နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါက်မြို့နယ် တောင်ပိုင်းကို အင်အား(၈၀)ပါတဲ့စစ်ကောင်စီတပ်က စစ်ကြာင်းထိုးဝင်ရောက် ဒေသခံများထောင်နှင့်ချီထွက်ပြေး

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ် က အင်အား (၈၀)ခန့်စီပါဝင်နေတဲ့ စစ်ကြောင်းနှစ်ကြောင်း နဲ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်ကတည်းက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံများက​ပြောသည်။

ပေါက်မြို့နယ်​တောင်ပိုင်းမှ ထွက်​ပြေးတိမ်း​ရှောင်နရ​​သော​ ဒေသခံပြည်သူများ ။ဓါတ်ပုံ-CJ

အဲဒီစစ်ကြောင်းတွေဟာ ကျေးရွာတွေကို ဝင်ရောက် စစ်ကြောင်းထိုးနေပြီး ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်မြို့နယ်​တောင်ပိုင်းမှ ထွက်​ပြေးတိမ်း​ရှောင်နရ​​သော​ဒေသခံပြည်သူများ ။ဓါတ်ပုံ-CJ

စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ နှစ်ဖက်​ထိခိုက်ကိဆုံးမှုအ​ခြေအ​နေများကို မသိရှိရသေးပါဘူး။

ပေါက်မြို့နယ်​တောင်ပိုင်းမှ ထွက်​ပြေးတိမ်း​ရှောင်နရ​​သော​ဒေသခံပြည်သူများ ။ဓါတ်ပုံ-CJ
ပေါက်မြို့နယ်​တောင်ပိုင်းမှ ထွက်​ပြေးတိမ်း​ရှောင်နရ​​သော​ဒေသခံပြည်သူများ ။ဓါတ်ပုံ-CJ

အခုလို စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံတွေဟာ ‌ပန်းတော်ကန်၊ သဖန်းချောက်၊ ဇီးဖြုကုန်း၊ ရေယာဉ်တောင်စု၊မြောက်စုစသည့်ကျေးရွာများမှ ဒေသခံထောင်ချီထွက်ပြေးနေရတာဖြစ်တယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သက်ငယ်မုဒိန်းမှုအပါအဝင် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 14 Views
BNRA တပ်ဖွဲ့ဝင် (၁၅၀)ခန့် အဖမ်းခံတာ၊ ပူးပေါင်းတာနဲ့ လက်နက်အပ်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၁၈)ရက်။ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့
မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူပိုင်နေအိမ် (၃၄)လုံး ပြာကျခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရေစကြိုမြို့နယ် သမန္တပို့ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်မှာ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade ထံက သိရပါတယ်။ “ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းက ညောင်ပင်ကြီးစုရွာ စာသင်ကျောင်းနဲ့ ရွာထဲကို Yak-130
မြန်မာသတင်း

NUG နဲ့ BNRA တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်တပ် ဗုံးကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ပုလဲနယ်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတွေနဲ့ BNRA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်တပ်က ဗုံးလာကြဲသွားတယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ခရိုင်ရင်းတွေ လာတိုက်သွားတဲ့ ပုပ္ပါးဂိတ်ကိုပဲ စစ်တပ်က
မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ DNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တာ (၄)နာရီကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား ဖျက်ဆီးခံရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ သေချာမသိရဘူး။ အခုဖျက်ဆီးခံရတာက ဖားဆောင်းဘက်အခြမ်းမှာဖြစ်တာ” လို့
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့