နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ဟု တအာင်းတပ်မတော် ကြေညာ

*** ပဥ္စမမြောက်မြိုအဖြစ် နမ္မတူမြို့ကို TNLA သိမ်းပိုက် ***

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။

တအာင်းပြည်နယ် တပ်မဟာ(၄) စစ်ဒေသ၊ နမ္မတူမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေတဲ့တပ်စခန်းတိုကို တအာင်းတပ်မတော် (TNLA) ကချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ TNLA က သတင်းထုတ်ပြန်လိုက်ပါတယ်။

နမ္မတူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး (၄) ရက်အကြာ ဒီဇင်ဘာလ (၂၈) ရက်နေ့ မနက် (၁) နာရီ မိနစ် (၃၀) အချိန်မှာ စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းတွေဖြစ်ကြတဲ့ မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေအားလုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နမ္မတူမြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ (၂၅) ကြိမ်၊ Y12 လေယာဥ်နဲ့ (၂၇) ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 နဲ့ (၉)ကြိမ် အသုံးပြုပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နမ္မတူမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ-၃၂၄ တပ်စခန်းကနေ ဟောင်ဝစ်ဇာနဲ့ (၉၃) ကြိမ် ထက်မနည်း နမ္မတူမြိုတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က Mi17 ထောက်ပို့ယာဥ်နဲ့ စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းတွေကို (၂) ကြိမ်တိုင်တိုင် နမ္မတူတပ်စခန်းကုန်းမှာ လာရောက် ပစ်ချထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နမ္မတူမြို့စခန်းသိမ်းတိုက်ပွဲ (၄) ရက်ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၆၁) ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၂၁၈) ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၉၃) ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ နမ္မတူတပ်စခန်းကို တအာင်းတပ်မတော် (TNLA) က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုတွေကြောင့် နမ္မတူမြိုနယ် ဒေသခံ (၂) ဦးသေဆုံးခဲ့ရပြီး၊ (၈)ဦး ဒဏ်ရာ ရရှိကာ၊ ဗလီကျောင်း၊ ဘာသာရေးအဆောက်အအုံ ဘုရားကျောင်းကန်တွေ၊ လူနေအိမ် (၇) လုံး လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့ရပြီး လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းတွေကို ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ တအာင်းတပ်မတော် (TNLA) က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို၊ မန်တုံမြို့၊ မိုင်းလုံမြို့တိုကို သိမ်းပိုက်ခဲ့ပြီးနောက် ပဥ္စမမြောက်မြိုအဖြစ် နမ္မတူမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Source/Photo: PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ရာမာ (၂) (Rama II) လမ်းတွင် ကရိန်းပျက်ကျပြီး မြန်မာ ၃ ဦး၊ ထိုင်း ၁ ဦးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 1 Views
နိုဝင်ဘာလ (၂၉) ရက်။ တနင်္လာနေ့ နံနက်စောစောပိုင်းက ရာမာ(၂) လမ်းတွင် ကရိန်းနှင့် ကွန်ကရစ် အစိတ်အပိုင်း ပြိုကျသဖြင့်လူ ၄ဦးသေဆုံးပြီး
မြန်မာသတင်း

ထီးလင်းမြို့ စခန်းကြီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့၊ ထီးလင်းမြို့ကို အထိနာခဲ့တဲ့ စစ်ကောင်စီက အင်အားထပ်ဖြည့်ဖို့ရှိနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 1 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့က နံနက် (၉)နာရီခန့်ကစပြီး ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့အနီးရှိ စခန်းကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတက်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး (၁၅)ဦးထက်မနည်း ဒဏ်ရာ ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊  စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး (၁၅)ဦးထက်မနည်း ဒဏ်ရာရခဲ့ နိုဝင်ဘာလ (၂၉)ရက်။ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က ခါချဉ်တောင်ပေါ်တက်လာတဲ့ အင်အား(၈၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို
1027 Operations မြန်မာသတင်း

မူဆယ်မြို့မှာ စစ်ကောင်စီက စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ပိတ်ပင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့ကစပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီက ဒေသခံတွေရဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကစပြီး မူဆယ်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူတာကို
မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို မြို့နယ်ပလဖ သတိပေးချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ဝန်ထမခးတွေအပါအဝင် ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို မြို့နယ်ပလဖက ဒီကနေ့မှာ အသိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးကောက်ခံနေတဲ့ လျှပ်စစ်ဝန်ထမ်း၊ အကောက်ခွန်ဝန်ထမ်း၊ ပတ်စ်ပို့ဝန်ထမ်းနဲ့
မြန်မာသတင်း

လက်နက်ကိုင်အင်အားစုတွေကို စုစည်းပြီး CoC တခုထဲက သွားနိုင်အောင်လုပ်ဖို့ NUG ဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ ဒေသအလိုက် လက်နက်ကိုင်အင်အားစုတွေကို စုစည်းပြီး CoC တခုထဲက သွားနိုင်အောင် လုပ်ဆောင်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အဆင့်ဆင့်ဒေသက တာဝန်ရှိသူတွေက ဒေသအလိုက်
မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီမြေမြုပ်မိုင်းကြောင့် မိသားစုလိုက် ထိခိုက်ခဲ့ပြီး ဖခင်နဲ့ သမီးဖြစ်သူတို့ သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့က မူးမြို့နယ်ရှိ ညောင်ပင်သာရွာနဲ့ ပေါက်ဇလုပ်ရွာကြားမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်း ပေါက်ကွဲခဲ့တယ်လို့ KSPN ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မူးမြို့ ညောင်ပင်သာနဲ့ ပေါက်ဇလုပ်ရွာကြားက လမ်းပိုင်းမှာ စစ်ကောင်စီ‌ထောင်ထားတဲ့
မြန်မာသတင်း

ဒီနေ့တိုးတက်လာနေတဲ့နိုင်ငံရေး အခြေအနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 9 Views
ဒီနေ့တိုးတက်လာနေတဲ့နိုင်ငံရေး အခြေအနေကို ပင်တိုင်ဆွေး‌နွေးသူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့နှစ်ဦးက(၁) အဝေးရောက်အစိုးရ မဖြစ်အောင် NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတကြီးရဲ့တိုက်တွန်းချက်အပေါ် သုံးသပ်ချက် (၂) လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ရေး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့်ရှိတယ်လို့ တအာင်းအဖွဲ့