နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဖုန်းဆင်းမ်ကတ်တွေကို ပြန်လည်မှတ်ပုံမတင်ဘဲ သုံးစွဲရင်အရေးယူမယ်လို့ စစ်ကောင်စီ ထပ်မံသတိပေးပြန်

မြန်မာနိုင်ငံမှာ လူသန်းချီအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့တကွ မဖြစ်မနေ မှတ်ပုံတင်ဖို့ စစ်ကောင်စီက ထပ်မံဖိအားပေးခြိမ်းခြောက်လာနေတယ်လို့ စက်တင်ဘာလ ၂၇ ရက် စစ်ကောင်စီအာဘော်သတင်းစာတွေကတဆင့် ဖော်ပြလာပါတယ်။


စစ်ကောင်စီဟာ အာဏာသိမ်းအချိန်ကစပြီး ဆက်သွယ်ရေးစနစ်တွေကို ထိန်းချုပ်ဖို့ကြိုးပမ်းလျက်ရှိရာ အခုအခါ လက်ဝယ်ရရှိထားတဲ့ ဆင်းမ်ကတ်တွေကို ပြန်လည်မှတ်ပုံတင်ဖို့ ထပ်မံအသိပေးလာတာ ဖြစ်ပါတယ်။

ဒီလိုတွေ စစ်ကောင်စီက ဖုန်းဆင်းမ်ကတ်တွေကို ပြန်လည် မှတ်ပုံတင်ဖို့လုပ်ဆောင်လာတဲ့အတွက် အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်ပြီး စစ်တပ်ရဲ့ စောင့်ကြည့်ရေး ယန္တရားတစ်ခုဖြစ်လာနိုင်တယ်လို့ နည်းပညာရှင်တစ်ဦးကလည်း အခုလိုသုံးသပ်ပြောဆိုခဲ့ပါတယ်။

“အခုကြစစ်တပ်က သူတို့ရဲ့ စောင့်ကြည့်ရေးယန္တရားအတွက် အသုံးပြုလာတာ၊ ရေရှည်မှာ အရမ်းအန္တရာယ်များတယ်။ အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်တယ်” လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီက သူတို့ထုတ်ပြန်ထားတာကိုမလိုက်နာရင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ အရ အရေးယူမယ်လို့ ဆိုသလို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ ဟာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြေညာစာနဲ့ တားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ခြောက်လထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးနဲ့ အရေးယူသွားမယ်လို့လည်း စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ MPT ဆင်းမ်ကတ် သုံးစွဲသူ သန်း ၂၀၊ Atom သုံးစွဲသူ ၁၈ သန်း၊ Ooredoo သုံးစွဲသူ ၁၅ သန်းနဲ့ MyTel သုံးစွဲသူ ၁၀ သန်းကျော် ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတာနဲ့ ဆက်သွယ်ရေးအော် ပရေတာနှစ်ခုဖြစ်တဲ့ အစိုးရပိုင် MPT နဲ့ စစ်တပ်ပိုင် MyTel တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး နောက်ပိုင်းမှာတော့ ပုဂ္ဂလိကပိုင် နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာ နှစ်ခုဖြစ်တဲ့ တယ်လီနောနဲ့ အူရီဒူးတို့ကလည်း စစ်တပ်နဲ့ စီးပွားရေးဆက်နွှယ်တဲ့အသိုင်းအဝိုင်းတွေကိုပဲ ရောင်းချသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို