နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆေးရုံအတွင်း ဝင်ရောက်တိုက်ခိုက်မှုအတွက် စိုးရိမ်မှုများမြင့်တက်

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ဆေးရုံတစ်ခုကို အရပ်သားဟန်ဆောင်ထားတဲ့ အစ္စရေးစစ်သားတွေ ဝင်ရောက်လာပြီး ဆေးကုသနေတဲ့ ပါလက်စတိုင်း ၃ ဦးကို ပစ်သတ်သွားခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ စီစီတီဗီ ရုပ်သံမှတ်တမ်းတွေမှာတော့ အစ္စရေးရဲ့ လျှို့ဝှက်စစ်ဆင်ရေး စစ်သားတွေဟာ အီဘင်ဆီနာဆေးရုံအတွင်းက စင်္ကြန်လမ်းမတွေမှာ ရိုင်ဖယ်သေနတ်တွေကိုင်ဆောင်ပြီး ဖြတ်သွားတာကိုတွေ့ရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အစ္စရေးတွေဟာ ဆေးရုံထဲမှာပဲ အတင့်ရဲရဲ လူသတ်လာပြီလို့ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးစစ်တပ်ဘက်က သူတို့အနေနဲ့ အနောက်ဘက်ကမ်းက အီဘင်ဆီနာဆေးရုံမှာ ပုန်းအောင်နေတဲ့ ဟားမက်စ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အစ္စရေးက ပစ်ခတ်သတ်ဖြတ်သွားခဲ့တဲ့ ပါလက်စတိုင်း ၃ ဦးအနက်က တစ်ဦးဟာ မိမိတို့ စစ်သားတစ်ဦးဖြစ်ပြီး သူဟာ အဲဒီဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတာဖြစ်တယ်လို့ ဟားမက်စ်တွေကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အခြားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ကလည်း မိမိတို့ တပ်ဖွဲ့ဝင်နှစ်ဦး အစ္စရေးတို့လက်ချက်နဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။

စီစီတီဗီမှတ်တမ်းဗီဒီယိုမှာ လက်နက်အပြည့်အစုံကိုင်ဆောင်ထားသူတွေဟာ ဆေးရုံစင်္ကြန်လမ်းတစ်လျှောက် ပြေးလွှားနေပြီးလူတစ်ဦးကိုလည်း နံရံမှာ မျက်နာမူကာ ဒူးထောက်ထိုင်ခိုင်းထားပါတယ်။ အခန်းထဲက ပစ်သတ်ခံထားရတဲ့ပုံရိပ်တွေမှာတော့ ကုတင်ပေါ်က အပြာရောင်ခေါင်းအုံးနဲ့ အခန်းနံရံတွေမှာ သွေးတွေစွန်းထင်နေတာကိုတွေ့ရပါတယ်။ အီဘင်ဆီနာဆေးရုံရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒေါက်တာ နာဂျီနဇယ်က “ အခန်းထဲမှာ အိပ်နေတဲ့ လူ သုံးဦးကို သူတို့ ပစ်သတ်သွားခဲ့ကြတာပါ။ ဆေးကုသဆောင်အခန်းထဲကို ၀င်လာပြီး သွေးအေးအေးနဲ့ကို ပစ်သွားခဲ့တာဖြစ်ပါတယ်”လို့ ပြောပြပါတယ်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ပြဌာန်းထားတဲ့ ဂျနီဗာကွန်ဗင်းရှင်းကို လေးစားလိုက်နာတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) က အဲဒီတိုက်ခိုက်မှုအပေါ် စိုးရိမ်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသည် ၎င်း၏နျူကလီးယားလက်နက်သုံးစွဲမှုဆိုင်ရာ အယူဝါဒကို ပြန်လည်ပြင်ဆင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 6 Views
နိုဝင်ဘာလ (၂၀) ရက်။ ရုရှားသမ္မတပူတင်သည် ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက် သုံးစွဲမှုအယူဝါဒကို ၁၉ ရက်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို ရုရှားဖက်ကို ပထမဆုံးအကြိမ် ယူကရိန်း ပစ်လွှတ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 9 Views
နိုဝင်ဘာလ (၂၀) ရက်။ ယူကရိန်းသည် နယ်စပ်ဖြတ်၍ ပထမဆုံးအကြိမ် အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ရုရှားလက်နက်တိုက်တစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ပွဲအကူးအပြောင်းတွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ပညာရေးဝန်ကြီးအဖြစ် ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 6 Views
နိုဝင်ဘာလ (၂၀) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ပညာရေးဌာန၏ နောက်လာမည့်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးကောက်ပွဲအကူးအပြောင်းတွင် တွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ရွေးချယ်လိုက်ပါသည်။ အင်္ဂါနေ့ညက CNN ၏အစောပိုင်းအစီရင်ခံချက်ကို ထရန့် မှကြေငြာခဲ့သော
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၄၅ ဦးကို အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 6 Views
++++++++++++++++++ နိုဝင်ဘာလ (၂၀) ရက်။ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ဒီမိုကရေစီလိုလားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံက လွန်ခဲ့သည့်လေးနှစ်က အမျိုးသားလုံခြုံရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီး လက်တီနိုမျိုးဆက် မာကိုရူဘီယို (Marco Rubio)

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 11 Views
——————————————– ဒေါ်နယ်ထရန့်သည် အမေရိကန် အထက်လွှတ်တော်အမတ် မာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ပြောကြားထားပြီး ဖလော်ရီဒါပြည်နယ်ဖွား ရှေ့နေနိုင်ငံရေးသမားသည် အမေရိကန်၏ ထိပ်တန်းခေါင်းဆောင်အဖြစ် ပထမဆုံး လက်တင်နိုမျိုးဆက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ဇန်န၀ါရီလတွင်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ATACMS တာဝေးပစ်သည် ရုရှားနယ်မြေအတွင်း ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်လျှင်တောင် ယူကရိန်းအတွက် နောက်ကျသွားပြီလား?

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 11 Views
◇ ဤဆောင်းပါးသည် CNN မှ Nick Peyton Walsh ၏ ဆောင်းပါးဖြစ်ပါသည်။ အမေရိကန်သမ္မတဘိုင်ဒန်က အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည် ATACMS ကို ရုရှားပိုင်နက်မှာ အသုံးပြုဖို့ ယူကရိန်းကို ခွင့်ပြုလိုက်ပြီဖြစ်သည်။ (CNN) အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်သမ္မတဘိုင်ဒန်က တာဝေးပစ်လက်နက်တွေ ရုရှားပိုင်နက်မှာ ယူကရိန်းကို အသုံးပြုခွင့်ပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 9 Views
နိုဝင်ဘာလ (၁၈) ရက်။ အမေရိကန်သမ္မတဘိုင်ဒင်သည် ရုရှားပိုင်နက်တွင် အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည်ကို အသုံးပြုရန် ယူကရိန်းအား ခွင့်ပြုခဲ့သည်။ ဤကိစ္စနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိသူ အာဏာပိုင် နှစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ယူကရိန်းကို မြောက်ကိုရီးယားမှ စစ်သားများကို ရုရှားက
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဒေါ်နယ်ထရန့်ကြောင့် ယူကရိန်းစစ်ပွဲ အလျင်အမြန် ပြီးဆုံးလိမ့်မယ်လို့ ဇယ်လင်စကီးပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 17 Views
ဒေါ်နယ်ထရန့်ကြောင့် ယူကရိန်းစစ်ပွဲ အလျင်အမြန် ပြီးဆုံးလိမ့်မယ်လို့ ဇယ်လင်စကီးပြော +++++++++++++++++++ ရုရှား-ယူကရိန်းစစ်ပွဲဟာ အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရန့်လက်ထက်မှာ အလျင်အမြန်အဆုံးသတ် နိုင်ဖွယ်ရှိတယ်လို့ ယူကရိန်းသမ္မတဇယ်လင်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကာလတွေမှာ မည်သို့ မည်ပုံ ပြုလုပ်မယ်ဆိုတာ အတိအကျမပြောထားပေမယ့်