နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာ့စီးပွားရေး

မြန်မာ့စီးပွားရေး မြန်မာသတင်း

တရုတ်အခြေစိုက် V Power ဓာတ်​ငွေ့ရည်တင် သင်္ဘောမြန်မာပြည်မှ ထွက်ခွာ

တရုတ်အခြေစိုက် CNTIC Vpower ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့​သော LNG ဓာတ်ငွေ့ရည်တင်သ င်္ဘောဟာ စာချုပ်သက်တမ်း ၂ နှစ်ကျော် ကျန်နေ​သေးပေမယ့်လည်း မြန်မာဆိပ်ကမ်းမှ မတ်လ (၃၀) ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန် အရပ်သားအစိုးရက သဘာဝဓာတ်ငွေ့ရည် (LNG) မှ လျှပ်စစ်ထုတ်လုပ်ရန် အတွက် ဓါတ်​ငွေ့ရည်တင်သင်္ဘောမှာ ၂၀၂၀ နိုဝင်ဘာလမှာ ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောဟာ သဘာဝဓာတ်ငွေ့ရည်ကို အသုံးပြုပြီးတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် စီမံကိန်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်ပထမဦးဆုံး စီမံကိန်းအဖြစ် ​ရွေး​ကောက်ခံ အရပ်သား အစိုးရကဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ တစ်နှစ်လျှင်မဂ္ဂါဝပ် (၃၅၀) ထုတ်လုပ်မယ့် သီလဝါစီမံကိန်းနှင့် မဂ္ဂါဝပ် (၄၀၀) ထုတ်လုပ်မည့် သာကေတစီမံကိန်းတို့ကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်ရန် ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ သို့​သော် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံခြားငွေပေးချေနိုင်ခြင်းမရှိ​တာကြောင့် ၂၀၂၁ ဇူလိုင်လတွင် စီမံကိန်းများ ရပ်ဆိုင်းခဲ့ရပါတယ်။

အဲဒီလိုရပ်နားထားရာမှ ပြန်လည် မလည်ပတ်နိုင်​တော့တဲ့အတွက် သီလဝါဆိပ်ကမ်းဒေသအကွက် အမှတ် (၁၄) Dolphin Jetty မှည၂ နှစ်ကျော်ရပ်နားခဲ့ရတဲ့ အဲဒီစွမ်းအင် သင်္ဘောဟာ မြန်မာနိုင်ငံက မတ်လ ၃၀ ရက် မနက်ပိုင်းမှာ ပြန်လည်ထွက်သွားပြီဖြစ်ပါတယ်။ အခုလိုဖြစ်ရပ်တွေကြောင့်နွေရာသီလျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ ပိုမိုဆိုးရွားလာနိုင်တယ်လို့ လေ့လာသူတွေကသုံးသပ်ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်ကဏ္ဍတွင် ဆိုးဝါးစွာထိခိုက်လာပြီး ရန်ကုန်မြို့အပါအဝင် မြန်မာတနိုင်ငံလုံးကို လျှပ်စစ်မီး တစ်ရက်လျှင် နာရီပိုင်းသာ ဖြန့်ဝေပေးနိုင်တော့တဲ့အခြေနေကိုဆိုက်ရောက်နေတာပဲဖြစ်ပါတယ်။ခေတ်အဆက်ဆက် မီးမပျက်ခဲ့​သော​နေပြည်​တော်တွင်ပင် စစ်​ကောင်စီက မတ်လမှစ၍ အလှည့်ကျ မီး​ပေးစနစ်နဲ့လည်ပတ်နေရပြီဖြစ်ပါတယ်။


ရန်ကုန် သီလဝါ ဆိပ်ကမ်းမှထွက်ခွာသွား​သော ဓါတ်​ငွေ့ရည်တင်သင်္ဘောကြီး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 15 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်
မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 139 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြောင်ချောင်းရွာအနီးမှာ ဘယ်တိုက်ပွဲမှလဲမရှိဘဲ သူရဲဘောကြောင်ပြီး အကြမ်းဖက်စစ်ကော်မရှင်က ‌ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 26 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 24 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 20 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ