ဒီအပတ်တွေ့ ဆုံမေးမြန်းခန်းမှာတော့ ရန်ကုန်မှာ လိုင်းကားစီးသွားရင်း မိမိဖုံးထဲမှာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းနှစ်ပုဒ်ကို မဖျက်မိတာကြောင့် စစ်ဆေးတွေ့ရှိသွားပြီး ၃ နှစ်ထောင်ကျခဲ့ရတဲ့ လူငယ်တက်ကြွသူတယောက်ရဲ့ အင်းစိန်နဲ့ သာယာဝတီထောင်တွင်း အတွေ့အကြုံ ထောင်ပိုင်တွေ ထောင်အမှုထမ်းတွေ ရာဇဝတ်သားတွေက နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လို လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး နှိပ်စက်ညဉ်းပန်းနေတာတွေ ထောင်တွင်းမှာ တောနက်ကြီးဝါဒကြီးစိုးပြီး ဘယ်လောက်ခြစားနေသလဲဆိုတာတွေကိုအကျဉ်းကျခံရသူတွေကို လူတွေလို့မသတ်မှတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို တမင်သက်သက်ဖက်လိုက်နှိပ်စက်မှုတွေ ဘာသာရေး လွတ်လပ်ခွင့် မရှိတာတွေကို သူတွေ့ကြုံခဲ့တဲ့အတိုင်း ပြောပြထားတာကိုနားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။