နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးအစီအမံတွေကို မြန်ဆန်လွယ်ကူထိရောက်အောင် လုပ်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။

တော်လှန်ရေးအစီအမံတွေကို အကောင်အထည်ဖော်တဲ့အခါမှာ လွယ်ကူ၊ မြန်ဆန်၊ ထိရောက်အောင် လုပ်ဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ မြန်ဆန်ဖို့၊ လွယ်ကူဖို့၊ ထိရောက်ဖို့ ဒီမူ (၃) ချက်နဲ့ အခြေခံထားပြီး မိမိတို့ရဲ့ တော်လှန်ရေးဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်” လို့ ၎င်းက ဆိုပါတယ်။

စာအုပ်ကြီးဆန်ဆန် လုပ်တာမျိုး၊ သမာရိုးကျ လုပ်ထုံးလုပ်နည်းနဲ့ ဗြူရိုကရက်ဆန်ဆန် စည်းကျပ်တဲ့ စည်းဘောင်တွေနဲ့ တော်လှန်ရေးအလုပ်ကို ရှေ့မတိုးစေတာမျိုး မဖြစ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် စစ်ကောင်စီဟာ စစ်ရေးအရှုံးတွေ တလှိုင်းပြီးတလှိုင်း အဖုံးဖိခံရပြီးနောက်မှာ တရုတ်နဲ့ မြန်မာအကြား လူမျိုးရေးအမုန်း မီးပွားအောင် မှိုင်းတိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေး ဇာတ်သွင်းတာကို နိုင်ငံရေးသတိရှိရှိနဲ့ တုန့်ပြန်ကြဖို့ NUG ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

လက်ရှိခုခံတော်လှန်စစ်အောင်ပွဲတွေကို စစ်ရေးထိုးစစ်အောင်ပွဲတွေအဖြစ် အသွင်ပြောင်းပြီး တော်လှန်ရေးကိုယ်ခံအားကို မြှင့်တင်ကြဖို့နဲ့ သိုသိုသိပ်သိပ်၊ သတိရှိရှိ လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ပုံငွေမလောက်တာကြောင့် မြန်မာရှိ လူဦးရေ တစ်သန်းကို စားနပ်ရိက္ခာထောက်ပံ့တာ ရပ်ဆိုင်းမယ်လို့ WFP ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 1 Views
မတ်လ (၁၄)ရက်။ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကို စားနပ်ရိက္ခာထောက်ပံ့တာ ရပ်ဆိုင်းတော့မယ်ဆိုပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမြို့ သာဂေါင်ရွာမှာ စစ်ကောင်စီက ဒေသခံ (၆)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 1 Views
မတ်လ (၁၄)ရက်။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ သာဂေါင်(ရွာမ)ရွာကို စစ်ကောင်စီက စစ်ကြောင်းဝင်ရောက်ပြီး ဒေသခံအချို့ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ Yesagyo Township Info
မြန်မာသတင်း

မြောင်မြို့ရှိ စစ်ရှောင်အများစုနေတဲ့ ပန်းညိုရွာကို စစ်ကောင်စီ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 1 Views
မတ်လ (၁၄)ရက်။ မတ်လ (၁၂)ရက်နေ့ ညနေ (၄)နာရီခန့်ကစပြီး မြောင်မြို့နယ်ရှိ ပန်းညိုရွာကို စစ်ကောင်စီက စစ်ကြောင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့ ညနေပိုင်းမှာ စကစက ရေတပ်၊ ကြည်းတပ်တွေနဲ့
မြန်မာသတင်း

တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရားမဝင်နိုင်ငံခြားသား (၁၆၅)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 7 Views
မတ်လ (၁၄)ရက်။ မတ်လ (၁၂)ရက်နေ့က ရှမ်းမြောက်ဒေသ တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရားမဝင်နိုင်ငံခြားသား (၁၆၅)ဦးနဲ့ မြန်မာတစ်ဦးတို့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို နားဟုတ်ကျေးရွာအုပ်စုထဲ (၇)ခန်းတွဲ ယာယီလူနေအဆောက်အအုံ (၅)လုံး၊
မြန်မာသတင်း

ဘားအံ ပိုင်ကျုံမြို့ရှိ စစ်ကောင်စီရဲ့ ပူလူတူတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 5 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနင် (၁၂)နာရီကျော်အချိန်က ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပူလူတူတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။ “ KNLA တပ်ရင်း (၂၂)နယ်မြေထဲက စကစရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်နဲ့ ပဲခူးအစပ်က စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်းကို AA သိမ်းပိုက်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 7 Views
မတ်လ (၁၄)ရက်။ မနေ့က ရခိုင်နဲ့ ပဲခူးအစပ် ပန်းတောင်းမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညောင်ကျိုးတပ်စခန်းက ရခိုင်-ပဲခူးအစပ် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီး
မြန်မာသတင်း

အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ခုခံတိုက်ခိုက်ဖို့ စစ်ကောင်စီ အတင်းအဓမ္မခိုင်းစေနေ

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 6 Views
မတ်လ (၁၄)ရက်။ စစ်ကောင်စီဟာ အကျဉ်းထောင်ထဲရှိ အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ခုခံကာကွယ်ဖို့ကိစ္စတွေအတွက်ဆိုကာ အလိုမတူဘဲ အတင်းအဓမ္မ ခိုင်းစေနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက အကျဉ်းထောင်တွေမှာ စစ်တပ်က
1027 Operations မြန်မာသတင်း

KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေကို လိုအပ်ရင် ကူညီဖို့အသင့်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 12 Views
မတ်လ (၁၄)ရက်။ ရှမ်းမြောက်ဒေသမှာ KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေနဲ့ပတ်သက်ပြီး လိုအပ်ရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KIA နဲ့ TNLA တို့ဟာ