ သုံးလပတ်ဆက်တိုက် ကျဆင်းသွားခဲ့ပြီး အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ကြည့်ရင် ၂ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။ iPhone 15 စီးရီးရဲ့ စျေးနှုန်းများကို မပြောင်းလဲဘဲ ထိန်းသိမ်းထားမယ်လို့လည်း Apple က စက်တင်ဘာလ (၁၂) ရက်နေ့မှာ ကြေငြာခဲ့ပြီး သုံးစွဲသူများကို iPhone အသစ်သုံးဖို့ တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။


iPhone 15 စီးရီးမိတ်ဆက်

အခုမိတ်ဆက်တဲ့ “ iPhone 15s” ဟာ အသိပေးချက် (နိုတီများ) နှင့် လုပ်ဆောင်ချက်တွေရဲ့ အချက်အလက်တွေကို ပြသပေးတဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့ “ Dynamic Island” တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ Feature (အင်္ဂါရပ်) ကို iPhone 14 Pro မှာသာ အသုံးပြုနိုင်ခဲ့ပါတယ်။
iPhone 15 ရဲ့ အခြေခံမော်ဒယ်မှာ ဓာတ်ပုံနဲ့ ဗီဒီယိုများရိုက်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ ရုပ်ပုံတည်ငြိမ်မှုရရှိခြင်း၊ 2x telephoto, Portrait နဲ့ အနီးကပ်ရိုက်ကူးတဲ့အခါ၊ မှောင်တဲ့နေရာတွေမှာ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့အခါ အရောင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ အဆင့်မြင့်မော်ဒယ်မှာ ပိုမိုကောင်းမွန်တဲ့ အာရုံခံကိရိယာနဲ့ အဆင့်မြင့် 48-megapixel ကင်မရာကို တပ်ဆင်ထားပါတယ်။ iPhone 15 Pro Max မှာ 5x optical zoom ပံ့ပိုးပေးတဲ့ ကင်မရာ တပ်ဆင်ထားပါတယ်။


iPhone 15s တွင် iPhone 14 Pro ကဲ့သို့တူညီသော “ A16 Bionic” ချစ်ပ်ကို တပ်ဆင်ထားပါသည်။ ယခုအခါ ၎င်းသည် အာရုံကြောအင်ဂျင်ကို အသုံးပြု၍ မျက်နှာပြင်ပေါ်တွင် အသံမေးလ် စာသားမှတ်တမ်းများကို တိုက်ရိုက်ပြသခြင်းကဲ့သို့ ရှုပ်ထွေးသောအလုပ်များကို ကိုင်တွယ်နိုင်ပြီဖြစ်သည်။


UWB (Ultra Wideband) ချစ်ပ်တပ်ဆင်ထားသည့် iPhone 15 ဟာ လူစုလူဝေးအတွင်းမှာပင် သူငယ်ချင်းတွေနဲ့ တည်နေရာအချက်အလက်တွေကို အလွယ်တကူ ဖလှယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။


အမေရိကာမှာ iPhone 15 က ၇၉၉ ဒေါ်လာနဲ့ iPhone 15 Pro က ၉၉၉ ဒေါ်လာကနေ စတင်ရောင်းပါတယ်။ ကြိုတင်မှာယူမှုတွေကိုတော့ ၁၅ ရက်နေ့မှ စတင်မှာဖြစ်ပြီး လာမယ့်အပတ်မှာ အရောင်းဆိုင်တွေမှာ ရနိုင်မှာ ဖြစ်ပါတယ်။
iPhone 15 စီးရီးအသစ်မှာ အကြီးမားဆုံးပြောင်းလဲမှုကတော့ USB-C ကို အသုံးပြုတာ ဖြစ်ပြီး ၁၁ နှစ်ကြာ အသုံးပြုခဲ့တဲ့ Apple ရဲ့ကိုယ်ပိုင် Lightning အားသွင်းခြင်းကို ရပ်ဆိုင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အခုအခါ အသုံးပြုသူတွေက သူတို့ရဲ့ iPhone, iPad နဲ့ Mac တို့ကို တူညီတဲ့ USB-C အားသွင်းကြိုးကို အသုံးပြုပြီး အားသွင်းနိုင်ပြီး သီးခြားအားသွင်းကြိုးများကို ရှာဖွေရန် မလိုအပ်တော့ဘူးလို့လည်း သိရပါတယ်။

Apple ရဲ့ အဆိုအရ iPhone 15 Pro အတွက် သီးသန့် USB-C ထိန်းချုပ်ကိရိယာကို အသုံးပြုရင် USB-2 ထက် အဆ ၂၀ အထိ ကူးပြောင်းမှုအမြန်နှုန်းကို တိုးမြှင့်ပေးမယ်လို့လည်း ဆိုပါတယ်။

Apple Watch Series 9

စမတ်လက်ပတ်နာရီအသစ် “ Apple Watch Series 9” မှာ Apple က ထုတ်လုပ်ထားတဲ့ အိမ်တွင်းရှိ ဆီလီကွန်ချစ်ပ်နဲ့ UWB ချိတ်ဆက်မှု လုပ်ဆောင်ချက်တို့ ပါရှိပါတယ်။

အသံကို အသုံးပြုပြီး ကျန်းမာရေးအချက်အလက်တွေကို မှတ်တမ်းတင်နိုင်တဲ့ Feature လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အရောင်တွေကတော့ ပန်းရောင်၊ မိုးပြာရောင်၊ အနီရောင်၊ ရွှေရောင်၊ ငွေရောင်နဲ့ ဂရပ်ဖိုက် (ခဲရောင်) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။


Source: CNN
ဓာတ်ပုံ (၁) Jeff Chiu/AP
ဓာတ်ပုံ (၂) Samantha Kelly/CNN
ဓာတ်ပုံ (၃) Apple Watch Series 9, Apple Website

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

NUGရဲ့ ဖြုတ်ထုတ်သတ်လမ်းစဥ်နဲ့ တော်လှန်ရေးအောင်မလား?

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 66 Views
ခေတ်မျက်လုံး အထူးဆောင်းပါး တော်လှန်ရေးအောင်မြင်ဖို့မှာ စစ်အုပ်စုကို တိုက်နေတဲ့အဖွဲ့အစည်းတွေ ကြီးငယ်မ‌ရွေး ညီညွတ်ဖို့လိုသလို ငါတို့ဟာ အင်အားကြီးမားပြီး အလွန်ကောက်ကျစ်တဲ့ ဘုံရန်သူကို တိုက်နေရတယ်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 150 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 151 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 167 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 172 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 191 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်