နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

၁၀၂၇ စစ်ဆင်ရေးစတဲ့ရက် ကိုးကန့်တပ်နဲ့ မဟာမိတ်တွေ ရှမ်းမြောက်မှာ ထိုးစစ်ဆင်တိုက်ခိုက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးနဲ့ ချင်းရွှေဟော်အပါအဝင် နေရာအများအပြားမှာ ကိုးကန့်တပ် (MNDAA) နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ဒီကနေ့ နံနက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၇) ရက်နေ့ကစပြီး ကိုးကန့်တပ် (MNDAA) အပါအဝင် ရက္ခိုင့်တပ် (AA) နဲ့ တအာင်းတပ်(TNLA)တို့ ပူးပေါင်းကာ စစ်အာဏာရှင်ချေမှုန်းတဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်ကြောင်း ကြေညာတဲ့နေ့မှာပဲ ထိုးစစ်ဆင် တိုက်ခိုက်လာတာပါ။

“လားရှိုးမှာက မနက် (၄)နာရီလောက်ကတည်းက စပြီးပစ်တာ။ မြို့အဝင်တိုးဂိတ်တွေဘက်မှာလဲ ပစ်နေတာကြားရတယ်။ ကိုးကန့်တပ်ကလည်း အခု လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်ပြီ”လို့ လားရှိုးဒေသခံတစ်ဦးက ဆိုထားပါတယ်။

ဒီကနေ့ နံနက်ပိုင်းကစပြီး လားရှိုး၊ ချင်းရွှေဟော်၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချိုနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေ ဝင်ရောက်တိုက်ခိုက်ခံနေရတာကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေလည်း ပြန့်ကျဲနေတာကို ဗီဒီယိုတွေမှာ တွေ့မြင်ရပါတယ်။

ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်ခံနေရတဲ့ လားရှိုးမြို့မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာတွေရှိပြီး ရေပူစမ်းတိုးဂိတ်လည်း ပျက်ဆီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ချင်းရွှေဟော်မြို့ကိုလည်း ညီနောင်မဟာမိတ်အဖွဲ့တွေက ဒီကနေ့ နံနက်ပိုင်းကစပြီး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောဆိုတာတွေရှိနေကာ စစ်ကောင်စီတပ်စခန်းတွေ ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရှိရသေးပါ။

ဒီကနေ့ နံနက် (၆) နာရီကစပြီး လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်လိုက်ကြောင်း ကိုးကန့်တပ် (MNDAA)က ထုတ်ပြန်ထားကာ လမ်းပြန်ဖွင့်မယ့်ရက်ကိုတော့ ထပ်မံအသိပေးကြေညာသွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ထဲကတဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း စစ်ဆင်ရေး ၁၀၂၇ စတင်ကြောင်း ကြေညာတဲ့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို