နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

တကမ္ဘာလုံးမှာ မြန်မာအပါအဝင် ဒုက္ခသည် ၁၁၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။

အစ္စရေးနှင့် ဂါဇာတွင် ယခုလအတွင်း စစ်ပွဲများ မဖြစ်ပွားမီ စုစည်းထားသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကြောင့် လူပေါင်း ၁၁၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည်ဟု ယုံကြည်ရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ နှစ်လယ်အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ရခြင်း၏ အဓိက အကြောင်းရင်းများမှာ ယူကရိန်းတွင် ရုရှားကျူးကျော်စစ်ပွဲနှင့် ပဋိပက္ခများ ဖြစ်နေသည့် ဆူဒန်၊ ကွန်ဂိုနှင့် မြန်မာနိုင်ငံတို့ကြောင့်ဖြစ်သည်။

ဓာတ်ပုံ။ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသော ကရင်ဒုက္ခသည်များ

အာဖဂန်နစ္စတန်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်အတူ ဆိုမာလီယာတွင် မိုးခေါင်မှု၊ ရေကြီးမှုနှင့် မလုံခြုံမှုများ အပါအဝင် ရာသီဥတုဆိုင်ရာ ကပ်ဘေးများသည်လည်း စိုးရိမ်ဖွယ်ရာ အမှတ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

“အခုကမ္ဘာ့အာရုံစိုက်မှုဟာ ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးအပေါ်မှာ ရှိပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ ပဋိပက္ခတွေ များပြား ကြီးထွားလာနေပြီး အပစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖြိုခွဲဖျက်ဆီးပစ်ခံနေပါတယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီ (Filippo Grandi) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးက ဂါဇာကမ်းမြောင်၏ မြောက်ဘက်တွင် နေထိုင်သူများကို တောင်ဘက်သို့ ဦးတည်ထွက်ခွာရန် သတိပေးပြီးနောက် ဂါဇာရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးစခန်းများတွင် ရွှေ့ပြောင်းနေထိုင်သူ ၆၀ဝ,၀၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအေဂျင်စီက ပြောကြားခဲ့သည်။

“ဂါဇာ၊ ဆူဒန်နဲ့ တခြားနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကျွန်တော်တို့ စောင့်ကြည့်ရတဲ့အခါ ဒုက္ခသည်တွေနဲ့ တခြား ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ ဖြေရှင်းချက်တွေရဲ့ အလားအလာဟာ အလှမ်းဝေးတယ်လို့ ခံစားရတယ်” ဟု ဂရမ်ဒီ က ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျွန်တော်တို့ လက်လျှော့လို့ မရဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေအတွက် အဖြေရှာဖို့ ဆက်လက်၍ တွန်းအားပေးရမယ်။” ဟု သူက ဆက်လက်ပြောခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 25 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏