နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

ဆောင်းပါးများ

ဆောင်းပါးများ ထိုင်းနိုင်ငံရေး မြန်မာသတင်း

ထိုင်းနှင့် မြန်မာစစ်တပ်တို့ အစုရှယ်ယာပိုင် ကော်ပိုရေးရှင်းကြီးများ လက်ဝါးကြီးအုပ်ထားသည့် ဘီယာလုပ်ငန်းကို ပြည်သူအများစုအတွက် လုပ်ပိုင်ခွင့်ပေးမည်လော။

ထိုင်းနိုင်ငံ၏ မကြာသေးမီက ဘီယာချက်လုပ်ငန်းငယ်များအပေါ် ကန့်သတ်ချက်များ ဖြေလျှော့လိုက်ခြင်းသည် အဓိကအားဖြင့် ကုမ္ပဏီ ၂ခုက လက်ဝါးကြီးအုပ်ထားသည့် (duopoly) ဘီယာဈေးကွက်ကို ဖြိုခွဲနိုင်သော်လည်း အချို့ကမူ အစိုးရသည် ရည်မှန်းချက် နည်းပါးသော အစီအမံများကို ရွေးချယ်ခြင်းဖြင့် ဈေးကွက်ကို ကြီးစိုးထားသော စီးပွားရေးသမားများကို ကာကွယ်ရန် ရည်ရွယ်ထားဆဲဖြစ်ကြောင်း ငြင်းခုံကြသည်။

ဘီယာဝါသနာရှင်များသည် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ဘန်ကောက်မြို့အပြင်ဘက်ရှိ ပန်းခြံတစ်ခုတွင် တွေ့ဆုံခဲ့ကြပြီး အခမ်းအနားအတွက် အသေးစား ဘီယာချက်သည့်ကိရိယာများကို ယူဆောင်လာခဲ့ကြသည်။

“ကျွန်တော်က ခါးသက်ပြီး မွှေးကြိုင်တဲ့ ဘီယာတမျိုးမျိုးကို မြီးကြည့်ချင်တယ်” ဟု မျက်နှာနီနီဖြင့် တက်ရောက်သူတစ်ဦးက ပြောသည်။

ယခင်က ဘီယာစက်ရုံလိုင်စင်ရရှိရန် အရင်းအနှီး အနည်းဆုံး ဘတ် ၁၀ သန်း (ဒေါ်လာ ၂သိန်း၈သောင်း ၆ထောင်-၂၈၆၀၀၀) လိုအပ်ပြီး နှစ်စဉ် လီတာ ၁၀၀၀၀၀ မှ ၁ သန်းအထိ ထုတ်လုပ်နိုင်ရမည်ဖြစ်သည်။ တစ်နည်းဆိုရသော် အနိမ့်ဆုံး ဗူး ၃ သိန်း နီးပါးနှင့် ညီမျှသည်။

နိုဝင်ဘာ ၂ ရက်က အကောင်အထည်ဖော်ခဲ့သော ဘဏ္ဍာရေးဝန်ကြီးဌာန၏ စည်းမျဉ်းများ ပြင်ဆင်မှုဖြင့် အဆိုပါ အခက်အခဲ နှစ်ခုစလုံးကို ဖျက်သိမ်းခဲ့သည်။

လျော့ရဲလာသော စည်းမျဉ်းများသည် အသစ်ဝင်လာသူများအတွက် ဈေးကွက်ထဲသို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေပြီး ကွဲပြားမှုကို ပိုမိုအားပေးစေလိမ့်မည်ဟု နာမည်ကြီး ဘီယာထုတ်လုပ်သည့် Chit Beer တည်ထောင်သူ Wichit Saiklao က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ဘီယာဈေးကွက်၏ ၉၀% ကျော်ကို Boon Rawd Brewery နှင့် Thai Beverage တို့မှ ထိန်းချုပ်ထားပြီး Singha နှင့် Chang အမှတ်တံဆိပ်များကို ထုတ်လုပ်သူများဖြစ်ကြောင်း သိရသည်။

သို့သော် လက်လီ ဘီယာသမားများကို လက်လီဈေးကွက်များမှ ပိတ်ဆို့ထားဆဲဖြစ်ပြီး ၎င်းတို့၏ ဘီယာများကို ဘီယာစက်ရုံဝင်းများတွင်သာ ရောင်းချခွင့်ပြုထားသည်။

Wichit ၏ အဆိုအရ ပြီးခဲ့သည့်လက ထိုသတ်မှတ်ချက်သည် ဥပဒေကို နည်းပညာအရ ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နောက်တိုက်ပွဲသည် ရောင်းချမှု အပါအဝင် နောက်ထပ် ဖြေလျှော့မှုများက ကျော်လွန်သွားနိုင်လိမ့်မည်ဟု Wichit က ပြောသည်။ အတိုက်အခံ Move Forward ပါတီမှ တင်သွင်းသည့် ဥပဒေကြမ်းသည် ထိုကန့်သတ်ချက်များကို ဖြေလျှော့ပေးမည်ဖြစ်သည်။

သို့ရာတွင် စစ်တပ်ကို လိုလားသည့် ညွန့်ပေါင်းအဖွဲ့ကတော့ မဲအနည်းငယ်နဲ့ကပ်ပြီး မဲခွဲဆုံးဖြတ်အနိုင်ရရှိခဲ့ပါသည်။ Move Forward ပါတီ၏ အဆိုပြုချက်သည် ဘီယာထုတ်လုပ်မှုလုပ်ငန်းကို ထိန်းညှိရာတွင် အစွန်းရောက်လွန်းသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပြီး စားသုံးသူများ၏ ကျန်းမာရေးကို အကာအကွယ်ပေးရန်နှင့် အရက်မူးပြီး ကားမောင်းသည့် မတော်တဆမှုများမှ ကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဥပဒေကြမ်းကို ပံ့ပိုးကူညီခဲ့သည့် Move Forward မှ အောက်လွှတ်တော်အမတ် Taopiphop Limjittraakorn သည် အိမ်တွင် ၎င်း၏ကိုယ်ပိုင် ဘီယာချက်လုပ်မှုဖြင့် တစ်ချိန်က ဖမ်းဆီးခံခဲ့ရဖူးသည်။ သူက အစိုးရမှ ဦးစီးပြီးပြုလုပ်ထားသည့် စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများကို အတည်ပြုရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် ထိုလက်ဝါးကြီး အုပ်ထားသည့်အုပ်စု အကျိုးရှိစေရန် အတွက်သာ ရည်ရွယ်ထားသည်ဟု စောဒကတက်ခဲ့သည်။ စစ်တပ်သည် ဓနဥစ္စာနှင့် အာဏာကို ချုပ်ကိုင်ထားစဉ်တွင် ထိုင်းနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေး ကြီးကြီးမားမားတွင် စစ်တပ်နှင့်လုပ်ငန်းစုကော်ပိုရေးရှင်းများ၏ အကျိုးစီးပွားနှင့် ပတ်သက်သော ပြဿနာများတွင် တဦးနှင့်တဦး ယိုင်းပင်းမှုတို့သည် ကြာမြင့်စွာ ရှိနေသည်ဟု ဝေဖန်သူများက စွပ်စွဲကြသည်။

အစိုးရက Move Forward ပါတီကို လူထုထောက်ခံမှု ပိုမိုရရှိလာမည်ကို တားဆီးလိုသည်ဟု Taopiphop မှ ပြောကြားခဲ့သည်။ ဘီယာဆိုင်အပြင် ထိုင်းနိုင်ငံရှိ ဈေးကွက်အများအပြားကို လုပ်ငန်းစုကော်ပိုရေးရှင်းကြီးများက လွှမ်းမိုးထားသည်။ ၎င်းတို့သည် စီးပွားရေးကို ပံ့ပိုးကူညီသော်လည်း စီးပွားရေးလုပ်ငန်းသမား အသစ်များအတွက် လမ်းသစ်ဖွင့်ပေးမှုတွင်မူ ထိန်းချုပ်ထားဆဲဖြစ်သည်။

ဘီယာချက်စက်ရုံများနှင့် ပတ်သက်၍ တိုက်ပွဲသည် အခြားနယ်ပယ်များအတွက်လည်း တိုင်းတာပြနေသည့် ဘာရိုမီတာတစ်ခု ဖြစ်နိုင်သည်။မြန်မာနိုင်ငံတွင်လည်း အလားတူ ဖြစ်ရပ်ရှိခဲ့ဘူးသည်။

ဒေါ်ဝင်းဝင်းနုက ငွေကြေးစိုက်ထုတ်ပြီး မန္တလေးဘီယာချက်စက်ရုံကို ကိုယ်ပိုင်ငွေဖြင့် ပြန်လည်ထုတ်ဝေခဲ့သည် ဘီယာရောင်းအား ကောင်းလာသည့်အခါ ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့က မျက်စိကျလာပြီး အကြောင်းပြ သိမ်းပိုက်ခဲ့ပြီး မန္တလေးဘီယာကို ဦးပိုင်အောက်သို့ သွတ်သွင်းခဲ့သည်။

မြန်မာနိုင်ငံထုတ် ဘီယာကုမ္ပဏီများတွင် မန္တလေးဘီယာနှင့် မြန်မာဘီယာတို့သည် စစ်တပ်ပိုင်များဖြစ်သည် ပြည်သူများအတွက် အပြိုင်လုပ်ပိုင်ခွင့်ကို ပိတ်ပင်ထားပြီး သူတို့က အကျိုးအမြတ်များကို ယှဉ်ပြိုင်သူ မရှိဘဲ ခံစားစံစားနေကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ထိုင်းနှင့်မြန်မာ စစ်ခေါင်းဆောင်များသည် တိုင်းပြည်ဖွံ့ဖြိုးရေးထက် မိမိတို့၏ ကိုယ်ကျိုးစီးပွားတို့ကိုသာ ဦးစားပေးကြပြီး အာဏာအလွန်အကျွံ အသုံးပြုကာ ပြိုင်ဖက်များကို ဥပဒေအမျိုးမျိုးထုတ်ကာ ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားခဲ့ကြသည်။

စစ်အုပ်စုက ပြဋ္ဌာန်းထားသောဥပဒေများနှင့် ပြဋ္ဌာန်းမည့်ဥပဒေများသည် ယင်းတို့၏ ကိုယ်ကျိုး စီးပွားများအတွက်သာဖြစ်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို မူတည်ပြီး ပြဋ္ဌာန်းသည့် ဥပဒေများကို တွေ့ရခဲလှပေသည်။

Nikkei Asia ပါ သတင်း “ Thailand’s watered-down beer deregulation panned as weak brew” ကို မှီငြမ်းပြီး ရေးသားတင်ဆက်လိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“အတီအတာ ပလီပလာနဲ့ ကြည်ပြာအမှုပလပ်”

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 18 Views
အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊
မြန်မာသတင်း

ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးဖို့ ULA/AA တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲနဲ့
မြန်မာသတင်း

ဒေါ်ကြည်ပြာကို ရာထူးတာဝန် ပြန်ခန့်အပ်ထားတာ မရှိသေးဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်တာ မရှိသေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျနော်တို့ စစ်ဆေးချိန်ကနေ အခုအချိန်အထိ ဒီအမှုအခင်းနဲ့ပတ်သက်တဲ့သူတွေ
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒရုန်းတွေနဲ့ ပစ်ခတ်ခံရတဲ့ လေယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ပြန်လည်ထွက်ခွာမယ့် MNA
မြန်မာသတင်း

အင်အားကြီးသူပြောတိုင်းအမှန်ပဲလာ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 24 Views
ဝါရင့်ရှေ့နေကြီးဦးကြီးမြင့်နဲ့အမြင်ဖလှယ်ခြင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကို အင်အားကြီးသူက တိုက်ခိုက်သိမ်းပိုက် အောင်ပွဲခံ နေတာဟာ တကယ့်အောင်ပွဲလား၊ ဘယ်လိုကောင်းကျိုးတွေ ဆိုးကျိုးတွေရှိသလဲဆိုတာ သူတို့အမြင်များကို ဦးကြီးမြင့်နဲ့ဦးထွန်းအောင်ကျော်တို့ကဆွေး‌နွေးတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဆီ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ရက်စွဲနဲ့ စာပို့မေတ္တာရပ်ခံထားတာပါ။ လူထုတွေ့ဆုံပွဲကနေ တိုက်တွန်းတဲ့စာကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)အပါအဝင်
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ကြည်ပြာကိစ္စကို NUG ဝန်ကြီးချုပ်လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့စာဟာ ပြည်သူ၊ တော်လှန်ရေးအင်အားစုတွေနဲ့
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်