နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

Myanmar Politics

Myanmar Politics

၁၀၂၇ စစ်ဆင်ရေး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ (၅) စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း (၁) ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိ

၁၀၂၇ စစ်ဆင်ရေး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ (၅) စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း (၁) ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိ

သိန္နီ၊ အောက်တိုဘာ ၃၀ ရက်

၁၀၂၇ စစ်ဆင်ရေးအောက်မှာ တအာင်းပြည်နယ်၊ တပ်မဟာ (၅) စစ်ဒေသ သိန္နီမြို့နယ်ရှိ စစ်ကောင်စီရဲ့ မိုင်းလီ တပ်စခန်း (၁) ခုကို မနေ့က အောက်တိုဘာ (၂၉) ရက် ညပိုင်း (၈း၀၀) နာရီ အချိန်ခန့်မှာ တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီနေ့ အောက်တိုဘာ ၃၀ ရက်မှာ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း သေနက် (၁၄)လက်၊ ပစ္စတို (၁) လက်၊ လက်ပစ်ဗုံး (၁၀)လုံး၊ 40 MM ဗုံးသီး(၁၂)လုံး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့မိတယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ဒီကနေ့ အောက်တိုဘာလ ၃၀ရက်နေ့ မနက်အစောပိုင်း (၄း၁၅) နာရီ အချိန်မှာ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီရဲ့ မိုင်ကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဆက်လက်တိုက်ခိုက်ချေမှုန်းနေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေတဲ့ အရပ်ဒေသ/တိုက်ပွဲဖြစ်ပွားနေတဲ့ အရပ်ဒေသများသို ပြည်သူများအနေနဲ့ ဘေးကင်းလုံခြုံမှု/ ဘေးအန္တရာယ်က ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း မပြုလုပ်ကြရန် အသိပေး မေတ္တာရပ်ခံထားပါတယ်။ မဖြစ်မနေခရီးသွားလာရမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့/ တပ်ရင်းတပ်ဖွဲ့တိုထံ သတင်းပို ခွင့်ပြုချက်တောင်းခံသွားဖို့လည်း အသိပေးထားပါတယ်။

Source: PSLF/TNLA၊ သတင်းနှင့်ပြန်ကြားရေးဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Burma Myanmar Politics

(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေ ပြန်လည်ရွေးနုတ်လိုပါက ခွင့်ပြုမယ်လို့ NUG ပြော

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 887 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ (၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်လိုပါက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့
Myanmar Politics

နှစ်နိုင်ငံဒီမိုကရေစီအရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ လစ်သူရေးနီးယားလွှတ်တော်အမတ်တွေ ဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 874 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ နှစ်နိုင်ငံ ဒီမိုကရေစီအရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ဖို့ NUG ဝန်ကြီး
1027 Operations Myanmar Politics

စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ထပ်မံကျင်းပ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 1.01K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို စစ်ကောင်စီက မနေ့ (နိုဝင်ဘာ ၈ ရက်) က နေပြည်တော်မှာ ထပ်မံပြုလုပ်လိုက်ပါတယ်။ အာဏာသိမ်းကာလအတွင်း
Myanmar Politics မြန်မာသတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမယ်လို့ NLD ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 917 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။ ပြည်သူနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NLD က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၈)ရက်နေ့ဟာ
Myanmar Politics

(၂၆) ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG တို့တွေ့ဆုံကာ မြန်မာအရေးဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 910 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ နိုဝင်ဘာလ (၂)ရက်နေ့က (၂၆)ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတရုံး
1027 Operations Myanmar Politics ပြည်တွင်း အနုပညာ

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေဖို့ ဆွေးနွေးညှိနှိုင်း

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 938 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေဖို့ ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)
1027 Operations Myanmar Politics

ညီနောင်မဟာမိတ် (၃) ဖွဲ့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 955 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြတဲ့ မြန်မာပြည်သူလူထု
Exclusive Interview Myanmar Politics

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှုအပေါ် သုံးသပ်ကြည့်ခြင်း

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 1.26K Views
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှု။ ခေတ်မျက်လုံးရဲ့ ဒီတပါတ်ဘာတွေထူးခြားသလဲ အစီအစဉ်ကနေ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှုအပေါ် သုံးသပ်ကြည့်ခြင်းကို တင်ဆက်ပေးသွားမှာပါ။ ဒီသုံးသပ်ချက်နဲ့ ပက်သက်ပြီး ဒီကနေ့ရဲ့ အစီအစဉ်မှာ သုံးသပ်ပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ABSDF ဥက္ကဌဟောင်း