နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

၁၀၂၇ စစ်ဆင်ရေးစတဲ့ရက် ကိုးကန့်တပ်နဲ့ မဟာမိတ်တွေ ရှမ်းမြောက်မှာ ထိုးစစ်ဆင်တိုက်ခိုက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးနဲ့ ချင်းရွှေဟော်အပါအဝင် နေရာအများအပြားမှာ ကိုးကန့်တပ် (MNDAA) နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ဒီကနေ့ နံနက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၇) ရက်နေ့ကစပြီး ကိုးကန့်တပ် (MNDAA) အပါအဝင် ရက္ခိုင့်တပ် (AA) နဲ့ တအာင်းတပ်(TNLA)တို့ ပူးပေါင်းကာ စစ်အာဏာရှင်ချေမှုန်းတဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်ကြောင်း ကြေညာတဲ့နေ့မှာပဲ ထိုးစစ်ဆင် တိုက်ခိုက်လာတာပါ။

“ လားရှိုးမှာက မနက် (၄)နာရီလောက်ကတည်းက စပြီးပစ်တာ။ မြို့အဝင်တိုးဂိတ်တွေဘက်မှာလဲ ပစ်နေတာကြားရတယ်။ ကိုးကန့်တပ်ကလည်း အခု လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်ပြီ” လို့ လားရှိုးဒေသခံတစ်ဦးက ဆိုထားပါတယ်။

ဒီကနေ့ နံနက်ပိုင်းကစပြီး လားရှိုး၊ ချင်းရွှေဟော်၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချိုနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေ ဝင်ရောက်တိုက်ခိုက်ခံနေရတာကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေလည်း ပြန့်ကျဲနေတာကို ဗီဒီယိုတွေမှာ တွေ့မြင်ရပါတယ်။

ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်ခံနေရတဲ့ လားရှိုးမြို့မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာတွေရှိပြီး ရေပူစမ်းတိုးဂိတ်လည်း ပျက်ဆီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ချင်းရွှေဟော်မြို့ကိုလည်း ညီနောင်မဟာမိတ်အဖွဲ့တွေက ဒီကနေ့ နံနက်ပိုင်းကစပြီး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောဆိုတာတွေရှိနေကာ စစ်ကောင်စီတပ်စခန်းတွေ ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရှိရသေးပါ။

ဒီကနေ့ နံနက် (၆) နာရီကစပြီး လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်လိုက်ကြောင်း ကိုးကန့်တပ် (MNDAA)က ထုတ်ပြန်ထားကာ လမ်းပြန်ဖွင့်မယ့်ရက်ကိုတော့ ထပ်မံအသိပေးကြေညာသွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ထဲကတဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း စစ်ဆင်ရေး ၁၀၂၇ စတင်ကြောင်း ကြေညာတဲ့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုတပတ် တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 2 Views
နိုဝင်ဘာလ (၃၀)ရက်။ နိုဝင်ဘာလ (၂၃)ရက်နေ့ကစပြီး (၂၉)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသက စစ်ဆင်ရေးတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၂)ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မုံရွာမြို့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား အနီးကပ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 2 Views
နိုဝင်ဘာလ (၃၀)ရက်။ မနေ့က မုံရွာမြို့ အလယ်ရပ်ကွက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို အနီးကပ်ရှင်းလင်းခဲ့တယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေတပ်ရဲ့ ပစ်ခတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ထိမှန်တယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီငြင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
နိုဝင်ဘာလ (၃၀)ရက်။ စစ်တပ်ရေတပ်က ပစ်ခတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ထိမှန်ဒဏ်ရာရတယ်ဆိုတာ မဟုတ်ဘူးဆိုပြီး စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ နိုဝင်ဘာလ (၂၇)ရက်နေ့က နှစ်နိုင်ငံ နယ်စပ်ဒေသ ကော့ဘဇားရှိ စိန့်မာတင်ကျွန်းအနီး စစ်တပ်ရဲ့ ပစ်ခတ်တာကြောင့်
မြန်မာသတင်း

တိုင်းစစ်ဌာနချုပ်တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၅) သင်တန်းဆင်းပွဲတွေပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
နိုဝင်ဘာလ (၃၀)ရက်။ မနေ့က တိုင်းစစ်ဌာနချုပ်တွေရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၅)ကို စက်တင်ဘာလ (၉)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းကာလထဲ
မြန်မာသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်စခန်း (၁၃၀)ကျော်အထိ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 4 Views
နိုဝင်ဘာလ (၃၀)ရက်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်စခန်း (၁၃၈)ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ KNLA နဲ့ မဟာမိတ်အဖွဲ့တွေက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ နယ်မြေစိုးမိုးရေး သိသိသာသာ ရရှိခဲ့ပြီး စစ်ကောင်စီစစ်စခန်း
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ရာမာ (၂) (Rama II) လမ်းတွင် ကရိန်းပျက်ကျပြီး မြန်မာ ၃ ဦး၊ ထိုင်း ၁ ဦးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 7 Views
နိုဝင်ဘာလ (၂၉) ရက်။ တနင်္လာနေ့ နံနက်စောစောပိုင်းက ရာမာ(၂) လမ်းတွင် ကရိန်းနှင့် ကွန်ကရစ် အစိတ်အပိုင်း ပြိုကျသဖြင့်လူ ၄ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့သည်။ ရာမာ (၂) လမ်းမှ မြို့ပြင်ထွက်သည့် လမ်းဆောက်လုပ်နေသည့်အပေါ် လမ်းအပိုင်း M82
မြန်မာသတင်း

ထီးလင်းမြို့ စခန်းကြီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့၊ ထီးလင်းမြို့ကို အထိနာခဲ့တဲ့ စစ်ကောင်စီက အင်အားထပ်ဖြည့်ဖို့ရှိနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 7 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့က နံနက် (၉)နာရီခန့်ကစပြီး ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့အနီးရှိ စခန်းကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတက်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့နဲ့ (၁)မိုင်လောက်အကွာ စခန်းကြီးမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
မြန်မာသတင်း

ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 8 Views
စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး (၁၅)ဦးထက်မနည်း ဒဏ်ရာ ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊  စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး (၁၅)ဦးထက်မနည်း ဒဏ်ရာရခဲ့ နိုဝင်ဘာလ (၂၉)ရက်။ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က ခါချဉ်တောင်ပေါ်တက်လာတဲ့ အင်အား(၈၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို