နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် ရခိုင်ပြည်နယ် ရောက်ရှိ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို သွားရောက်ကြည့်ရှုခဲ့ကြောင်း ဖေဖော်ဝါရီလ (၂၇) ရက်နေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ခံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။ အာဏာ သိမ်းစစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းနေရာအား သွားရောက်ကြည့်ရှုလေ့လာကြပြီး စစ်တွေမြို့ တွင် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Bibekananda Bhattamishra နှင့် တွေ့ဆုံကာ စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

အိန္ဒိယအစိုးရ၏ ဗျူဟာမြောက်စီမံကိန်းဖြစ်သည့် ဤစီမံကိန်းတွင် ရခိုင်ပြည်နယ် ကုလားတန် မြစ်ဝမှ စစ်တွေဆိပ်ကမ်း တည်ဆောက်ခြင်း၊ ပလက်ဝဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ကုလားတန်မြစ်ကို သောင်တူးခြင်း စသည့် လုပ်ငန်းများမှာ ပြီးစီးနေပြီဖြစ်သော်လည်း ချင်းပြည်နယ် ပလက်ဝမှ နှစ်နိုင်ငံနယ်စပ် ဇိုရင်ပွီအထိ ဖြတ်သန်း ဆက်သွယ်မည့် ၁၀၉ ကီလို မီတာ ရှည်သည့် နှစ်လမ်းသွား အဝေးပြေးလမ်း ဆောက်လုပ်ရေးလုပ်ငန်းမှာမူ စတင်နိုင်ခြင်း မရှိသေးပေ။ ၎င်းနှစ်လမ်းသွား အဝေးပြေးလမ်းတွင် အပိုင်း (၂) ပိုင်း ပါဝင်ပြီး ပလက်ဝမှ ကလေးဝသို့ ဆက်သွယ်သည့် အပိုင်းနှင့် ၄၁ ဒသမ ၅ ကီလိုမီတာ ရှည်လျားသည့် ကလေးဝမှ ဇိုရင်ပွီသို့ ဆက်သွယ်သည့် အပိုင်းဖြစ်သည်။

၎င်းအဝေးပြေးလမ်းတည်ဆောက်ရေး အသေးစိတ်ကို အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနနှင့် စီမံကိန်း အကောင်အထည် ဖော်ရေးလုပ်ငန်း (PIA) ဖြစ်သည့် IRCON International Limited တို့အကြား ချုပ်ဆိုသည့် စာချုပ်သစ်တွင် ဖော်ပြထား သည်။ IRCON International Limited သည် အိန္ဒိယမီးရထားဝန်ကြီးဌာန၏ နိုင်ငံပိုင်လုပ်ငန်း ဖြစ်သည်။

ဤစီမံကိန်းကို လွန်ခဲ့သာ ၁၂ နှစ်က စတင်ခဲ့ပြီး အကြိမ်ကြိမ် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်နေခဲ့သည်။ ယခုနောက်ဆုံး သတ်မှတ်ထားသည့် စီမံကိန်း ပြီးစီးရမည့် အချိန်မှာ ၂၀၂၃ ခုနှစ် ဖြစ်သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအရ ပြီးစီးအောင် ဆောင်ရွက်ရန် ခက်ခဲလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 22 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 18 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ