ဧပြီလ (၁)ရက်။
မနေ့က ညနေ(၅)နာရီခန့်မှာ ဖျာပုံအကျဉ်းထောင်ထဲ ပစ်ခတ်ခံကြားရပြီးနောက် ထောင်ထဲကို စစ်ကားတွေဝင်သွားခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီပစ်ခတ်ဖြိုခွင်းခံရတာတွေထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား စုစုပေါင်း (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကနဦးသတင်းတွေအရ ဆိုပါတယ်။
ဒီကနေ့ နံနက်ပိုင်းမှာလဲ အကျဉ်းသား၊ အကျဉ်းသူတွေအတွက် ပါဆယ်တွေ လက်ခံတာမရှိဘူးလို့ PPNM က စုံစမ်းသိရှိရတာကို ဖော်ပြထားပါတယ်။
အခုအချိန်အထိ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖျာပုံအကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေကို ခေါ်ယူစစ်ဆေးနေဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းအရင်းကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘဲ နောက်ဆုံးအခြေအနေတွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။