နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဖုန်းဆင်းမ်ကတ်တွေကို ပြန်လည်မှတ်ပုံမတင်ဘဲ သုံးစွဲရင်အရေးယူမယ်လို့ စစ်ကောင်စီ ထပ်မံသတိပေးပြန်

မြန်မာနိုင်ငံမှာ လူသန်းချီအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့တကွ မဖြစ်မနေ မှတ်ပုံတင်ဖို့ စစ်ကောင်စီက ထပ်မံဖိအားပေးခြိမ်းခြောက်လာနေတယ်လို့ စက်တင်ဘာလ ၂၇ ရက် စစ်ကောင်စီအာဘော်သတင်းစာတွေကတဆင့် ဖော်ပြလာပါတယ်။


စစ်ကောင်စီဟာ အာဏာသိမ်းအချိန်ကစပြီး ဆက်သွယ်ရေးစနစ်တွေကို ထိန်းချုပ်ဖို့ကြိုးပမ်းလျက်ရှိရာ အခုအခါ လက်ဝယ်ရရှိထားတဲ့ ဆင်းမ်ကတ်တွေကို ပြန်လည်မှတ်ပုံတင်ဖို့ ထပ်မံအသိပေးလာတာ ဖြစ်ပါတယ်။

ဒီလိုတွေ စစ်ကောင်စီက ဖုန်းဆင်းမ်ကတ်တွေကို ပြန်လည် မှတ်ပုံတင်ဖို့လုပ်ဆောင်လာတဲ့အတွက် အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်ပြီး စစ်တပ်ရဲ့ စောင့်ကြည့်ရေး ယန္တရားတစ်ခုဖြစ်လာနိုင်တယ်လို့ နည်းပညာရှင်တစ်ဦးကလည်း အခုလိုသုံးသပ်ပြောဆိုခဲ့ပါတယ်။

“ အခုကြစစ်တပ်က သူတို့ရဲ့ စောင့်ကြည့်ရေးယန္တရားအတွက် အသုံးပြုလာတာ၊ ရေရှည်မှာ အရမ်းအန္တရာယ်များတယ်။ အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်တယ်” လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီက သူတို့ထုတ်ပြန်ထားတာကိုမလိုက်နာရင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ အရ အရေးယူမယ်လို့ ဆိုသလို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ ဟာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြေညာစာနဲ့ တားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ခြောက်လထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးနဲ့ အရေးယူသွားမယ်လို့လည်း စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ MPT ဆင်းမ်ကတ် သုံးစွဲသူ သန်း ၂၀၊ Atom သုံးစွဲသူ ၁၈ သန်း၊ Ooredoo သုံးစွဲသူ ၁၅ သန်းနဲ့ MyTel သုံးစွဲသူ ၁၀ သန်းကျော် ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတာနဲ့ ဆက်သွယ်ရေးအော် ပရေတာနှစ်ခုဖြစ်တဲ့ အစိုးရပိုင် MPT နဲ့ စစ်တပ်ပိုင် MyTel တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး နောက်ပိုင်းမှာတော့ ပုဂ္ဂလိကပိုင် နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာ နှစ်ခုဖြစ်တဲ့ တယ်လီနောနဲ့ အူရီဒူးတို့ကလည်း စစ်တပ်နဲ့ စီးပွားရေးဆက်နွှယ်တဲ့အသိုင်းအဝိုင်းတွေကိုပဲ ရောင်းချသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 18 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 20 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 25 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 25 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 32 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 28 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 36 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 41 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို