နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံ ပြည်သူ ၆၀၀ ကျော် ထွက်ပြေး

ကော်သူးလေအုပ်ချုပ်နယ်မြေ (မူး)မုန်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးနှင့်ပစ်ခတ်နေတာကြောင့် ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပေါင်း(၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ချက်အရသိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့၏ နေအိမ်များလည်း ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများ ကျေးရွာအတွင်း မနေရဲတော့ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ‌ပါတယ်။

ထိုသို့ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ပြီးနောက် စစ်ကောင်စီတပ်က ရွာတွင်းရှိ ဒေသခံများနေအိမ်ကိုဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခဲ့ကြတယ်လို့ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးတိမ်ရှောင်နေရသည့် ဒေသခံပြည်သူဦးရေ (၆၀၀)ကျော်ခန့်ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 9 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထီးခီးစခန်းအပါအဝင် စစ်ကောင်စီစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 8 Views
မေလ (၉)ရက်။ ဒီကနေ့ တရက်ထဲ ထီးခီးစခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း (၃)ခုကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၈၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 7 Views
မေလ (၉)ရက်။ ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈၀၀၈)ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဆက်မပြတ်
မြန်မာသတင်း

မော်စကိုခရီးစဉ်ထဲ ကာဇက်စတန်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 4 Views
မေလ (၉)ရက်။ မနေ့က ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာမှာ
မြန်မာသတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်က ကထိကတဦးကို ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 15 Views
မေလ (၈)ရက်။ ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်ဝင်းဝင်းအောင်ဟာ စစ်ကောင်စီရဲ့ယန္တရား လည်ပတ်စေနိုင်တဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ မန္တလေး နိုင်ငံခြားရေးဘာသာတက္ကသိုလ်က
မြန်မာသတင်း

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြ

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 47 Views
မေလ (၈)ရက်။ မနေ့က ကျောင်းသားတပ်မတော်(ABSDF)နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)တို့ အွန်လိုင်းကနေတဆင့် ဆွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျောင်းသားတပ်မတော်(ABSDF)က ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ BLDF က ဗဟိုကော်မတီတွေ
မြန်မာသတင်း

PDF တပ်ရင်းထောက်ပံ့စရိတ်အနေနဲ့ ကန်ဒေါ်လာ (၂၄)သန်းကျော် ပေးပို့ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 25 Views
မေလ (၈)ရက်။ PDF တပ်ရင်း ထောက်ပံ့စရိတ်အနေနဲ့ စုစုပေါင်း ခန့်မှန် အမေရိကန်ဒေါ်လာ (၂၄.၉)သန်းခန့် ပေးပို့ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF တပ်ရင်း၊ တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး မနေ့ကအထိ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
မေလ (၈)ရက်။ အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ