နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ဟု တအာင်းတပ်မတော် ကြေညာ

*** ပဥ္စမမြောက်မြိုအဖြစ် နမ္မတူမြို့ကို TNLA သိမ်းပိုက် ***

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။

တအာင်းပြည်နယ် တပ်မဟာ(၄) စစ်ဒေသ၊ နမ္မတူမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေတဲ့တပ်စခန်းတိုကို တအာင်းတပ်မတော် (TNLA) ကချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ TNLA က သတင်းထုတ်ပြန်လိုက်ပါတယ်။

နမ္မတူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး (၄) ရက်အကြာ ဒီဇင်ဘာလ (၂၈) ရက်နေ့ မနက် (၁) နာရီ မိနစ် (၃၀) အချိန်မှာ စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းတွေဖြစ်ကြတဲ့ မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေအားလုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နမ္မတူမြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ (၂၅) ကြိမ်၊ Y12 လေယာဥ်နဲ့ (၂၇) ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 နဲ့ (၉)ကြိမ် အသုံးပြုပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နမ္မတူမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ-၃၂၄ တပ်စခန်းကနေ ဟောင်ဝစ်ဇာနဲ့ (၉၃) ကြိမ် ထက်မနည်း နမ္မတူမြိုတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က Mi17 ထောက်ပို့ယာဥ်နဲ့ စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းတွေကို (၂) ကြိမ်တိုင်တိုင် နမ္မတူတပ်စခန်းကုန်းမှာ လာရောက် ပစ်ချထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နမ္မတူမြို့စခန်းသိမ်းတိုက်ပွဲ (၄) ရက်ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၆၁) ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၂၁၈) ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၉၃) ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ နမ္မတူတပ်စခန်းကို တအာင်းတပ်မတော် (TNLA) က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုတွေကြောင့် နမ္မတူမြိုနယ် ဒေသခံ (၂) ဦးသေဆုံးခဲ့ရပြီး၊ (၈)ဦး ဒဏ်ရာ ရရှိကာ၊ ဗလီကျောင်း၊ ဘာသာရေးအဆောက်အအုံ ဘုရားကျောင်းကန်တွေ၊ လူနေအိမ် (၇) လုံး လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့ရပြီး လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းတွေကို ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ တအာင်းတပ်မတော် (TNLA) က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို၊ မန်တုံမြို့၊ မိုင်းလုံမြို့တိုကို သိမ်းပိုက်ခဲ့ပြီးနောက် ပဥ္စမမြောက်မြိုအဖြစ် နမ္မတူမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Source/Photo: PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို