၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ?
၆။ “TÁR”
ဤဇာတ်ကားသည် အကယ်ဒမီအမျိုးအစား စာရင်းဆန်ခါတင် ၇ခု ဝင်ထားသည်။ ဗြိတိသျှမင်းသမီးကြီး ကိတ်ဘလန်ချက် (Cate Blanchett) သည် နာမည်ကြီး တီးဝိုင်းခေါင်းဆောင် လစ်ဒီယာတာ(Lydia Tár) အဖြစ် သရုပ်ဆောင်ထားသည်။
ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်သူပုံစံကို သရုပ်ဆောင်ထားပြီး သူမသည် လိမ္မာပါးနပ်ထက်မြက်သူတယောက် ဖြစ်ပြီး အောက်သို့ကျရှုံးသွားရန် မဖြစ်နိုင်သော မြင့်မားမှုအခြေအနေကို ရရှိထားသော်လည်း သူမသည် ကျဆင်းသွားခဲ့ရသည်။ “Tár”သည် အကောင်းဆုံးဇတ်ကား၊ အကောင်းဆုံး သရုပ်ဆောင်ဆုအတွက် ဆန်ခါတင် စာရင်းဝင်ထားသည်။
“Tár” သည် အာဏာနှင့် အနုပညာအကြား ပိုင်းခြားကွဲပြားမှုနှင့် ယဉ်ကျေးမှု စစ်ပွဲများသည် နိုင်ငံရေးနှင့် ထင်ပေါ်မှုတို့ကို ဖော်ဆောင်ထားသည်။ Amazon နှင့် iTunes တို့တွင် ငှားရမ်းဝယ်ယူနိုင်ပြီဖြစ်သည်။ ဇန်နဝါရီ (၂၇) ရက်နေ့မှစ၍ Peacock ရုပ်သံမှ သီးသန့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။