နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွိုင်ကော်တက္ကသိုလ်က Non-CDM ဝန်ထမ်း ၁၉၃ ဦးကို ပြည်နှင်ဒဏ်ပေး၊ ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း (၅) ဦးနဲ့ မိသားစုဝင်တွေကို ဥပဒေနဲ့အညီအရေးယူမယ်လို့ K-IEC ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း (၅)ဦးနဲ့ မိသားစုဝင်တွေကို တရားစီရင်ရေးဌာနထံ လွှဲပြောင်းပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(K-IEC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်လာခဲ့တဲ့ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို “ Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်တာမရှိတဲ့ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း (၁၉၃)ဦးကို စစ်ကောင်စီရဲ့ယန္တရားတွေမှာ မပါဝင်ဖို့၊ ကျောင်း/ရုံးနဲ့လည်း အဆက်အသွယ်မလုပ်ဖို့နဲ့ ပြည်သူနဲ့အတူ ရပ်တည်ဖို့ စတဲ့ ကတိခံဝန်ချက်မှာ လက်မှတ်ရေးထိုးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင် (၁၉၃)ဦးကို ကရင်နီပြည်နယ် ပြင်ပသို့ နိုဝင်ဘာလ (၂၈)ရက်မှာ အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်တယ်လို့ K-IEC က ပြောဆိုထားပါတယ်။

ဒါ့ပြင် မတရားအသင်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိကတာဝန်ရှိကြတဲ့ ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ ဝန်ထမ်း (၅)ဦး အပါအဝင် မိသားစုဝင်တွေကို ကရင်နီပြည်ရဲဌာနက တရားလိုပြုလုပ် အမှုဖွင့်ပြီး သက်ဆိုင်ရာ တရားစီရင်ရေးဌာနကို လွှဲပြောင်းကာ အရေးယူသွားမယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ တပ်မိသားစုဝင် (၃)ဦးကိုလည်း စစ်ဖက်ဆိုင်ရာဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရေးကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာစစ်ခုံရုံးကို လွှဲပြောင်းကာ အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။

အခုထက်ပိုပြီး စစ်ရေးအရှိန်မြင့်လာမယ့်အတွက်ကြောင့် စစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား၊ ရဲဝန်ထမ်းနဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေအားလုံး ပြည်သူနဲ့ တသားတည်းရပ်တည်ကာ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 29 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 25 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 35 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 44 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 30 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 34 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့