နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

ဥရောပ

ဥရောပ

လက်ရှိ သမ္မတ အာဒိုဂန် ပြန်လည်ရွေးချယ်ခံရ။

လက်ရှိ တူရကီသမ္မတ အာဒိုဂန်သည် တနင်္ဂနွေနေ့တွင် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည်။

မဲအရေအတွက် ၉၉.၄၃ ရာနှုန်းကို ရေတွက်ပြီးချိန်မှာ အာဒိုဂန်က မဲအရေအတွက် ၅၂.၁၄ ရာနှုန်းနှင့် အနိုင်ရခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။

၎င်းသည် အတိုက်အခံခေါင်းဆောင် ကူလ်တီဒါရိုလ်၏ ၄၇.၈၆ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့သည်။

“ရွေးကောက်ပွဲကာလအကြောင်း ဆွေးနွေးငြင်းခုံမှုတွေ၊ တိုက်ပွဲတွေအားလုံးကို မေ့ပစ်ဖို့ အချိန်တန်ပြီ၊ နိုင်ငံတော်ရဲ့ ပန်းတိုင်နဲ့ အိပ်မက်တွေအတွက် စည်းလုံးညီညွတ်ဖို့ အချိန်တန်ပြီ” ဟု အာဒိုဂန်က ၎င်း၏ ထောက်ခံသူများကို အန်ကာရာရှိ သမ္မတအိမ်တော်အပြင်ဘက်တွင် ပြောကြားခဲ့သည်။ ကျွန်တော်တို့ တစ်ဦးတည်းက အောင်ပွဲခံများ မဟုတ်ပါ။ အနိုင်ရသူဟာ တူရကီနိုင်ငံ ဖြစ်ပြီး ကျွန်တော်တိုရဲ့ တူရကီလူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့အောင်ပွဲဖြစ်တဲ့ ဒီမိုကရေစီသာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အစိုးရ၏ အဓိကဦးစားပေးလုပ်ငန်းမှာ ငွေကြေး ဖောင်းပွမှုကို တိုက်ဖျက်ရန်နှင့် ဖေဖော်ဝါရီ ငလျင်ဒဏ်မှ ပြန်လည်တည်ထောင်ရေးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲရလဒ်များအပြီးတွင် ရုရှား၊ ကာတာ၊ အယ်လ်ဂျီးရီးယား၊ ဟန်ဂေရီ၊ အီရန်၊ ပါလက်စတိုင်း အာဏာပိုင် စသည်တို့က အာဒိုဂန်အား ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

ကူလ်တီဒါရိုလ်က အန်ကာရာရှိ ပါတီရုံးချုပ်တွင် “စစ်မှန်သောဒီမိုကရေစီ” အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းမှာ တရားမျှတမှု မရှိဆုံး ရွေးကောက်ပွဲပါပဲ” ဟု ၎င်းက ဆိုသည်။

ကူလ်တီဒါရိုလ်၏ အကြံပေးများသည် အာဒိုဂန်၏ အောင်ပွဲအား လက်ခံခဲ့ကြသော်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် တင်းမာမှုများ လှုံ့ဆော်ပေးသည်ဟု စွပ်စွဲကာ ၎င်းအား “ Pyrrhic Victory” ဟု အဓိပ္ပါယ်ရသည့် ကြီးမားစွာပေးဆပ်ခဲ့ရသည့် အနိုင်ရခြင်းသာဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

အတိုက်အခံ ပါတီခြောက်ခုဖြင့် ညွန့်ပေါင်းဖွဲ့ပြီး ယင်းညွန့်ပေါင်းပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကူလ်တီဒါရိုလ်ကို ရွေးချယ်ခဲ့ပြီး အနှစ် ၂၀ အုပ်ချုပ်လာခဲ့သည့် အာဒိုဂန်အစိုးရ ကို အစားထိုးရန် ရည်ရွယ်ခဲ့သည်။

မေလ (၁၄) ရက်နေ့ ပထမအကျော့မဲပေးပွဲတွင် ကူလ်တီဒါရိုလ်ကို ဦးဆောင်နိုင်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင် အာဒိုဂန်သည် ၅ ပွိုင့် မဲအနည်းငယ်အသာဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

သို့သော်လည်း ၎င်းတို့၏ မဲများသည် ၅၀ ရာနှုန်း မပြည့်ခဲ့သဖြင့် ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခဲ့ရပြီး လက်ရှိ တူရကီသမ္မတ အာဒိုဂန်က ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

Source: CNN Japan/ဓာတ်ပုံအညွှန်း။

ပုံ (၁) လက်ရှိ တူရကီသမ္မတ အာဒိုဂန်Chris McGrath/Getty Images

ပုံ (၂) မဲရှုံးသွားသည့် အတိုက်အခံ ကူလ်တီဒါရိုလ်Riza Ozel/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 75 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 168 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 159 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 707 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 478 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 155 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 221 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊