၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ ည ၁၂ နာရီအထိကျင်းပပြီး ဆုရရှိသူများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။
၁၁။ “BABYLON”
ဤဇာတ်ကားသည် အကယ်ဒမီ အမျိုးအစား ဆန်ခါတင်စာရင်း ၃ ခု ဝင်ထားသည်။ La La Land” ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ဒေမင် ချာဇဲလ်လီ (Damien Chazelle) သည် ၁၉၂၀ ခုနှစ်များ ဟောလီးဝုဒ် hedonism ဝါဒ (စိတ်ဆန္ဒခံစားမှုများအတိုင်း ကျေနပ်မှုရအောင် ပြုလုပ်နေထိုင်ခြင်းသည် လူသားဘဝအတွက် သင့်တော် လျှောက်ပတ်တဲ့ ရည်မှန်းချက် ဖြစ်သည်ဆိုသည့် အယူဝါဒ) ခေတ်စားခဲ့သည့် လွန်ခဲ့သည့် ရုပ်ရှင်လောကတွင် ထိုခေတ်၏မူးယစ်ဆေးဝါး တောက်လောင်မှုများကို ပြန်လည်မြင်ယောင်စေရန် တင်ပြထားသည်။
အဆိုပါ ဇာတ်ကားတွင် မာဂေါ့ ရော့ဘီ (Margot Robbie)၊ ဘရတ်ပစ် (Brad Pitt) နှင့် သရုပ်ဆောင်သစ် ဒီယာဂို ကယ်ဗာ (Diego Calva) တို့ ပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန် ရုပ်ရှင်လောကအတွက် အရေးပါသောအချိန်ဖြစ်သည့်သမိုင်း ကြောင်းတစ်ခုကို သုံးနာရီ ရှည်ကြာ ပြသသည့်ရုပ်ရှင် ဖြစ်သည်။ ဤဇာတ်ကားသည် ရုံတင်ပြသဆဲဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုရန် မရရှိနိုင်သေးပါ။